သတင်းအင်တာဗျူး

ဘယ်အစိုးရတက်တက် အမျိုးသားရေးသမားဆိုတာ ရှိကိုရှိနေရမယ်

 

ဆရာတော်ဦးဝီရသူနှင့်တွေ့ဆုံခြင်း

ဆရာတော်ဦးဝီရသူဟာ တရား ဟောခွင့်ပိတ်ခံရပြီးနောက်ပိုင်းမှာ မီဒီ ယာတွေနဲ့ တွေ့ဆုံဖြေကြားတာတွေကို ရပ်ဆိုင်းထားပါတယ်။ လက်ရှိဖြစ်ပျက် နေတဲ့ အခြေအနေတွေအရ ဆရာ တော်ရဲ့အသံဟာ အရေးပါနေတာမို့ ‘ဆရာတော်ဦးဝီရသူနှင့် အမျိုးသား နိုင်ငံတော်တည်ဆောက်ရေး ရှုမြင် ချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်နဲ့ အပတ်စဉ်ဆက်သွယ်မေးမြန်းပြီး အောင် ဇေယျတုဂျာနယ်မှာ ထည့်သွင်းဖော်ပြ ပေးသွားမှာပါ။ ဒီတစ်ပတ်မှာတော့ မဘသမှ အထူးအသိပေးရှင်းလင်းပွဲ ကြီးနောက်ပိုင်း လှုပ်ခတ်လျက်ရှိတဲ့ သတင်းတွေကို ဆရာတော်နဲ့ ဆက် သွယ်မေးမြန်းထားပါတယ်။

မေး – ပထမဆုံးအနေနဲ့ ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းကနေ နုတ်ထွက်မယ်လို့ သိရပါတယ်ဘုရား။ အဲဒါ ဘာကြောင့် နုတ်ထွက်မယ်ဆိုတာ သိချင်ပါတယ် ဘုရား။
ဖြေ- အဓိကကတော့ ဝီရသူနဲ့မဘသ ကိုတွဲမြင်ပြီး ဝီရသူလုပ်သမျှ မဘသ ချည်းပဲ သက်ရောက်နေပြီးတော့ ဝီရသူ လုပ်သမျှတွေကို တိုက်ခိုက်နေတာတွေ ဟာ မဘသအပေါ်မှာ အကျိုးသက် ရောက်နေတဲ့အတွက် နုတ်ထွက်လိုက် တဲ့သဘောပါ။
နောက်ပြီးတော့ ဗုဒ္ဓဓမ္မဖောင်ဒေး ရှင်းဖွဲ့တော့လည်း အဲဒီလိုဖြစ်နေမှာစိုး လို့ ကြိုပြီးစီစဉ်တဲ့သဘောပါ။

မေး – အရှင်ဘုရားက ဖောင်ဒေးရှင်း က နုတ်ထွက်လိုက်တယ်ဆိုတော့ အ ရှင်ဘုရားက ဘယ်လိုပုံစံမျိုးနဲ့ အမျိုး သားရေးအလုပ်တွေ ဆက်လုပ်သွားဖို့ ရှိမလဲ။ ဖောင်ဒေးရှင်းကရော ဘယ် လိုပုံစံမျိုးနဲ့ လည်ပတ်မယ်လို့ ခန့်မှန်း ပါသလဲဘုရား။
ဖြေ – ဦးဇင်းတော့ မဘသအဖွဲ့ကြီး မပေါ်ခင်ကတည်းကိုက တစ်ကိုယ်ရေ အမျိုးသားရေးသမားကိုး။ ခါတိုင်းလိုပဲ ပုံမှန်လျှောက်လှမ်းနေမှာပါ။ ဦးဇင်း ခြေ လှမ်းတွေက ရပ်တန့်သွားမှာ မဟုတ်ပါ ဘူး။
မဘသအဖွဲ့က နုတ်ထွက်ပေမယ့် လည်း အရေးအကြောင်းဆို မဘသနဲ့ တစ်သွေးတစ်သားတည်းရပ်တည်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပုံမှန်လည်ပတ် မှုကတော့ လျော့သွားမှာမဟုတ်ဘူး။ နောက် မဘသကိုငဲ့ပြီး တချို့နေရာ တွေမှာ ဆင်ခြင်နေရာတာတွေရှိပါ တယ်။ အခုတော့ ငဲ့စရာမလိုတဲ့အတွက် တော့ ပိုတောင်မှ အားကောင်းကောင်း နဲ့ မောင်းနှင်လို့ရတာပေါ့။
ဖောင်ဒေးရှင်းကြီးကတော့ အန် ဂျီအို ပုံစံမျိုးသွားပြီးတော့ ဓမ္မဝံသာနု ရက္ခိတအဖွဲ့က အမျိုးသားရေးလိုင်း သွားမယ်လို့ ယူဆတယ်။ အဲဒီလိုသွား ရင်တော့ နဂိုအဖွဲ့ကြီးရဲ့ မူဝါဒအတိုင်း ရပ်တည်တယ်လို့ ယူဆရမှာဖြစ်ပြီး တော့ ဦးဇင်းတို့ကလည်း အဲဒီလိုပဲ သွားစေချင်တာပေါ့နော့။

မေး – မဘသကနေ ဗုဒ္ဓဓမ္မဖောင် ဒေးရှင်းကို အမည်ပြောင်းတယ်လို့ မေ လ ၂၈ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် တချို့နယ်တွေက တော့ မဘသဆိုင်းဘုတ် မဖြုတ်ဘဲ အမျိုးသားရေးအလုပ်တွေ ဆက်လုပ် ကြမယ်ဆိုတဲ့ အသံတွေ ကြားနေရပါ တယ်ဘုရား။ အဲဒီအဖွဲ့တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲဘုရား။ အရှင် ဘုရားရဲ့ အမြင်ကရော ဘယ်လိုရှိပါ သလဲဘုရား။
ဖြေ – တကယ်တမ်းကျတော့ ဆရာ တော်ကြီးနှစ်ပါးတာဝန်ရှိလို့သာ ဗဟို ကို ဝိုင်းပြီးဝန်းရံပေးကြတာလေ။ ဥပဒေ အရဆိုရင်တော့ မဘသဆိုင်းဘုတ်က ဖြုတ်စရာမှ မလိုတာ။
အဲဒီလို မဘသအဖွဲ့အစည်းတွေ မဖြုတ်ဖို့လည်း ဦးဇင်းတို့က လိုလား တာပေါ့နော်။ ဦးဇင်းတစ်ပါးတည်းနဲ့က ရော၊ ဦးဇင်းတို့ မန်းမဘသအနေနဲ့က ရော လုံးဝ ဖြုတ်မှာမဟုတ်ဘူးလေ။ လုံးဝဖြုတ်တာမဟုတ်တဲ့အပြင် ဒီအဖွဲ့ အစည်းကြီးဟာ လူရော သံဃာရော ပူးပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်တဲ့အ တွက်ကြောင့် သံစည်းနဲ့ အရေးယူလို့ မရနိုင်ဘူး၊ သာသနာရေးဝန်ကြီးဌာနနဲ့ မသက်ဆိုင်ဘူး၊ အခြေခံဥပဒေနဲ့ညီ တယ်၊ အသင်းဖွဲ့ဥပဒေနဲ့ညီတယ်၊ ပြည် ထဲရေးဝန်ကြီးဌာနနဲ့သာ သက်ဆိုင်တယ်၊ တရားဝင် ရပ်တည်လို့ရတယ်ဆိုတာ ထင် ရှားပြသဖို့အတွက် ဒီနေ့(မေလ ၂ ရက်) ပဲ မန်းမဘသက တညီတညွတ်တည်း ဆုံးဖြတ်ထားပါတယ်။

မေး – ဒါဆိုရင် မန်းမဘသကတော့ မဘသဆိုင်းဘုတ်တွေ မဖြုတ်ဘဲ ဆက် သွားမယ်ဆိုတာ သေချာတယ်ပေါ့ ဘုရား။
ဖြေ – သေချာပါတယ်။

မေး – Facebook က ‘ကုလား’ ဆိုတဲ့ အသုံးအနှုန်းတွေ ပိတ်ပင်တာ မျိုးတွေကို အခုရက်ပိုင်းမှာ တွေ့ရပါ တယ်ဘုရား။ အဲဒါနဲ့ တစ်ဆက်တည်း အရှင်ဘုရားရဲ့ Facebook အကောင့် တွေ ခဏခဏ အပိတ်ခံနေရတာလည်း တွေ့ပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး တော့ ဘာပြောစရာရှိပါသလဲဘုရား။
ဖြေ – ဟိုအရင်တုန်းကတော့ မီဒီယာ တွေမှန်သမျှကို မွတ်ဆလင်တွေက ခါး ပိုက်ထဲထည့်ထားနိုင်ခဲ့တယ်ပေါ့နော်။ သူတို့ မနိုင်တာဆိုလို့ Social Media ပဲရှိတာပေါ့နော့။Social Mediaု ကလည်းပဲ Facebook Team ဆိုပြီး အသင်းအဖွဲ့ဖွဲ့လိုက်တဲ့အခါကျ တော့ သူတို့က ခါးပိုက်ထဲ ထည့်နိုင် ထည့်တတ်တဲ့သဘောရှိပါတယ်။ ဆို တော့ မြန်မာ Facebook Team ရဲ့ အခြေအနေကို မှန်းဆကြည့်နိုင်မယ် ထင်ပါတယ်။
နောင်ဆို ကုလားဆိုတဲ့ဝေါဟာရ တင်ခွင့်ရမှာမဟုတ်သလို ဘာမှမငြိစွန်း တဲ့ ပုံတွေ၊ ဆောင်းပါးတွေရော တင် ခွင့်ရနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ တချို့ဆိုရင် ဘာမှမပါဘဲ မဘသနဲ့ ပတ် သက်တဲ့ ဓာတ်ပုံတွေပဲတင်တဲ့ ပို့စ်တွေ တောင်မှ အဖြုတ်ခံရတာကိုး။ ပြောရ မယ်ဆိုရင်တော့ ဘာသာခြားတွေအောင် မြင်သွားပြီ။ှသခငေူ ငြိငေ ကြီး ကျဆုံးသွားပြီလို့ ပြောရတော့မှာပေါ့။

မေး – သာကေတက မွတ်ဆလင်တွေ လမ်းပေါ်ထွက် ဝတ်ပြုတာမျိုးတွေ တွေ့ရပါတယ်ဘုရား။ အဲဒီကိစ္စကို အ ရေးယူထားတယ်လို့တော့ သိရပါတယ် ဘုရား။ ဒါပေမယ့် အဲဒီလို လှုပ်ရှားမှု တွေ ခပ်စိပ်စိပ်ပြုလုပ်လာရင် အရှင် ဘုရားတို့ ဘယ်လိုများဆောင်ရွက် သွားဖို့ ရှိပါသလဲဘုရား။
ဖြေ – တကယ်ဆိုလို့ရှိရင် မြန်မာနိုင် ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုတယ်။ ဟိုးနှစ်ပေါင်းများစွာကတည်းကလည်းပဲ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အားလုံးက လိုက်နာခဲ့ကြတယ်လေ။
သူတို့တစ်တွေသာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကြီးကို အခွင့်အရေးယူပြီး တော့ ဗလီတွေခိုးဆောက်တာတို့၊ ခိုး ချဲ့တာတို့၊ ဗလီမဟုတ်ဘဲ ဗလီအဖြစ်သုံး တာတို့ လက်တစ်လုံးခြားနဲ့ မတရားတဲ့ အခွင့်အရေးယူခဲ့တာတွေ ရှိပါတယ်။
အဲဒီလို မတရားတဲ့အခွင့်အရေး တွေ အမြဲတမ်းပဲ ယူနေမယ်၊ သူတို့တစ် တွေဟာ ဒေသခံပြည်သူတွေနဲ့ ဌာနေ တိုင်းရင်းသားတွေနဲ့ ကဏ္ဋကောစ ပြု နေမယ်ဆိုလို့ရှိရင် မွတ်ဆလင်အသိုင်း အဝိုင်းအပေါ် ကမ္ဘာကြီးက ဘယ်သော အခါမှ အမြင်ကြည်မှာ မဟုတ်တော့ ဘူးလေ။ အဲတော့ ငြိမ်းချမ်းစွာ ယှဉ် တွဲနေထိုင်ရေး ဆိုတဲ့သူတွေ၊ ဘာသာ ပေါင်းစုံချစ်ကြည်ရေးဆိုတဲ့သူတွေဟာ ဝင်ပြီးတော့ ဖြေရှင်းသင့်တာပေါ့နော်။

မေး – အမျိုးသားရေးအင်အားစုတွေ ဟာ အားကောင်းတဲ့ အင်အားစုကြီးတစ် ခုအဖြစ်တော့ရှိတယ်။ ဒါပေမယ့် အင် အားတွေဟာ ပြန့်ကျဲနေတယ်။ အာ ဏာပိုင်တွေနဲ့ကလည်း ဓမ္မာသောက ဖြစ်နေတယ်။ အဲဒီလို အဟန့်အတား အတိုက်အခံတွေကြားက ကိုယ်လိုချင် တဲ့ပန်းတိုင်ကိုရောက်အောင် အမျိုးသား ရေးသမားတွေအနေနဲ့ ဘယ်လိုမျိုးသွား သင့်သလဲ၊ အင်အားတွေဘယ်လိုစု စည်းသင့်သလဲဆိုတာလေး မိန့်ပေးပါ ဦးဘုရား။
ဖြေ – အဓိကကတော့ ခေါင်းဆောင် တဲ့အပိုင်းမှာ လိုအပ်တာပေါ့နော်။ ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်က ဒါမျိုးတွေမှာ ရပ်တည်မှုမှန်ကန်မယ်၊ ရပ်တည်မှုမြဲ မယ်ဆိုရင်တော့ ရှေ့ဆက်သွားနိုင်မှာ ပေါ့။ အခုဟာက ခေါင်းဆောင်တဲ့အဖွဲ့ အစည်း သို့မဟုတ် အများအားကိုးရတဲ့ အဖွဲ့အစည်းကိုယ်တိုင်က ဒါမျိုးတွေမှာ ဝင်ပြီးမရပ်တည်တာတို့၊ ပစ်ပယ်ထား တာတို့တွေ့နေရတဲ့အခါကျတော့ သွား ရမယ့်လူတွေ အခက်အခဲရှိတာပေါ့။
ဦးဇင်းဆိုလိုချင်တာက ဥပဒေ ဘောင်ထဲကနေမယ်၊ လွတ်လွတ်လပ် လပ် တက်တက်ြ<ွကြ<ွက လှုပ်ရှားလို့ရ တယ်၊ ထောင်နှုတ်ခမ်းကို လမ်းလျှောက် စရာမလိုဘူး။ ထောင်ကျခံပြီး အလုပ် လုပ်စရာမလိုဘူး။ အဲဒီလို ဥပဒေ ဘောင်ထဲကနေပြီး မိမိလည်း အန္တရာယ် ကင်း၊ မိမိလိုလားတဲ့ အမျိုး ဘာသာ သာသနာလည်း လုံခြုံအောင် စောင့် ရှောက်နိုင်တဲ့နည်းလမ်းနဲ့ အမျိုးသား ရေးသမားတိုင်း လုပ်နိုင်ဖို့ လိုတာပေါ့ နော်။
ဥပဒေဘောင်ထဲကနေ လုပ်ရဲ့ သားနဲ့မှ အမြင်ကတ်လို့ အရေးယူလာ ပြီဆိုလို့ရှိရင်တော့ ကမာရွတ်ရုံးရှေ့မှာ ဆန္ဒပြသလိုမျိုး ဆန္ဒပြသင့်ရလည်း ပြရ မှာပေါ့နော်။ အင်အားကောင်းကောင်း နဲ့ ချီတက်သင့်ရင်လည်း ချီတက်ရမှာ ပေါ့။ ဒါတွေကတော့ ဦးဇင်းတို့က ရေ ရှည်လုပ်ရမယ့်အလုပ်တွေဖြစ်တဲ့အတွက် အကျယ်ပြောလို့တော့ မဖြစ်ဘူး။

မေး – ဆရာမောင်သွေးချွန်တို့က ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ ထောင် မယ်လို့ ကြေညာထားပါတယ်ဘုရား။ အဲဒီပါတီအပေါ် အရှင်ဘုရားရဲ့ အမြင် လေးကိုလည်း မိန့်ပေးပါဦးဘုရား။
ဖြေ – ဒီလိုပါတီမျိုး ပေါ်သင့်တာတော့ ကြာပြီပေါ့နော့။ ပြောရမယ်ဆိုရင် ၂ဝ၁၂ နောက်ပိုင်းကတည်းက ပေါ် သင့်တာလေ၊ ပေါ်မလာခဲ့ဘူးပေါ့နော်။
အမျိုးသားရေးစိတ်ဓာတ်နဲ့ ထောင် တယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ ဝိုင်းဝန်းအားပေးသင့်တာပေါ့။ အဲ တော့ ဒီပါတီအဖွဲ့အစည်းကြီးကို နိုင်ငံ ရေးပညာရှင်တွေနဲ့ အမျိုးသားရေး အ ခြေခံတဲ့ နိုင်ငံရေးသမားတွေနဲ့ အင် အားကောင်းအောင် လုပ်လို့ရတာပေါ့။ အဲဒီလိုလုပ်ပါစေလို့လည်း ဦးဇင်းတို့က ဆန္ဒပြုပါတယ်။

မေး – ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းလို့ အမည် ပြောင်းပြီးနောက်မှာ အရှင်ဘုရားက လည်းပဲ နုတ်ထွက်လိုက်ပြီ၊ ဆရာ မောင်သွေးချွန်ကလည်း နုတ်ထွက် လိုက်တာတွေ့ရပါတယ်။ အဲဒီလိုအခြေ အနေနဲ့ပတ်သက်ပြီး ဘာဖြည့်စွက်ပြော စရာရှိပါသလဲဘုရား။
ဖြေ – တိုက်စစ်မှူးတွေဆိုတာ နေရာ တကာ တစ်သားတည်း မကျဘူးလေ။ ပြောရမယ်ဆိုရင် ရှေ့တန်းမှာ နေသင့် ရင်လည်း နေမယ်။ နောက်တန်းပြန် သင့်ရင်လည်းပြန်မယ်။ တွဲတိုက်ဖို့ လို သလို ခွဲတိုက်ဖို့လည်း လိုတယ်လေ။ တစ်သင်းလုံးတက်ပြီး တစ်သင်းလုံး ဆင်းနေမယ်ဆိုရင်တော့ အောင်ပွဲနဲ့ ဝေးနေမှာပဲ။ အခုဟာကတော့ ခွဲတိုက် တဲ့သဘောလို့ပဲ သတ်မှတ်လိုက်ပါနော့။

မေး – မန်းမဘသက ဦးဆောင်ဖွင့်လှစ် မယ့် မန်းမဟော်သဓာအခြေအနေ လည်း သိချင်ပါတယ်ဘုရား။ လှူဒါန်း ချင်တဲ့သူတွေကရော ဘယ်လိုမျိုး ဆက်သွယ်လှူဒါန်းလို့ ရနိုင်မလဲဘုရား။
ဖြေ – မန်းမဟော်သဓာအခြေအနေက တော့ အချက်အချာကျပြီး သဘာဝရှု ခင်းတွေနဲ့ သာယာလှပတဲ့မြေနေရာကို ရရှိထားပါပြီ။ အဖွဲ့အစည်းနဲ့လုပ်ရတာ ဖြစ်လို့ လောလောဆယ်မှာ ပုံစံငယ် ထုတ်တာတို့၊ ဗီနိုင်းကြော်ငြာတာတို့၊ ပန်းဖလက်ဝေတာတို့၊ ဘောင်ချာတွေ လုပ်တာတို့ မဖြစ်နိုင်သေးဘူးပေါ့နော်။
ဒါပေမယ့် ၂ဝ၁၈ ပညာသင်နှစ် အမီ ဖွင့်လှစ်နိုင်အောင်တော့ ဦးဇင်း တို့ ကြိုးစားမှာပါ။ အခုတော့ ဝါခင်းကုန်း ဆရာတော်ကြီးအပါအဝင် နိုင်ငံကျော် ဓမ္မကထိဆရာတော်တွေ လှူဒါန်းထား တဲ့ သိန်းပေါင်း ၁၃၅ဝ အပြင် အများ ပြည်သူ တွေလှူဒါန်းထားတာတွေက သိန်းပေါင်း ၁၇ဝဝ ကျော် ရှိနေပါပြီ။ မန်းမဘသအဖွဲ့ထံ ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

မေး – ဒီတစ်ပတ်အတွက် အရှင်ဘုရား ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေး ပါဦးဘုရား။
ဖြေ – အမျိုးသားရေးသမားတွေ တောင့်ထားပါလို့။ ဘယ်အစိုးရတက် တက် အမျိုးသားရေးသမားဆိုတာ မရှိ မဖြစ် ရှိကိုရှိနေရမှာပါ။ ဒါဟာ သမိုင်း ပေးတာဝန်ပါပဲ။
#ငြိမ်းချမ်းသာ
[ဆက်သွယ်မေးမြန်းသည်]

အောင်ဇေယျတုဂျာနယ်အမှတ်(၁၇၆)မှ ကူးယူဖော်ပြပါသည်။