သတင္း

ေတာင္ႀကီးခရီးစဥ္ (၆)

22.3.2018 ရက္ေန႔၊ မနက္ပိုင္း ေနာင္တရားၿမဳိ႕နယ္၊ တီက်စ္ရြာႀကီးမွ ဆက္လက္ထြက္ခြာခဲ့ပါတယ္။ မနက္(၁၀း၀၀)နာရီေက်ာ္မွာ မိုးၿဗဲၿမဳိ႕၊ စည္ကားရပ္ကြက္၊ သာသနာလကၤရေက်ာင္းမွာ ခဏနားပါတယ္။

ေက်ာင္းထုိင္ဆရာေတာ္ ဦးစႏၵိမာအား စာေစာင္ႏွင့္ ေရဒီယိုစတစ္မ်ားလွဴဒါန္းကာ ေန႔ဆြမ္းစားဖို႔ ထြက္ခြာလာခဲ့ပါတယ္။ မိုးၿဗဲၿမဳိ႕၊ ကြက္သစ္ရပ္ကြက္၊ ဦးေက်ာ္စိုးဝင္+ေဒၚခင္ေလးႏြယ္ မိသားစုအိမ္မွာ ေန႔ဆြမ္းစားပါတယ္။

ေဒသခံဆရာေတာ္ သံဃာေတာ္မ်ား ၾကြေရာက္အားေပးၾကပါတယ္။ ဆြမ္းစားအၿပီးမွာ ဆရာေတာ္သံဃာေတာ္မ်ားက အိမ္အေပၚထပ္မွာ ပရိတ္တရားခ်ီးျမႇင့္ၿပီး စာေရးသူက မ႑ပ္ထဲမွာ တရားေဟာၾကားပါတယ္။

အင္မတန္ေခါင္တဲ့ေနရာမ်ားမွာ ေနၾကရတဲ့ ျပည္သူေတြျဖစ္လို႔ နေမာတႆတရား ေဟာၾကားခဲ့ပါတယ္။ နေမာတႆ ဘုရားဂုဏ္ေတာ္ပြားမ်ားပံုကို လက္ေတြ႔ထုိင္ခုိင္းကာ ပြားမ်ားခိုင္းပါတယ္။

နေမာတႆ ပြားမ်ားပါ၊ ေဘးရန္ကင္းလို႔ ခ်မ္းသာမွာ။ ေဘးကင္းလံုၿခဳံ ျပည့္စံုေရး၊ နေမာတႆ ရြတ္ပြားေပး။

 

“တောင်ကြီးခရီးစဉ် (၆)”

22.3.2018 ရက်နေ့၊ မနက်ပိုင်း နောင်တရားမြို့နယ်၊ တီကျစ်ရွာကြီးမှ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မနက်(၁၀း၀၀)နာရီကျော်မှာ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်၊ သာသနာလင်္ကရကျောင်းမှာ ခဏနားပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာအား စာစောင်နှင့် ရေဒီယိုစတစ်များလှူဒါန်းကာ နေ့ဆွမ်းစားဖို့ ထွက်ခွာလာခဲ့ပါတယ်။

မိုးဗြဲမြို့၊ ကွက်သစ်ရပ်ကွက်၊ ဦးကျော်စိုးဝင်+ဒေါ်ခင်လေးနွယ် မိသားစုအိမ်မှာ နေ့ဆွမ်းစားပါတယ်။ ဒေသခံဆရာတော် သံဃာတော်များ ကြွရောက်အားပေးကြပါတယ်။

ဆွမ်းစားအပြီးမှာ ဆရာတော်သံဃာတော်များက အိမ်အပေါ်ထပ်မှာ ပရိတ်တရားချီးမြှင့်ပြီး စာရေးသူက မဏ္ဍပ်ထဲမှာ တရားဟောကြားပါတယ်။ အင်မတန်ခေါင်တဲ့နေရာများမှာ နေကြရတဲ့ ပြည်သူတွေဖြစ်လို့ နမောတဿတရား ဟောကြားခဲ့ပါတယ်။ နမောတဿ ဘုရားဂုဏ်တော်ပွားများပုံကို လက်တွေ့ထိုင်ခိုင်းကာ ပွားများခိုင်းပါတယ်။

နမောတဿ ပွားများပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။ ဘေးကင်းလုံခြုံ ပြည့်စုံရေး၊ နမောတဿ ရွတ်ပွားပေး။