သတင်း

ကျောက်မျက်ရတနာ ရုပ်ပွားတော်ပန်းချီကား အလှူတော်

ဒီကနေ့ 15.11.2017 ရက်နေ့ မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄-၆၅ကြား၊ တ-၆/၉၁နေ ဦးမင်းမင်း+ဒေါ်မြသန္တာ (အိမ်ခြံမြေရောင်းဝယ်ရေး) မိသားစုက မိုးကုတ်ကျောက်မျက်ရတနာများဖြင့် စီချယ်ထားသော ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများ လာရောက်လှူဒါန်းပါတယ်။

နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်လည်း လှူဒါန်းသွားပါတယ်။ ဦးမင်းမင်းမိသားစုဟာ 4.6.2017 ရက်နေ့တုန်းကလည်း အိမ်ပင့် ဆွမ်းကပ်ဖူးပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် အလုပ်မဖြစ်တော့လို့ စီးပွားကြပ်တဲ့ပြည်သူတွေထဲမှာလည်း ဦးမင်းမင်းမိသားစု ပါပါတယ်။

ဒါကြောင့် ရည်မှန်းထားသလောက် မလှူနိုင်သေးကြောင်း လျှောက်ထားလာပါတယ်။ ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများကို ရေးဆွဲတာတောင် အချိန်တစ်လကျော် ကြာတယ်လို့ သိရပါတယ်။ တန်ဖိုးကိုတော့ မှန်းဆကြည့်လို့ရပါတယ်။ အားလုံး ရတနာအစစ်တွေပါ။ ဆွမ်းကပ်ပွဲတုန်းက သတင်းလေးပါ ပူးတွဲတင်ပြပေးလိုက်ပါတယ်။

========================================================
“မျိုးချစ်မိသားစု ဆွမ်းကပ်အလှူ”
ဒီကနေ့ နယုန်လဆန်း ၁၀ ရက်၊ 4.6.2017 မနက် 11:00 နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄-၆၅ကြား၊ တ-၆/၉၁ နေအိမ်မှာ ကျင်းပပါတယ်။
ဆွမ်းဒါယကာ ဦးမင်းစိုးထွန်း(ခ)တရုတ်ကြီးမင်းမင်း ဆွမ်းဒါယိကာမဒေါ်မြသန္တာ(အိမ်ခြံမြေရောင်းဝယ်ရေး) မိသားစု နေအိမ်မှာ ကျင်းပတာပါ။
တောင်ဆင်တဲတိုက်ဆရာတော်နှင့် ဝီရရာဇာ(ရွှေဝါရောင်) အပါအဝင် သံဃာငါးပါး ကြွရောက် ချီးမြှောက်ကြပါတယ်။
နေ့ဆွမ်းဆက်ကပ်ပြီးနောက် သီလပေး၊ ပရိတ်ကမ္မဝါရွတ်ဖတ်ကြကာ ဆွမ်းအနုမောဒနာတရားအဖြစ် စာရေးသူက နမောတဿဂုဏ်ကျေးဇူး တရားအကျဉ်း ဟောကြားပါတယ်။
ဆွမ်းဒကာဒကာမ မိသားစုက အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူများ ဖြစ်မှန်း အခုမှသိခွင့်ရခဲ့တာပါ။
စာရေးသူတို့သံဃာငါးပါးကြွလာတဲ့အခါ တရားပွဲကြီးလိုပဲ ဆုတောင်းမေတ္တာပို့သလျက် ကြိုဆိုနေကြတာပါ။
ဘေးရန်ကင်းစေဖို့ ကျန်းမာရေးကောင်းဖို့ အသက်ရှည်ဖို့ ဆုတောင်းမေတ္တာပို့သကြတဲ့အပြင် အမျိုး ဘာသာ သာသနာအကျိုးကို ဆထက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ပါစေကြောင်းပါ ထည့်သွင်းမေတ္တာပို့တာ တွေ့ရပါတယ်။
ရှားရှားပါးပါး ပရိသတ်ပါပဲ။