သတင်း
စော်ကားမှုက ရွံစဖွယ်။
“၂၀၁၈ တတိယဓမ္မသဘင် (တောင်ကြီး သီတဂူ)”
တန်ခူးလဆန်း(၄)ရက် 20.3.2018 ည ၈း၃၀ နာရီ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းတိုက်၊ ဝံသာနုရက္ခိတအသင်း ပဉ္စမအကြိမ် ထေရဝါဒဗုဒ္ဓသာသနာတည်တံ့ခိုင်မြဲရေး အထူးတရားပွဲကြီး။
ဝံသာနုရက္ခိတခေါင်းဆောင် ဦးထွန်းတင့်နှင့်အဖွဲ့ လာရောက်ပင့်ဆောင်ကြပါတယ်။
သိမ်တောင်ကျောင်းတိုက်မှ သီတဂူကျောင်းတိုက်သို့ ထွက်ခွါခဲ့ကြပါတယ်။ သီတဂူကျောင်းတိုက်မှာ အမျိုးသားရေး ညီအစ်ကိုမောင်နှမများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါတယ်။ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ မွေးစားသားဖြစ်သူ ဗိုလ်မှူးကြီး သိန်းထွန်း မိသားစုလည်း လာရောက်တရားနာယူကြပါတယ်။ မန်း မဟော်သဓာအတွက်လည်း အလှူငွေများ လှူဒါန်းသွားပါတယ်။
ရှင်သာရိပုတ္တရာ နှလုံးသားတရား ဟောကြားခဲ့ပါတယ်။
ရှင်သာရိပုတ္တရာလို နှလုံးသား
၁။ သူတော်ကောင်းကို မစော်ကားနဲ့၊
စော်ကားမှုက ရွံစဖွယ်။
၂။ စော်ကားသူကို ပြန်မတုနဲ့၊
ရန်တုံ့ပြန်က ပိုရွံဖွယ်။
၃။ ခံစားမှုကို မချုပ်ထိန်းက၊
ဒေါသဖြစ်ပွား လွယ်တတ်တယ်။
၄။ ဒေါသထွက်ရင် မမြတ်ဘူးကွဲ့၊
စိတ်ထိန်းနိုင်မှ စိတ်ငြိမ်းမယ်။