မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ရွှေအိမ် မိသားစု၏ တတိယအကြိမ် ထာဝရပဒေသာပင် အလှူတော်

ရွှေအိမ် မိသားစု၏ တတိယအကြိမ် ထာဝရပဒေသာပင် အလှူတော်

       မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်း၊ပညာရေးပဒေသာပင်အဖြစ်

ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ် မိသားစု၊ နေပြည်တော်က အလှူငွေ

၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်း) လှူဒါန်းပါသည်။

ယ္ခုလှူဒါန်းမှုသည် တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်၌ ၇၅၀၀၀၀(ခုနှစ်သိန်းခွဲစီ) လှူဒါန်းခဲ့ပါသည်။

        ယ္ခု တတိယအကြိမ် လှူဒါန်းမှုမှစပြီး လစဉ် ပညာရေးပဒေသာပင်အဖြစ် ၁၅သိန်းကျပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

        မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၌ ဆရာတော်သံဃာတော်များ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ

၃၅၀ ကျော်ရှိရာ ၀န်ထမ်းလစာအဖြစ် သိန်း၃၀ကျော် လစဉ်လှူဒါန်းလျက်ရှိပါသည်။

        ထာဝရပညာရေးပဒေသာပင် စိုက်ထူလှူဒါန်းသော ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ် (မိသား)စုနှင့်အတူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပါရမီပြည့်ဝကာ

နိဗ္ဗာန် မဂ် ဖိုလ်ကို ဘ၀တိုတိုဖြင့် ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင်ကြပါစေသော်—–၀်

ဆက်သွယ်ရန်
တာဝန်ခံဆရာတော်    09-445580969
အက်ဒမင်ဆရာတော်  09-697866969