မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအတွက် မဟာချိုင်အလှူတော်(၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ(တာမွေ)မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါသည်။(27.10.2017)

24.10.2017 ရက်နေ့ မွန်ပြည်နယ် ဘီးလင်းမြို့(၁၆)ကြိမ်မြောက် ကျုံကမိသားစုကျေးရွာ သီတင်းကျွတ် အထူးတရားပွဲ၌ လှူဒါန်းကြသော ဓမ္မပူဇာ အလှူငွေများမှ ပြန်လည် လှူဒါန်းခြင်းဖြစ်ပါသည်။

မျိုးသားရေးဆရာတော်အရှင်ဝဏ္ဏိတသည် မန်းမဟော်သဓာ အမျိုးသားရေးအထက်တန်း ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တရားပွဲများမှ ရရှိသော ဓမ္မပူဇာများကို ဆက်လက်လှူဒါန်းသွားမှာဖြစ်ပြီး အမျိုးသားရေးဆရာတော်အရှင်ဝဏ္ဏိတဦးဆောင်ကာ ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် မဟာချိုင်မြို့ပရဟိတ အသင်းများစွာမှ အသင်းခေါင်းဆောင်နှင့် အသင်းသူ အသင်းသားများ ရွှေ့ပြောင်းမြန်မာ အလုပ်သူ အလုပ်သား (၇)ရက် သားသမီးများက မန်း မဟော်သဓာ အမျိုးသားရေး အထက်တန်းကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် သိန်းပေါင်း ထောင့်ငါးရာပြည့်သည်အထိ စုပေါင်းလှူဒါန်းသွားကြမှာဖြစ်ပါသည်။

အမျိုးသားရေးဆရာတော်အရှင်ဝဏ္ဏိတအမှူးပြုသော မဟာချိုင်မှ ကုသိုလ်ရှင်အားလုံးနှင့် အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ……………။