မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

“ရွှေအိမ်မိသားစု၏ စတုတ္ထအကြိမ် ထာဝရပဒေသာပင် အလှူတော်”

“ရွှေအိမ်မိသားစု၏ စတုတ္ထအကြိမ် ထာဝရပဒေသာပင် အလှူတော်”
မင်းကွန်း၊ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း၊ ပညာရေးပဒေသာပင်အဖြစ်
ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ်မိသားစု၊ နေပြည်တော်က အလှူငွေ
၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်း) လှူဒါန်းပါသည်။
ယခု လှူဒါန်းမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်တို့၌ ၇၅၀၀၀၀ကျပ်စီ၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်တို့၌ ၁၅၀၀၀၀၀ိ/ကျပ်စီ လှူဒါန်းခြင်း ဖြစ်ပါသည်။

ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ လေးလအတွက် လေးကြိမ်စုစုပေါင်း လှူဒါန်းငွေမှာ ၄,၅၀၀,၀၀၀(၄၅သိန်း)ကျပ်ရှိပြီ ဖြစ်ပါသည်။
မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်းတော်ကြီး၌ ဆရာတော်သံဃာတော်များ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသူ ကျောင်းသား ၃၅၀ ကျော်ရှိရာ ဝန်တမ်းလစာအဖြစ် သိန်း၃၀ကျော် လစဉ်လှူဒါန်းလျက်ရှိပါသည်။
ထာဝရပညာရေးပဒေသာပင် စိုက်ထူလှူဒါန်းသော ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ် (မိသား)စုနှင့်အတူ ပရိတ်သတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပါရမီပြည့်ဝကာ မက်ဖိုလ်ကို ဘဝတိုတိုဖြင့် ရလွယ်ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင်ကြပါစေသော်—–ဝ်။


ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969