“သဟာယ အရုဏ်ဆွမ်း အလှူတော်”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ စာချ၊ စာသင် သံဃာတော်များအား နတ်တော်လပြည့် (7.12.2022)ရက်နေ့၌ အရုဏ်ဆွမ်း ဆက်ကပ် ပါတယ်။

ရှမ်းခေါက်ဆွဲ ကပ်လှူခြင်းဖြစ်ပြီး အလှူရှင်များက ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ မော်မော်ရွှေဆိုင်မှ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော်တို့ မိသားစု ဖြစ်ပါတယ်။

ဒေါ်တင်တင်မော်၏ ၄၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကပ်လှူတာဖြစ်ပြီး၊ ဆရာတော် ဦးဝီရသူ၏ နဝကမ္မ(လိုရာသုံး)အဖြစ် အလှူငွေ သိန်းနှစ်ဆယ်ကျပ်လည်း လှူဒါန်းပါတယ်။

ဒါ့အပြင် စစ်ကိုင်း သကျဓိတာ သီလရှင်စာသင်တိုက်နှင့် မန္တလေး၊ ဓမ္မဓရဝါဆိုကျောင်းတို့၌ လည်း အရုဏ်ဆွမ်းများ ဆက်ကပ်ခဲ့ကြပါတယ်။

အလှူရှင် ဦးရန်ကြီးအောင်+ဒေါ်မော်မော် မိသားစုနှင့်အတူ အနုမောဒနာပြုကြတဲ့ ပရိသတ် အားလုံး သက်ရှည်ဆင်းလှ ချမ်းသာရ ဗလဉာဏ်ပညာဆိုတဲ့ ဆွမ်းအကျိုးငါးပါး ပြည့်စုံကြပြီး လောက အကျိုး သာသနာ့အကျိုး သယ်ပိုးနိုင်ကြပါစေသော်………ဝ်။