သတင်း






 

“ငပလီမြို့ ကျောင်းရေစက်ချပွဲ(၄)”

5.5.2018 ရက်နေ့၊ မနက်ပိုင်းမှာ မြပြင်ရွာ မဟာဗောဓိရုက္ခပေါ်တော်မူဘုရားမှ ဂျိတ်တောရပ်ကွက် ပုလဲရတနာစာသင်တိုက်သို့ ရောက်ရှိပါတယ်။

ပင်မသာသနာ့ဗျူဟာကျောင်းဆောင် အပေါ်ထပ်မှာ အခမ်းအနားကျင်းပပါတယ်။ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ပူဇော်ပွဲအခမ်းအနားပါ။

ပုသိမ်ဆရာတော်ကြီးက ဒီနှစ်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရရှိတာပါ။ ရခိုင်ပြည်မှာ ပထမဦးဆုံး အဘိဓဇမဟာရဋ္ဌဂုရ ရရှိတဲ့ဆရတော်ကြီးဖြစ်လို့ အာဒိကမ္မိက အဘိဓဇမဟာရဋ္ဌဂုရု ပူဇော်ပွဲကျင်းပတာဖြစ်ပါတယ်။

ဦးဆောင်ကျင်းပသူကတော့ ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဒာစာရပဲ ဖြစ်ပါတယ်။ ပုသိမ်ဆရာတော်ကြီးက သြဝါဒမိန့်ကြားသလို ပုလဲဆရာတော်ကလည်း ပူဇော်ပွဲကျင်းပရခြင်းအကြောင်းကို လျှောက်ထားပါတယ်။ အဲဒီနောက်တော့ စာရေးသူလည်း ညီတော်မောင်များနှင့်အတူ နေ့ဆွမ်းစားပြီး တည်းခိုဆောင်သို့ ထွက်လာခဲ့ပါတယ်။