သတင္း

ရွင္ျပဳအလွဴ အႏုေမာဒနာတရားေတာ္

ကဆုန္လျပည့္ေက်ာ္(၁၄)ရက္၊ (13.5.2018)ရက္ေန႔၊ မြန္းတည့္(၁၂း၀၀)နာရီ၊ မႏၲေလးၿမဳိ႕၊ ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ သစ္ဆိမ့္တုိက္၊ ရတနာသိဃၤေက်ာင္းမွာ က်င္းပပါတယ္။

အလွဴဒါယကာ ဦးျမင့္ေအာင္+အလွဴဒါယိကာမ ေဒၚညြန္႔ညြန္႔ခုိင္ မိသားစုတုိ႔ရဲ႕ ရွင္ျပဳအလွဴေလးပါ။ ေန႔ဆြမ္းဆက္ကပ္အၿပီးမွာ ေရစက္ခ်တရား နာယူၾကတာပါ။

ေက်ာင္းထုိင္ဆရာေတာ္ အရွင္ဝါသဝ(မန္း မဘသ)ႏွင့္ ပင့္သံဃာသုံးပါးတုိ႔ ၾကြေရာက္ၾကပါတယ္။ ပရိတ္တရားေဟာၾကားအၿပီးမွာ စာေရးသူက အႏုေမာဒနာတရားေဟာၾကားပါတယ္။

ဒါနႏွင့္ပတ္သက္တဲ့ တရားအတိုေလးပါ။ သုမနသုတၱန္ ျဖစ္ပါတယ္။ လူခ်င္းတူေပမဲ့ အသက္ရွဴခ်င္း ကြဲျပားသလိုပါပဲ လူ႔ဘဝေရာက္တာခ်င္းအတူတူ လွဴခဲ့သူက မလွဴခဲ့သူအေပၚ လူ႔စည္းစိမ္မ်ားျဖင့္ လႊမ္းမုိးႏိုင္ပုံ၊ နတ္ခ်င္းအတူတူ လွဴခဲ့သူက မလွဴခဲ့သူအေပၚ နတ္စည္းစိမ္မ်ားျဖင့္ လႊမ္းမိုးႏိုင္ပံု၊ ရဟန္းခ်င္းအတူတူ လွဴတဲ့သူက မလွဴတဲ့သူအေပၚ ပစၥည္းေလးပါးျဖင့္ လႊမ္းမိုးႏိုင္ပုံတုိ႔ကို ေဟာၾကားခဲ့ပါတယ္။

သက္ရွည္ ဆင္းလွ၊ ခ်မ္းသာရ ယသေျခြရံပြား။

ဣေျႏၵငါးျဖာ စိုးရပါ ဒါနေက်းဇူးတရား။

လူခ်င္းတူလ်က္ လူထက္ျမတ္ ေကာင္းက်ဳိးဆင့္ဆင့္ပြား။

သက္ရွည္ ဆင္းလွ၊ ခ်မ္းသာရ ယသေျခြရံပြား။

ဣေျႏၵငါးျဖာ စိုးရပါ ဒါနေက်းဇူးတရား။

နတ္ခ်င္းတူလ်က္ နတ္ထက္ျမတ္ ေကာင္းက်ဳိးဆင့္ဆင့္ပြား။

ပစၥည္းေလးျဖာ ေပါၾကြယ္ဝလ်က္ ျမတ္ႏိုးပူေဇာ္ခံရတယ္။

ရဟန္းခ်င္းတူလ်က္ ရဟန္းထက္ျမတ္ ေကာင္းက်ဳိးဆင့္ဆင့္ၾကြယ္။

 

“ရှင်ပြုအလှူ အနုမောဒနာတရားတော်”

ကဆုန်လပြည့်ကျော်(၁၄)ရက်၊ (13.5.2018)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သစ်ဆိမ့်တိုက်၊ ရတနာသိင်္ဃကျောင်းမှာ ကျင်းပပါတယ်။

အလှူဒါယကာ ဦးမြင့်အောင်+အလှူဒါယိကာမ ဒေါ်ညွန့်ညွန့်ခိုင် မိသားစုတို့ရဲ့ ရှင်ပြုအလှူလေးပါ။ နေ့ဆွမ်းဆက်ကပ်အပြီးမှာ ရေစက်ချတရား နာယူကြတာပါ။

ကျောင်းထိုင်ဆရာတော် အရှင်ဝါသဝ(မန်း မဘသ)နှင့် ပင့်သံဃာသုံးပါးတို့ ကြွရောက်ကြပါတယ်။ ပရိတ်တရားဟောကြားအပြီးမှာ စာရေးသူက အနုမောဒနာတရားဟောကြားပါတယ်။

ဒါနနှင့်ပတ်သက်တဲ့ တရားအတိုလေးပါ။ သုမနသုတ္တန် ဖြစ်ပါတယ်။ လူချင်းတူပေမဲ့ အသက်ရှူချင်း ကွဲပြားသလိုပါပဲ လူ့ဘဝရောက်တာချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် လူ့စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ နတ်ချင်းအတူတူ လှူခဲ့သူက မလှူခဲ့သူအပေါ် နတ်စည်းစိမ်များဖြင့် လွှမ်းမိုးနိုင်ပုံ၊ ရဟန်းချင်းအတူတူ လှူတဲ့သူက မလှူတဲ့သူအပေါ် ပစ္စည်းလေးပါးဖြင့် လွှမ်းမိုးနိုင်ပုံတို့ကို ဟောကြားခဲ့ပါတယ်။

သက်ရှည် ဆင်းလှ၊ ချမ်းသာရ ယသခြွေရံပွား။
ဣန္ဒြေငါးဖြာ စိုးရပါ ဒါနကျေးဇူးတရား။
လူချင်းတူလျက် လူထက်မြတ် ကောင်းကျိုးဆင့်ဆင့်ပွား။

သက်ရှည် ဆင်းလှ၊ ချမ်းသာရ ယသခြွေရံပွား။
ဣန္ဒြေငါးဖြာ စိုးရပါ ဒါနကျေးဇူးတရား။
နတ်ချင်းတူလျက် နတ်ထက်မြတ် ကောင်းကျိုးဆင့်ဆင့်ပွား။

ပစ္စည်းလေးဖြာ ပေါကြွယ်ဝလျက် မြတ်နိုးပူဇော်ခံရတယ်။
ရဟန်းချင်းတူလျက် ရဟန်းထက်မြတ် ကောင်းကျိုးဆင့်ဆင့်ကြွယ်။