သတင်း

‘မုဒိတာရပ်ဝန်း’

‘မုဒိတာရပ်ဝန်း’
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူ၏ ပညာဒါန၊ ပရဟိတနှင့် သာသနာရေးဆိုင်ရာ ပါရမီလုပ်ငန်းများအတွက် နဝကမ္မအလှူငွေ ၃သိန်းကျပ် လှူဒါန်းပါသည်။

အလှူရှင်များကား ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ၊ ဆည်ခေါင်းရွာ၊ ဦးကျော်ဦး+ဒေါ်အိရွှေဇင် မိသားစုတို့ ဖြစ်ပါသည်။

ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော မင်းကွန်း၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း၌ 30.10.2022ရက်နေ့က နေ့ဆွမ်း ဆက်ကပ်ပြီး နဝကမ္မအလှူငွေပါ လှူဒါန်းသွားခြင်း ဖြစ်ပါသည်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၌ သံဃာတော်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ -၃၅၀ကျော်ရှိရာ တစ်ရပ်လျှင် သုံးနပ်(ဆန်သုံးအိတ်) ဆက်ကပ်ကျွေးမွေးပြီး ကျောင်းစာ၊ ဓမ္မစကူးလ်၊ အင်္ဂလိပ်စကားပြောများပါ ပူးတွဲသင်ကြားပေးလျက် ရှိပါသည်။

ဆွမ်းအလှူရှင်၊ နဝကမ္မအလှူရှင် ဦးကျော်ဦး+ဒေါ်အိရွှေဇင် မိသားစုနှင့်အတူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ပညာပါရမီပြည့်ဝကာ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်……ဝ်။