သတင်း







 






16.5.2018  Daily Eleven


 

“ဂျော့ဆိုးရော့စ်ကို ဟန်ဂေရီကနှင်ထုတ်လိုက်ပြီ”

ဂျော့ဆိုးရော့စ်ဟာ နိုင်ငံရေးပွဲစားကြီးတစ်ဦးပါ။ အခုတော့ လူကုန်ကူးမှုတွေတောင် လုပ်နေပါပြီ။ ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး ရွှေ့ပြောင်းမူဆလင်တွေကို နိုင်ငံတကာကိုတင်သွင်းနေတဲ့ လူကုန်သည်အကြီးစားကြီးပါ။

ဟန်ဂေရီက သူမနေနိုင်အောင် ဥပဒေတွေထုတ်ပြန်ပြီးကန့်သတ်လိုက်လို့ အခုထွက်ပြေးရပါပြီ။ မြန်မာပြည်မှာတော့ သူဝယ်ထားတဲ့ မြန်မာ O.S.F ရှိပါတယ်။ အဲဒီအဖွဲ့ဟာ အရင်တုန်းက ပြည်သူ့အတွက်ဆိုပြီး မိုးလားကဲလား သဲပြခဲ့ကြတဲ့သူတွေပါ။ ဇိမ်ခံကားကြီးတွေနဲ့၊ ဇိမ်ခံပစ္စည်းတွေနဲ့ သာယာနေကြပြီဖြစ်လို့ ပြည်သူတွေအတွက် ဘာတစ်ခုမှ လုပ်မပေးကြတော့ဘဲ ပါတီထောင်မှာလိုလို၊ လွှတ်တော်ပြင်ပနိုင်ငံရေးအဖွဲ့လိုလို ယောင်ခြောက်ဆယ်ထိုင်စားနေကြတဲ့ အလုပ်လက်မဲ့အဖွဲ့အစည်းကြီးပါ။

အဲဒီလိုပဲ ဟိုဟာမကြီးနဲ့လည်း ဂျော့ဆိုးရော့စ်ကိုယ်တိုင် လာတွေ့ခဲ့ဖူးပါတယ်။ ရခိုင်အထိတောင် သွားခွင့်ရရှိခဲ့သူပါ။ အခုတော့ သူ့အစား သူ့သားလေးကို စေလွှတ်နေပါပြီ။

ဂျော့ဆိုးရော့စ်သားအဖနှင့် ဆက်နွယ်နေသူတွေအားလုံးဟာ ဂျော့ဆိုးရော့စ်ရဲ့လုပ်ငန်းကို ထောက်ခံအားပေးတဲ့သူတွေချည်းပါပဲ။ ဘင်္ဂလီတွေကိုခေါ်သွင်းဖို့ သဘောတူထောက်ခံကြတဲ့သူတွေပေါ့ဗျာ။ အစိုးရထဲမှာလည်းရှိပါတယ်၊ ပါတီထဲမှာလည်း ရှိပါတယ်၊ ပါတီမဟုတ်တဲ့အဖွဲ့အစည်းထဲမှာလည်း ရှိပါတယ်။ မြန်မာပြည်ကို ရောင်းစားချင်ကြတဲ့သူတွေပေါ့။ ဟန်ဂေရီလို ပြတ်သားလိုက်ပါ ရွှေမြန်မာလို့ပဲ တိုက်တွန်းပါရစေ။

 

အစိုးရ၏ ဖိနှိပ်သောမူဝါဒများကြောင့် ဆိုးရော့စ်ဖောင်ဒေးရှင်းက ဟန်ဂေရီမှ လုပ်ငန်းများရပ်ဆိုင်း

 

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် အစိုးရ၏ ဖိနှိပ်မှု မူဝါဒများကြောင့် အမေရိကန်- ဟန်ဂေရီဖွား ဘီလျံနာ ဂျော့ဆိုးရော့စ် ထူထောင်ခဲ့သော ဖောင်ဒေးရှင်းသည် ၎င်း၏လည်ပတ်မှုများကို မေ ၁၅ ရက်တွင် ဟန်ဂေရီမှ ရုပ်သိမ်းပြီး ဂျာမနီသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ NGO များအား အော်ဘန်က နောက်ထပ် ကန့်သတ်ချက်များ ချမှတ်ရန် ပြင်ဆင်ခဲ့ပြီးနောက် ဆိုးရော့စ်၏ Open Society Foundations (OSF) သည် ဘူဒါပက်အခြေစိုက် လုပ်ငန်းများအား ဂျာမနီမြို့တော် ဘာလင်သို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောလတွင် ဝန်ကြီးချုပ်ရာထူးအား သက်တမ်းသုံးကြိမ်ဆက် ထမ်းဆောင်ခွင့်ရခဲ့သည့် အသက် ၅၄ နှစ်ရှိပြီဖြစ်သော အော်ဘန်က ဆိုးရော့စ်သည် ဥရောပသို့ ရွှေ့ပြောင်းအခြေချများ ဝင်ရောက်နိုင်ရန် စီစဉ်ပေးနေကြောင်း ကာလရှည်ကြာ စွပ်စွဲနေခဲ့သည်။ နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်မှုများအား ထောက်ပြလျက် အော်ဘန်၏ အစိုးရသည် ပြည်ပမှ ရန်ပုံငွေများ ရရှိနေသော NGO များအတွက် စည်းမျဉ်းများ တင်းကျပ်ရန် ရည်ရွယ်သော Stop Soros ဟုခေါ်သော ဥပဒေများအား ယခုနှစ်အစောပိုင်းတွင် အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်များတွင် ယင်းကဲ့သို့ NGO များအား အထူးအခွန်ကောက်ခံခြင်း၊ ၎င်းတို့၏ ဝန်ထမ်းများအား လျှို့ဝှက်ထောက်လှမ်းစောင့်ကြည့်ခြင်း၊ ဟန်ဂေရီနှင့် ၎င်း၏ နယ်စပ်များမှ တရားမဝင် ရွှေ့ပြောင်းအခြေချဝင်ရောက်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် တစ်ဦးချင်းစီအား ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ထိုအဆိုပြုချက်များသည် အစိုးရအား ဝေဖန်သည့် အဖွဲ့များကို ဖြိုခွင်းရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ပြည်တွင်းပြည်ပမှ လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက ရှုတ်ချခဲ့ကြသည်။

ဧပြီ ၈ ရက်က ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည့် အော်ဘန်က လာမည့်သီတင်းပတ်များအတွင်း အစိုးရသစ်က ထိုအဆိုပြုချက်များအား ဥပဒေကြမ်းများအဖြစ် ဦးစားပေး တင်သွင်းမည်ဖြစ်ကြောင်း မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချများ ဝင်ရောက်ရန် လှုံ့ဆော်သည်ဟု သံသယရှိသည့် ဆိုးရော့စ်၏ ကြိုးပမ်းမှုများအား ဟန့်တားရေးကိစ္စသည် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း လွှမ်းမိုးခဲ့ပြီး ဆိုးရော့စ်က ထောက်ပံ့ထားသော ကြေးစား ၂၀၀၀ ခန့်သည် ဟန်ဂေရီတွင် လုပ်ကိုင်နေကြောင်း အော်ဘန်က စွပ်စွဲခဲ့သည်။ ရွှေ့ပြောင်းအခြေချ ဝင်ရောက်မှုအား ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် အော်ဘန်သည် မကြာသေးမီ နှစ်များအတွင်း ဆိုးရော့စ်အား တိုက်ခိုက်ရန် အခွန်ထမ်းပြည်သူများ၏ ငွေအများအပြား အသုံးပြုထားသည့် သတင်းအချက်အလက်ဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများစွာကို ဆောင်ရွက်ခဲ့သည်။

16.5.2018 Daily Eleven
