သတင်း
“လားရှိုးခရီးစဉ်(၃)/ ၂၀၁၈ ဒသမဓမ္မသဘင်”
6.4.2018 ရက်နေ့၊ ည(၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မဟာမြတ်မုနိမြတ်စွာဘုရားရင်ပြင်တော်မှာကျင်းပပါတယ်။ လားရှိုးမြို့၊ အမျိုးသားရေးအင်အားစုများအဖွဲ့က ဦးစီးကျင်းပတာပါ။ အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။
တရားဟောအပြီးမှာ ဓမ္မပူဇာအလှူငွေများ ဆက်ကပ်လှူဒါန်းပါတယ်။ အလှူရှင်တစ်ဦးချင်းအလိုက် အမည်ခေါ်ပြီး အလှူငွေပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းများ ပြုလုပ်ကြရာ လားရှိုးမြို့သူမြို့သား ပရိသတ်များ သာဓုခေါ်ကြပါတယ်။
အလှူရှင်ဦးရေက များသော်လည်း လားရှိုးမြို့သူမြို့သားများက သာဓုမြိုင်မြိုင်ခေါ်ကာ ဝမ်းသာအားရ အားပေးကြပါတယ်။
“အမျိုးသားရေးတရားတော်”
၁။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကို မြှင့်တင်တာ။
၂။ အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကို ထိန်းသိမ်းတာ။
၃။ အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။
၄။ အမျိုးသားရေးဆိုသည်မှာ တရားထိုင်တာ စာကျက်တာ။
၅။ အမျိုးသားရေးဆိုသည်မှာ ပရဟိတဆောင်ရွက်တာ။
၆။ အမျိုးသားရေးဆိုသည်မှာ ကုသိုလ်တရား ဆည်းပူးတာ။
၇။ အမျိုးသားရေးဆိုသည်မှာ ပါရမီလုပ်ငန်းပါ။
၈။ အမျိုးသားရေးဆိုသည်မှာ ဘုရားအလောင်းလမ်းစဉ်ပါ။
၉။ အမျိုးသားရေးဆိုသည်မှာ ဘုရားကိုယ်တိုင် ကျင့်သုံးတာ။