သတင်းအင်တာဗျူး

ပြင်သစ်သတင်းထောက် ဇွဲကြီးပုံလေးပါ

ဒီနေ့ 9.6.2017 မနက် 6:00 နာရီကတည်းက ရောက်ရှိနေတာပါ။ တစ်နေကုန်နီးပါးပါပဲ။ ညနေ 6:00 နာရီကျမှ ပြန်သွားပါတယ်။ ပြင်သစ် Economist မဂ္ဂဇင်းကလို့ပြောပါတယ်။

ဆရာမောင်သွေးချွန် ချိတ်ဆက်ပေးလိုက်တာပါ။ ဒီလိုပဲ စာနယ်ဇင်းသမားတွေက သတင်းရဖို့အတွက် အောက်ကျို့ကြ၊ သတင်းရသွားတဲ့အခါ အတင်းအဖျင်းပုံစံ မျိုးရေးကြ၊ ပြောတဲ့အတိုင်း ရေးပြန်တော့လည်း အစွန်းရောက်တို့ အကြမ်းဖက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ စုံနေအောင် အချွန်အတွန်းတွေနဲ့ မ-ကြတာကြောင့် သူတို့နဲ့ ခပ်ကင်းကင်းပဲ နေပါတယ်။

အရင်တစ်ခါ အမျိုးသမီးတစ်ယောက်ပါပဲ ဘယ်နိုင်ငံကလည်းတော့ မသိရပါ။ မဖြေချင်ရင်တောင် ဓာတ်ပုံရိုက်ခွင့်တော့ပြုပါလို့ ပြောပေမဲ့ ထွက်မတွေ့ဖြစ်ခဲ့ပါဘူး။ ဒီသတင်းသမားကတော့ တစ်နေကုန်လည်းနေတယ်၊ ဘယ်မှမသွားဘဲလည်းထိုင်စောင့်နေတယ်၊ အင်မတန်ဇွဲကြီးသူပါ။

အင်တာဗျူးတော့မဖြေချင်ဘူး။ စာမေးပွဲစောင့်နေတာကို ဓာတ်ပုံလာရိုက်မယ်ဆိုရင်တော့ ရိုက်နိုင်ပါတယ် ပြောလိုက်ပါတယ်။
ဓာတ်ပုံလာရိုက်သွားပါတယ်။ စာမေးပွဲစောင့်ကအပြန် ခဏအနားယူပါတယ်။ အိပ်ရာနိုးတော့လည်း မပြန်သေးပါဘူး။
ဒါနဲ့ မေးခွန်းသုံးခုကို ရေးခိုင်းလိုက်ပါတယ်။

စပီကင်ပြောတတ်တဲ့ တပည့်လေးက စာရေးသူဖြေတာကို အသံသွင်းပြီး ဘာသာပြန်ပေးပါတယ်။ မေးတာတွေကတော့ အစွန်းလွတ်ပါတယ်။ ၁။ စာရေးသူရဲ့အမြင် ဗုဒ္ဓဘာသာ ဟူသောဝေါဟာရကိုဖွင့်ဆိုချက် ၂။ မိရိုးဖလာဗုဒ္ဓဘာသာအဓိပ္ပါယ် ၃။ ဗုဒ္ဓဘာသာရဲ့ အနာဂတ်အန္တရာယ် ဒါလေးပါပဲ။

စာရေးသူဟာ ဘာသာပြန်တွေ အဖတ်များခဲ့တဲ့သူပါ။ စာရေးသူဖတ်တဲ့စာတွေထဲမှာ အနောက်တိုင်းသားတွေ နိုင်ငံကြီးသားပီသမှု၊ ဖြောင့်မတ်မှု၊ သဘောထားကြီးမှု စတဲ့ လေးစားစရာတွေအမြဲပါပါတယ်။ ဒါကြောင့် သူတို့ကို တလေးတစား လက်ခံစကားပြောခဲ့တာပါ။

ဒါပေမဲ့ အထင်ကြီးစရာတစ်ကွက်မှ မရှိပါဘူး။ စတုတ္ထမဏ္ဍိုင်ကို နိုင်ငံရေးလက်နက်တစ်ခု၊ စီးပွားရေးလက်နက်တစ်ခုအဖြစ် အသုံးချပြီး ကမ္ဘာကြီးကို မှိုင်းတိုက်နေတဲ့သူတွေက များပါတယ်။ ဒီနေ့ တစ်နေကုန် လာစောင့်တဲ့ သတင်းသမားလေး အဲဒီအထဲမပါပါစေနဲ့လို့ပဲ ဆုတောင်းပေးရပါမယ်။

ဝီရသူ(မစိုးရိမ်)
9.6.2017
PM 22:00