သတင်း

သဟာယကျောင်း အရုံဆွမ်းအလှူ

တော်သလင်းလပြည့်ကျော် (၂)ရက် 7.9.2017 ရက်နေ့ မနက် 6:00 နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။

စာသင်သံဃာတော်များအား မုန့်ဟင်းခါးဆွမ်းကပ်လှူတာပါ။ အလှူဒကာ/ဒကာမများကတော့ မန္တလေးမြို့ ၈၅ လမ်း ၃၃×၃၄ လမ်းကြား အကွက် ၅၆ဆ အောင်နန်းနောက်ရပ်ကွက်နေ ဦးဆန်းဝင်း+ဒေါ်မော်မော် မိသားစုဖြစ်ပါတယ်။

သမီးလေး မြူနှင်းသန့်(ခ)ပိုးပိုး (၁၁)နှစ်ပြည့် မွေးနေ့ကုသိုလ်ဖြစ်ပါတယ်။ ဦးဆန်းဝင်း+ဒေါ်မော်မော်ဆိုတာ စာရေးသူရဲ့ ပါရမီဖြည့်ဖက် မိသားစုပါ။ တရားစာအုပ်များ တရားVCD များ ကုသိုလ်ဖြစ် ဖြန့်ချီပေးနေတဲ့ မိသားစုပဲဖြစ်ပါတယ်။