သတင်း

ခွင့်ပြုချက်တောင်းပြီးမှ ဆက်ကပ်ခွင့်ရတဲ့ ဆွမ်းအလှူဒါနလေးပါ

10.5.2017 မနက် 10:00 နာရီ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကိုထွန်းမင်းလတ်+မဖွေးဖွေးလှိုင် (သား) မောင်သဏ္ဌာန်ဖုန်းဇော်၊ (သမီး) မရွှေပြည့်အိမ် (ရတနာကုန်စုံဆိုင်) နေအိမ်မှာကျင်းပပါတယ်။ မိသားစုတစ်စုလုံးက အမျိုးသားရေးသမားတွေပါ။

လူချင်းတော့အခုမှ ဆုံဖြစ်ကြတာပါ။ စာရေးသူကိုဆွမ်းကပ်ဖို့အတွက် ရပ်ကွက်လူကြီးဆီ ကြိုတင်သတင်းပို့ထားရတယ်လို့ဆိုပါတယ်။ တရားပွဲပိတ်တာကိုပဲ အခမ်းအနားတွေမတက်ရဘူး၊ သြဝါဒမပေးရဘူး၊ သီလမပေးရဘူး၊ မိန့်ခွန်းမပြောရဘူး မှတ်ထင်နေကြတဲ့သူတွေကြောင့် ရပ်ကွက်လူကြီးထံ တရားဝင် ခွင့်ပန်ပြီး ကပ်လှူတဲ့ပွဲလေးပါ။

မန်း မဟော်သဓာအတွက်ကော၊ နဝကမ္မအတွက်ပါ ဆက်ကပ်လှူဒါန်းပါတယ်။ ဆွမ်းအနုမောဒနာအဖြစ် အဂုင်္တ္တိုရ်လာ ဒုတိယသောဝစဿတာသုတ္တန်ဟောကြားခဲ့ပါတယ်။

၁။ ဗုဒ္ဓဂါရဝတာ – ဘုရားကိုရိုသေခြင်း။
၂။ ဓမ္မဂါရဝတာ – တရားကိုရိုသေခြင်း။
၃။ သံဃဂါရဝတာ – သံဃာကိုရိုသေခြင်း။
၎။ သိက္ခာဂါရဝတာ – ကိုယ့်ကျင့်သိက္ခာကိုရိုသေခြင်း။
၅။ သမာဓိဂါရဝတာ – သမာဓိကိုရိုသေခြင်း။
၆။ ကလျာဏမိတ္တတာ – မိတ်ဆွေကောင်းရှိခြင်း။
၇။ သောဝစဿတာ – ပြောရဆိုရ လွယ်ကူခြင်းတို့ကို အကျယ်တဝံ့ရှင်းလင်းဟောကြားခဲ့ပါတယ်။