သတင်း
ပုညလာဘ ဘဝသုံးသွယ်၊
“၂၀၁၈ စတုတ္ထဓမ္မသဘင်(တောင်ကြီး-ရွှေညောင်)”
တန်ခူးလဆန်း ၅ ရက်(21.3.2018)ရက်နေ့ ည ၈း၀၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့၊ သာသနဝိပုလ(တာယော)ကျောင်း၊ ဇွဲသဒ္ဓါလူငယ်များအဖွဲ့ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတည်တံ့ခိုင်မြဲရေး ဓမ္မသဘင်။ ရွှေညောင်ဇွဲသဒ္ဓါလူငယ်များနှင့် တောင်ကြီးအမျိုးသားလုံခြုံရေးကွန်ရက် ဦးသန်းရွှေတို့အဖွဲ့ လာရောက်ပင့်ဆောင် ကြပါတယ်။
တာယောကျောင်းဆရာတော်လေး အရှင်နာရဒစိတ်ထားနှင့် ဇွဲသဒ္ဓါလူငယ်များအဖွဲ့စိတ်ဓာတ်တို့က လေးစားစရာပါ။
ဇွဲသဒ္ဓါလူငယ်များက ဖိအားအမျိုးမျိုးကြားမှ တရားပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ မဟာနေမင်းကြီး သူရပညာနန္ဒဦးဆောင်တဲ့လုံခြုံရေးအဖွဲ့များကလည်း စနစ်ကျလှပါတယ်။
ဦးဝီရသူတရားပွဲလက်ခံလို့ ဆွမ်းအငတ်ထားလည်းရတယ်။ ကျောင်းမှဆင်းပေးရလည်းရတယ်။ ကထိန်ပြန်ရုပ်သွားလည်းရတယ်ဆိုတဲ့ တာယောဆရာတော်လေးရဲ့ စိတ်ထားကို သဘောကျလို့ အဂုၤတ္တိုရ်၊ တိကနိပါတ်၊ ဝစ္ဆဂေါတ္တသုတ္တန်ဟောကြားခဲ့ပါတယ်။ ငယ်စဉ်ခုနစ်တန်းကျောင်းသားဘဝတုန်းက ကျောင်းဆရာမ ဒေါ်ဌေးဌေးသန်းလည်း တရားလာနာပါတယ်။ နှုတ်ဆက်ရုံပဲ နှုတ်ဆက်လိုက်ရပါတယ်။
“နတ်ပြည်သွားမှာ မတားပါနဲ့ တရားတော်”
ပုညလာဘ ဘဝသုံးသွယ်၊
အန္တရာယ်အမျိုးအစား တရားဟောတယ်။
အလှူရှင်အတွက်တော့ ပုညန္တရာယ်။
အလှူခံအတွက်က လာဘန္တရာယ်။
မိမိအတွက်ကျ ဘဝအန္တရာယ်
ဘယ်လူမျိုးမှ အကျိုးမရှိတယ်။
ဤသုံးပါး ရှောင်ရှားကြစေကွယ်။
သေခဲ့ရင်လည်း ငရဲကျမယ်။
တိရစ္ဆာန်ဘဝလည်း ရောက်ရဦးမယ်။
ပြိတ္တာကြီးလည်း ဖြစ်ရဦးမယ်။
ကုသိုလ်တား ဖြစ်ပွားအန္တရာယ်။