သတင်း

ယွန်းဝတီရွှေဆိုင်မိသားစု နေ့ဆွမ်းအလှူ

ပြာသိုလပြည့်နေ့ 1.1.2018 ရက်နေ့ သဟာယကျောင်းမှာ ဆွမ်းကပ်ပါတယ်။ သဟာယကျောင်း စာသင်သားများ အပါအဝင် သံဃာတော်အပါး ၆၀ကျော်ကို နေ့ဆွမ်းကပ်တာပါ။ ညီငယ်နာယကဆရာတော်လေးများလည်း လာရောက်ချီးမြှောက်ပါတယ်။

ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်အပြီးမှာ သံဃာတော်များအား နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းပါတယ်။ သံဃာတစ်ပါးလျှင် တစ်သောင်းကျပ်စီ လှူဒါန်းတာပါ။ သဟာယကျောင်းနေ ဦးပဉ္ဇင်းဦးကောဝိဒ ကလောင်အမည် မိုးတိမ်(ရွှေကာ)ဦးစီးသော သဟာယစာဖတ်ဝိုင်းက ကျင်းပသည့် ပြာသိုလပြည့် အမေနေ့ ပထမအကြိမ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပနေတာနဲ့ကြုံလို့ ငွေ နှစ်သိန်းကျပ် လှူဒါန်းသွားပါတယ်။

၎င်းနှစ်သိန်းကျပ်ကို ပ ဒု တ ဆုရသူ စာသင်သား ရဟန်းပျိုလေးများအား သုံးသောင်းကျပ်စီနှင့် ပြိုင်ပွဲဝင်စာသင်သားသံဃာများနှင့် ကျောင်းသူကျောင်းသားများအား တစ်ထောင်ကျပ်စီ လှူဒါန်းပေးလိုက်ပါတယ်။ နေ့ဆွမ်းအလှူရှင် ကဗျာပြိုင်ပွဲဆုငွေအလှူရှင် ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။