သတင်း
ဝါဆိုလပြည့် သီလပွဲ
“ဝါဆိုလပြည့် သီလပွဲ”
ဒုတိယဝါဆိုလပြည့်နေ့ 27.7.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံစင်တာ မြေညီထပ်မှာ ကျင်းပပါတယ်။
နှစ်စဉ် ဝါဆိုလပြည့််နေ့တိုင်း သီလပွဲတရား ဟောကြားလာတာ လေးနှစ်မြောက်ရှိပါပြီ။ သစ်သီးတန်းမှ ဦးတိုးတိုး+ဒေါ်သီသီဆွေ မိသားစုတို့က သီလပွဲကုသိုလ်ရှင်အဖြစ် တာဝန်ယူထားတာပါ။
ဦးတိုးတိုး+ဒေါ်သီသီဆွေမိသားစုက သတ္တိကောင်းပါတယ်။ တရားပွဲအပိတ်ခံထားရတဲ့အချိန်မှာတောင် သီလပွဲအပျက်မခံပါဘူး။ ဒီနှစ်မှာတော့ တရားဟောခွင့်ပြန်လည်ရရှိလို့လား မသိ။ ဥပုသ်ယူ တရားနာတဲ့သူတွေ များပြားလာပါတယ်။
အရိယာဥပုသ်အကြောင်း ဟောကြားခဲ့ပါတယ်။
၁။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
သူ့အသက်ကိုသတ်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၂။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
သူ့ဥစ္စာကိုခိုးခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၃။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၄။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
လိမ်ညာစကားပြောခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၅။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
မူးယစ်သေစာအားလုံးမှ လုံးဝရှောင်ကြဉ်ရ။
၆။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
နေ့လွဲညစာစားခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၇။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
တီးမှုတ်ကခုန်ပျော်ခြင်းမှ လုံးဝရှောင်ကြဉ်ရ။
၈။ ဥပုသ်စောင့်ခြင်းဆိုသည်မှာ ရဟန္တာလိုနေခြင်းပါ။
မြင်မြတ်နေရာအားလုံးမှ လုံးဝရှောင်ကြဉ်ရ။