မန္းမေဟာ္သဓာသတင္း

မေဟာ္သဓာေလးေတြႏွင့္ အတူ

တေပါင္းလဆန္း (၈)ရက္ 22.2.2018 ရက္ေန႔ ညေနပုိင္းမွာ မန္း မေဟာ္သဓာ ေက်ာင္းေတာ္ရာသုိ႔ ေရာက္ရွိခဲ့ပါတယ္။
အစည္းအေဝးက်င္းပဖုိ႔ အလွဴေငြေပးအပ္ပြဲေတြ ဂုဏ္ျပဳလက္မွတ္ေပးအပ္ပြဲေတြ က်င္းပဖုိ႔အတြက္ ေဆာင္လုပ္ထားတဲ့ ရွင္းလင္းေဆာင္ေလးမွာ ပူေဇာ္ကုိးကြယ္မည့္ ဗုဒၶရုပ္ပြားေတာ္ကုိ ပင့္ေဆာင္ခဲ့ၾကပါတယ္။ ၄င္းေနာက္ သစ္ပင္စုိက္ဖုိ႔ ေနရာမ်ား မွတ္သားရင္း ကေလးငယ္ေလးေတြေရာက္လာလုိ႔ ကေလးငယ္ေလးေတြနဲ႔ စကားေျပာျဖစ္ပါတယ္။

ကေလးေတြကေတာ့ ဘုန္းႀကီးလာရင္ မုန္႔ဖုိးေပးတတ္တယ္ဆုိတာပဲ သိၾကတာပါ။ နေမာတႆ သရဏဂုံ ငါးပါးသီလ ေရွ႕မွတုိင္ေပးစရာမလုိပဲ ရြတ္ဆုိႏုိင္ ေဆာင္တည္ႏုိင္ၾကပါတယ္။ ဘုရား တရားကုိ အားကုိးတတ္ဖုိ႔ နေမာတႆ နာနာရြတ္ဖုိ႔၊ အိပ္ယာဝင္ အိပ္ယာထ အၿမဲဘုရားရွိခုိးဖုိ႔ တုိက္တြန္းခဲ့ပါတယ္။ ၄င္းေနာက္ ႏွစ္ေယာက္ခ်င္းဆီ ေခၚၿပီး မုန္႔ဖုိးေပးပါတယ္။
မုန္႔ဖုိးတစ္ေထာင္က်ပ္စီရလုိ႔ ေပ်ာ္ေနၾကပါတယ္။

ကေလးတစ္ေယာက္က ဖိတ္လုိက္ပါေသးတယ္ ဘုန္းဘုန္း ေနာက္တစ္ခါလာရင္လည္း ေပးဦးေနာ္တဲ့။ မေဟာ္သဓာေျမေပၚမွ မေဟာ္သဓာေလာင္းလ်ာေလးေတြကေတာ့ ခ်စ္စရာေလးေတြပါပဲ။

 

“မဟော်သဓာလေးတွေနှင့် အတူ”

တပေါင်းလဆန်း (၈)ရက် 22.2.2018 ရက်နေ့ ညနေပိုင်းမှာ မန်း မဟော်သဓာ ကျောင်းတော်ရာသို့ ရောက်ရှိခဲ့ပါတယ်။
အစည်းအဝေးကျင်းပဖို့ အလှူငွေပေးအပ်ပွဲတွေ ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲတွေ ကျင်းပဖို့အတွက် ဆောင်လုပ်ထားတဲ့ ရှင်းလင်းဆောင်လေးမှာ ပူဇော်ကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ခဲ့ကြပါတယ်။ ၎င်းနောက် သစ်ပင်စိုက်ဖို့ နေရာများ မှတ်သားရင်း ကလေးငယ်လေးတွေရောက်လာလို့ ကလေးငယ်လေးတွေနဲ့ စကားပြောဖြစ်ပါတယ်။

ကလေးတွေကတော့ ဘုန်းကြီးလာရင် မုန့်ဖိုးပေးတတ်တယ်ဆိုတာပဲ သိကြတာပါ။ နမောတဿ သရဏဂုံ ငါးပါးသီလ ရှေ့မှတိုင်ပေးစရာမလိုပဲ ရွတ်ဆိုနိုင် ဆောင်တည်နိုင်ကြပါတယ်။ ဘုရား တရားကို အားကိုးတတ်ဖို့ နမောတဿ နာနာရွတ်ဖို့၊ အိပ်ယာဝင် အိပ်ယာထ အမြဲဘုရားရှိခိုးဖို့ တိုက်တွန်းခဲ့ပါတယ်။

၎င်းနောက် နှစ်ယောက်ချင်းဆီ ခေါ်ပြီး မုန့်ဖိုးပေးပါတယ်။ မုန့်ဖိုးတစ်ထောင်ကျပ်စီရလို့ ပျော်နေကြပါတယ်။ ကလေးတစ်ယောက်က ဖိတ်လိုက်ပါသေးတယ် ဘုန်းဘုန်း နောက်တစ်ခါလာရင်လည်း ပေးဦးနော်တဲ့။ မဟော်သဓာမြေပေါ်မှ မဟော်သဓာလောင်းလျာလေးတွေကတော့ ချစ်စရာလေးတွေပါပဲ။