သတင်း
“တပည့် ရှင်တေဇောဘာသ ရဟန်းခံပွဲ”
10.4.2018 ရက်နေ့၊ မနက်(ရး၃၀)နာရီ၊ သိမ်ဝင်ပါတယ်။ ရဟန်းဒကာ ရဟန်းဒကာမ မိသားစုများထဲက နှစ်ဦး ဒုလ္လဘရဟန်းခံပါတယ်။ ရဟန်းလောင်းသုံးပါး စုပေါင်းရဟန်းခံပွဲပါ။
မစိုးရိမ်တိုက်သစ်၊မဟာနာယကဆရာတော်များဖြစ်တဲ့ ဓမ္မသမိဒ္ဓိဆရာတော်၊ ဓမ္မာဓိပတိဆရာတော်နှင့် နာယကဆရာတော်များ၊ ရှင်တေဇောဘာသ၏ ငယ်ဆရာတော်များ ကြွရောက်ကြပါတယ်။
ဓမ္မသမိဒ္ဓိကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက ဥပ္ပဇ္ဈာယ်ဆရာတော်အဖြစ်ဆောင်ရွက်ပြီး
ဓမ္မသုဝဏ္ဏမေတ္တာကျောင်းနာယကဆရာတော် ဘဒ္ဒန္တကဝိန္ဒာဘိဝံသက အနုသာသကဆရာတော်အဖြစ် ဆောင်ရွက်ပါတယ်။
သိမ်ဆင်းလောင်းအပြီးမှာ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်က တရားဟော ရေစက်ချ ပြုလုပ်အပြီး သံဃာတော်များအား နေ့ဆွမ်းကပ်ပါတယ်။
နေ့ဆွမ်းကပ်ပြီးတဲ့အခါ စာရေးသူထံမှာ သြဝါဒခံယူကြပါတယ်။ ရဟန်းဒကာ ဒကာမများက ကိုဖိုးမောင်+မသူဇာ ဆွမ်းဒကာ ဒကာမများဖြစ်ကြပါတယ်။
တပည့် ရှင်တေဇောဘာသက ပထမကြီးတန်း ရောက်ပါပြီ။ ပထမကြီးတန်း တပည့်တစ်ပါး၏ ရဟန်းခံပွဲဖြစ်ပါတယ်။