သတင်း

တောင်ကြီးခရီးစဉ်(၅)




“ကာကွယ်ရေးဗျာဟာ (၅)ပါး”
ဝါစာနဲ့လည်း ကာကွယ်ပါ။
ပညာနဲ့လည်း ကာကွယ်ပါ။
အာဏာနဲ့လည်း ကာကွယ်ပါ။

 

 

“တောင်ကြီးခရီးစဉ်(၅)”

22.3.2018 ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ရွာမှာ မနက် အရုဏ်ဆွမ်းစားပါတယ်။ တီကျစ်ဆရာတော်ကြီး ဖူးမြော်ကန်တော့ပြီး တီကျစ်ရွာသူရွာသားတွေကပ်လှူတဲ့ အရုဏ်ဆွမ်းကို ညီတော်မောင်များနှင့်အတူ စားကြတာပါ။

ပအိုဝ့်ဝီရသူတို့နာမည်ကြီးတဲ့ ဆရာတော်လေးတစ်ပါးလည်း ရောက်ရှိလာပါတယ်။ သူတို့ကတော့ ဖယ်ခုံမြို့ အနောက်ကယန်းဒေသ တရားပွဲအတွက် လာရောက်ပင့်ဆောင်ကြတာပါ။

တီကျစ်ရွာအရုဏ်ဆွမ်းအပြီးမှာ မန်း မဟော်သဓာအတွက် အလှူငွေတွေ လှူဒါန်းကြပါတယ်။ တီကျစ်ဆရာတော်ကြီးက သြဝါဒပေးဖို့ တိုက်တွန်းတာကြောင့် ကာကွယ်ရေးဗျူဟာ ငါးပါးတရား ဟောကြားခဲ့ပါတယ်။ တီကျစ်ရွာသူရွာသားတွေကတော့ အမျိုးသားရေးသမားတွေဖြစ်လေတော့ အမြဲတမ်းတက်ကြွလို့နေတော့တာပါပဲ။

“ကာကွယ်ရေးဗျာဟာ (၅)ပါး”
ဝါစာနဲ့လည်း ကာကွယ်ပါ။
အသပြာနဲ့လည်း ကာကွယ်ပါ။
ပညာနဲ့လည်း ကာကွယ်ပါ။
အာဏာနဲ့လည်း ကာကွယ်ပါ။
ခန္ဓာနဲ့လည်း ကာကွယ်ပါ။