Daily Archives: September 7, 2017

သတင်း

သဟာယကျောင်း အရုံဆွမ်းအလှူ

တော်သလင်းလပြည့်ကျော် (၂)ရက် 7.9.2017 ရက်နေ့ မနက် 6:00 နာရီ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ စာသင်သံဃာတော်များအား မုန့်ဟင်းခါးဆွမ်းကပ်လှူတာပါ။ အလှူဒကာ/ဒကာမများကတော့ မန္တလေးမြို့ ၈၅ လမ်း ၃၃×၃၄ လမ်းကြား အကွက် ၅၆ဆ အောင်နန်းနောက်ရပ်ကွက်နေ ဦးဆန်းဝင်း+ဒေါ်မော်မော် မိသားစုဖြစ်ပါတယ်။ သမီးလေး မြူနှင်းသန့်(ခ)ပိုးပိုး (၁၁)နှစ်ပြည့် မွေးနေ့ကုသိုလ်ဖြစ်ပါတယ်။ ဦးဆန်းဝင်း+ဒေါ်မော်မော်ဆိုတာ စာရေးသူရဲ့ ပါရမီဖြည့်ဖက် မိသားစုပါ။ တရားစာအုပ်များ တရားVCD များ ကုသိုလ်ဖြစ် ဖြန့်ချီပေးနေတဲ့ မိသားစုပဲဖြစ်ပါတယ်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ ယွန်းဝတီရွှေဆိုင်ဝန်ထမ်းများဖြစ်ကြ သည့် မလုလုဆိုင်မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း)ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (4.9.2017) အရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၁၂)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် မန္တလေးမြို့၊ စိန်ပန်း ၊ သဗြူးရပ်နေ ကိုလင်းထက်ဦး+မနှင်းနှင်းထွေး (သမီး)အိမ့်ကြာဖြူ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (6.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်း

“အကြမ်းဖက်သမားကို ထောက်ခံသူဟာလည်း အကြမ်းဖက်သမားပဲ(၂)” ဝီရသူ(မစိုးရိမ်)

“အကြမ်းဖက်သမားကို ထောက်ခံသူဟာလည်း အကြမ်းဖက်သမားပဲ(၂)” ဝီရသူ(မစိုးရိမ်)    
သတင်း

သွေးစွန်းသော ဘာသာတရား(၄)

မတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါတုန်းက ကောသလမင်းကြီးကိုအကြောင်းပြု၍ ဟောကြားထားသော တရားတစ်ပုဒ်အမည်မှာ ယညသုတ္တန်ဖြစ်ပါသည်။ တစ်ညသောအခါ ကောသလမင်းကြီး အသံဆိုးကြီးလေးမျိုး ကြားလိုက်ရပါသည်။ ထိုအသံဆိုးကြီးလေးမျိုးကား ဒု……..၊ သ………၊ န……….၊ သော………. ဟူ၍ဖြစ်၏။ ထိုအသံဆိုးကြီးလေးမျိုးကို ကြားလိုက်ရသည့်အချိန်မှစ၍ လုံးဝအိပ်မပျော်တော့ပါ။ မင်းတစ်ပါးတည်းခြောက်ခြားကာ သက်သာရာသက်သာကြောင်း ကြံစည်နေပါတော့သည်။ မနက်ရောက်သည့်အခါ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများ ရောက်ရှိလာကာ ကောသလမင်းကို အညှာကိုင်လိုက် ပါတော့သည်။ အသက်အန္တရာယ်ရှိသည် ထီးနန်းစည်းစိမ်အန္တရာယ်ရှိသည်၊ မိုးခေါင်ရေရှားဖြစ်တတ်သည် စသည်ဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်လန့်မှုများ ပြုလုပ်ကြပါတော့သည်။ ထိုသို့ပြုလုပ်ပြီးသောအခါ သဗ္ဗပဉ္စသတယဇ်ပူဇော်မှ အဆိုပါဘေးများ ကင်းဝေးမည်ဟု ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၁၁)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် ၁။ မစိုးရိမ်တိုက်သစ်၊ ဓမ္မာဓိပတိကျောင်း ကျမ်းပြီး၊ စာသင်၊ ငယ် လတ် ကြီး စာသင်သား သံဃာတော်များမှ အလှူငွေ ၁၅၅၀၀၀ိ(တစ်သိန်းငါးသောင်းငါးထောင်)ကျပ်(5.9.2017) ၂။ ကထိန်တော်ဓမ္မာစရိယစာသင်တိုက် အရှေ့ခင်မကန်တိုက် ကထိန်တော်ကျောင်း သံဃာတော်များမှ အလှူငွေ ၁၃၈၀၀၀(တစ်သိန်းသုံးသောင်းရှစ်ထောင်)ကျပ်(5.9.2017) ၃။ မန္တလေး၊ စိန်ပန်းရပ်ကွက် ဦးကိုကိုဝင်း+ဒေါ်သူသူဌေး (သား)သုနှိုင်းထက်၊ ရဲဝံ့ထက် (ဆာမူရိုင်း)အထည်ဆိုင် မိသားစုမှ ဘီစကစ် ၁၀၅ ထုပ် လှူဒါန်းပါသည်။(5.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်းအင်တာဗျူး

မဘသရဲ့ ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတယ်(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) အောင်ဇေယျတုရဲ့ နောက်ဆုံးနေ့ရက်တွေဟာ နီးကပ်လာပါပြီ။ ဒီမိုကရေစီခေတ်ထဲမှာ ပထမဆုံး ပိတ်သိမ်းခံရတဲ့ ဂျာနယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားရေးအသံတွေကို ကျယ်ကျယ်လောင်လောင် ဖော်ပြနိုင်ခဲ့တဲ့အောင်ဇေယျတုဟာ ပုံစံတမျိုးနဲ့ ပြည်သူတွေဆီကို ပြန်ရောက်လာမှာပါ။ အခုလက်ရှိအချိန်၊ ဂျာနယ်နောက်ဆုံးနေ့တွေမှာတော့ အပတ်စဉ်တင်ဆက်နေကြ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်အင်တာဗျူးများကို ၀တ်မပျက် တင်ဆက်ပေးလိုက်ပါတယ်။ မေး – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ အရှင်ဘုရား ပါဝင်ဟောပြောတာကိုတွေ့ပါတယ်ဘုရား။ ဆန္ဒပြပွဲတွေလုပ်တယ်ဆိုတော့ အစိုးရက လူထုရဲ့အသံကို ဘယ်လောက်ထိ အားစိုက်နားထောင်မယ်လို့ အရှင်ဘုရားတို့ ယုံကြည်ပါသလဲဘုရား။ ဖြေ – အစိုးရ ...