Daily Archives: June 12, 2017

ထုတ်ပြန်ကြေညာချက်သတင်း

ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်

၁၃၇၉-ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်၊ (၁၁.၆.၂၀၁၇) တနင်္ဂနွေနေ့တွင် ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၌ ကျင်းပအပ်သော မဘသ(ဗဟို)၏ အထူးအသိပေးရှင်းလင်းချက်များကို ကရင်ပြည်နယ် မဘသအဖွဲ့ဝင်များအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲအခမ်းအနား သဘောထားကြေညာချက် ၁။ ကရင်ပြည်နယ် မဘသအဖွဲ့သည် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်။ ၂။ သုခါ သံဃဿ သာမဂ္ဂီ ဟူသော ဒေသနာတော်နှင့်အညီ မြန်မာပြည် ထေရဝါဒ သံဃာတော်တို့၏ ရပ်တည်ချက်အတိုင်း သံဃာထုညီညွတ်ရေးကို အလေးပေး ရှေ့ရှုဆောင်ရွက်သွားမည်။ ၃။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မူဆယ်မြို့(တရုတ်နယ်စပ်)နေ ကိုမျိုးမင်းထွန်း(ခ)ကိုဖိုးပြား မှ အလှူငွေ ၁၄၅၀၀၀ (တစ်သိန်းလေးသောင်းငါးထောင်)ကျပ် လှူဒါန်းစဉ်။ အလှူရှင် ကိုမျိုးမင်းထွန်း(ခ)ကိုဖိုးပြားနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ကိုကျော်ကြီးမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (7.6.2017) အလှူရှင် ကိုကျော်ကြီးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
သတင်း

သီတဂူဆရာတော် အသည်းနှလုံးထိခိုက်စွာ ဆုတောင်းခဲ့သော ပုဒ်မ ၃၆၁နှင့် ၃၆၂

၁၃၇၉ ခုနှစ် နယုန်လပြည့်နေ့ (၉-၆-၂၀၁၇) မနက်ပိုင်းက သီတဂူဆရာတော်ကြီးအား အောက်မြန်မာပြည် တပည့်ဒကာဒကာမ အပေါင်းတို့က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ဆင့် ပူဇော်ကြပါသည်။ ထိုပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို လည်းတက်ရောက်ပြီး စကားပြောပါသည်။ ထိုပွဲမှာ သီတဂူဆရာတော်ကြီးက အောက်ပါအတိုင်း ၀န်ကြီးနှင့် ပရိသတ်အား အမိန့်ရှိပါသည်။ ဒီကနေ့ (၁၀-၆-၂၀၁၇) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသားသစ်ကြိုဆိုပွဲမှာလည်း ထက်မိန့်ပါသည်။ သာသနာရေး ၀န်ကြီးဌာနံ စိရံ တိဋ္ဌတု _______________________________ ဒီကနေ့ ဘုန်းကြီးတို့ မြင်ထားတာတွေက ဒို့ သာသနာရေးဝန်ကြီးဌာန ...
မဂ္ဂဇင်းသတင်း

မဟာဝီရ ရသစုံမဂ္ဂဇင်းအမှတ်(၂၄)ထွက်ပြီ

မဟာဝီရ ရသစုံမဂ္ဂဇင်းအမှတ်(၂၄) ၂၀၁၇ခုနှစ် ဇွန်လထုတ်မှာ ဓမ္မရေးရာကဏ္ဍတွင် ဝီရသူ(မစိုးရိမ်)၏ ရဟန်းအိုနှင့် ယာဉ်အို နန္ဒကျော်(လင်းသာ)၏ ဗုဒ္ဓနှင့် လူ့အခွင့်အရေး၊ ချစ်ဘုန်းဇံ (ဓမ္မာစရိယ၊ ဘီအေ)၏ ကဲ့ရဲ့ခြင်း = နိန္ဒာ အမျိုးသားရေး အတွေးအမြင်ကဏ္ဍတွင် မျိုးချစ်သူ(၉၇)၏ ¬မဘသသည် တရားခံမဟုတ်ပါ မဘသသည် တရားခံမလုပ်ပါ¬ နေဇင်လတ် ၏ ‘နောင်’ မှ ‘တ’တာမျိုး အဖြစ်မခံကြပါနဲ့တော့၊ ကံ့ကော်ပင်ကျောင်းဆရာတော်၏ ခေတ်မီထမင်းစားလက်မှတ် မိုးအောင်လင်းနိုင်၏ ဒီမိုကရေစီခေတ်ရောက်မှ နိုင်ငံတော်အကြည်ညို ပျက်စေသူတွေ ဖြစ်လေရော့သလား ၊ ဝီလီယံဘတင်၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် ပတ်သက်သည့် အထွေထွေအကျပ်အတည်းများအား ခြုံငုံသုံးသပ်ချက်စာတမ်း၊ ရှေ့နေ ဦးဝင်းကြည်(စဥ့်ကိုင်)၏ အမျိုးစောင့်ရှောက်တာ ...
သတင်းအင်တာဗျူး

ဘယ်အစိုးရတက်တက် အမျိုးသားရေးသမားဆိုတာ ရှိကိုရှိနေရမယ်

  ဆရာတော်ဦးဝီရသူနှင့်တွေ့ဆုံခြင်း ဆရာတော်ဦးဝီရသူဟာ တရား ဟောခွင့်ပိတ်ခံရပြီးနောက်ပိုင်းမှာ မီဒီ ယာတွေနဲ့ တွေ့ဆုံဖြေကြားတာတွေကို ရပ်ဆိုင်းထားပါတယ်။ လက်ရှိဖြစ်ပျက် နေတဲ့ အခြေအနေတွေအရ ဆရာ တော်ရဲ့အသံဟာ အရေးပါနေတာမို့ ‘ဆရာတော်ဦးဝီရသူနှင့် အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင် ချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်နဲ့ အပတ်စဉ်ဆက်သွယ်မေးမြန်းပြီး အောင် ဇေယျတုဂျာနယ်မှာ ထည့်သွင်းဖော်ပြ ပေးသွားမှာပါ။ ဒီတစ်ပတ်မှာတော့ မဘသမှ အထူးအသိပေးရှင်းလင်းပွဲ ကြီးနောက်ပိုင်း လှုပ်ခတ်လျက်ရှိတဲ့ သတင်းတွေကို ဆရာတော်နဲ့ ဆက် သွယ်မေးမြန်းထားပါတယ်။ မေး – ပထမဆုံးအနေနဲ့ ဗုဒ္ဓဓမ္မ ...
သတင်းအင်တာဗျူး

ပြင်သစ်သတင်းထောက် ဇွဲကြီးပုံလေးပါ

ဒီနေ့ 9.6.2017 မနက် 6:00 နာရီကတည်းက ရောက်ရှိနေတာပါ။ တစ်နေကုန်နီးပါးပါပဲ။ ညနေ 6:00 နာရီကျမှ ပြန်သွားပါတယ်။ ပြင်သစ် Economist မဂ္ဂဇင်းကလို့ပြောပါတယ်။ ဆရာမောင်သွေးချွန် ချိတ်ဆက်ပေးလိုက်တာပါ။ ဒီလိုပဲ စာနယ်ဇင်းသမားတွေက သတင်းရဖို့အတွက် အောက်ကျို့ကြ၊ သတင်းရသွားတဲ့အခါ အတင်းအဖျင်းပုံစံ မျိုးရေးကြ၊ ပြောတဲ့အတိုင်း ရေးပြန်တော့လည်း အစွန်းရောက်တို့ အကြမ်းဖက်တို့ အမုန်းတရားဖြန့်ဖြူးသူတို့ စုံနေအောင် အချွန်အတွန်းတွေနဲ့ မ-ကြတာကြောင့် သူတို့နဲ့ ခပ်ကင်းကင်းပဲ နေပါတယ်။ အရင်တစ်ခါ အမျိုးသမီးတစ်ယောက်ပါပဲ ဘယ်နိုင်ငံကလည်းတော့ မသိရပါ။ မဖြေချင်ရင်တောင် ဓာတ်ပုံရိုက်ခွင့်တော့ပြုပါလို့ ပြောပေမဲ့ ထွက်မတွေ့ဖြစ်ခဲ့ပါဘူး။ ဒီသတင်းသမားကတော့ တစ်နေကုန်လည်းနေတယ်၊ ဘယ်မှမသွားဘဲလည်းထိုင်စောင့်နေတယ်၊ အင်မတန်ဇွဲကြီးသူပါ။ ...
မုဒိတာရပ်ဝန်းသတင်း

အမျိုးသားရေးမောင်နှံ မင်္ဂလာဆောင် ဆွမ်းကပ်ပွဲ

ဒီနေ့ နယုန်လပြည့် 9.6.2017 ရက်နေ့ မနက် 11:00 နာရီမှာ ကျင်းပပါတယ်။ ၆၅လမ်း၊၂၆×၂၇ကြား စားသောက်ဆိုင်မှာပါ။ သတို့သား ကိုဝင်းအောင်နှင့်သတို့သမီးမဝါနုခင် မင်္ဂလာဆွမ်းကပ်ပွဲပါ။ စာရေးသူနှင့်အတူ မျိုးချစ်သမဂ္ဂမှ ရဟန်းတော်များလည်းပါဝင်ပါတယ်။ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေလည်း လာရောက်အားပေးကြပါတယ်။ ဧည့်ပရိသတ်ကို ဧည့်ခံကျွေးမွေးမှာက မွန်းလွဲ 1:00 နာရီမှာပါ။ စာရေးသူတို့ ဆွမ်းစားအပြီးမှာ အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပေးခဲ့ပါတယ်။ ကိုဝင်းအောင်+မဝါနုခင် မိသားစု သက်ဆုံးတိုင်အောင် ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝနိုင်ပါစေ။ ဝီရသူ(မစိုးရိမ်) 9.6.2017 PM 21:35