“အောင်ပွဲရုံ၏ အလှူတော်”

မင်းကွန်းဒေသရှိ၊ ပုထိုးတော်ကြီး၊ ဓမ္မာစေတီပညာလေးအကယ်မီအတွက် မန္တလေးမြို့၊ အောင်ပွဲရုံမှ ဟင်းသီးဟင်းရွက်များ ဟိုက်ဂျက်ကား တစ်စီးစာ လှူဒါန်းပါတယ်။

ခရမ်းသီး (၅)အိတ်၊ မုန်းညှင်းဖြူ (၆)အိတ်၊ မုန်ညှင်းရိုးရိုး (၂)အိတ် စုစုပေါင်း (၁၃)အိတ် ဖြစ်ပါတယ်။

မန္တလေးမြို့၊ “အောင်” ကုန်စိမ်းပွဲရုံဟာ မန္တလေးနှင့် စစ်ကိုင်းမြို့တွေမှာရှိတဲ့ ပညာဒါန
ပရဟိတ ဘ/ကကျောင်းတွေကို ကုန်စိမ်းများ အမြဲမပြတ် လှူလေ့ရှိပါတယ်။

သံဃာတော်များဖွင့်လှစ်တဲ့ ဘ/က ပညာရေးကျောင်းများအားလှူသလို သီလရှင်ဆရာလေး
ဖွင့်လှစ်တဲ့ ဘ/ကပညာရေးကျောင်းများကိုလည်း လှူဒါန်းလေ့ရှိပါတယ်။

မင်းကွန်းဒေသရှိ၊ ပုထိုးတော်ကြီး၊ ဓမ္မာစေတီပညာလေးအကယ်မီအတွက်လည်း တစ်လလျှင် သုံးကြိမ်မှ လေးကြိမ် ငါးကြိမ်အထိ လှူဒါန်းတတ်ပြီး တစ်ခါလှူလျှင် ကားတစ်စီးစာ လှူလေ့ရှိပါတယ်။

မင်းကွန်းဒေသရှိ၊ ပုထိုးတော်ကြီး၊ ဓမ္မာစေတီပညာလေးအကယ်မီကျောင်းမှာ ကျောင်းသူ/သား သုံးရာကျော်ရှိပြီး ဆရာ/မများ၊ သံဃာတော်များနှင့်ဆိုလျှင် ၃၅၀ကျော်ရှိပါတယ်။

တစ်နေ့လျှင် သုံးနပ်စာအတွက် ဆန်အိတ် သုံးအိတ်ကုန်ကျလျက်ရှိပြီး ဆန်နှင့်ဆီများလည်း လိုအပ်လျက် ရှိပါတယ်။

အလှူရှင် “အောင်”ပွဲရုံ မိသားစုနှင့်အတူ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုကြတဲ့ ပရိသတ် အားလုံး ပညာပြည့်ဝနှလုံးလှလျက် ကိစ္စအသီးသီး လိုရာပြီးစီးနိုင်ကြပါစေသော်……….ဝ်။