ထုတ်ပြန်ကြေညာချက်သတင်း

ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်

၁၃၇၉-ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်၊ (၁၁.၆.၂၀၁၇) တနင်္ဂနွေနေ့တွင် ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၌ ကျင်းပအပ်သော မဘသ(ဗဟို)၏ အထူးအသိပေးရှင်းလင်းချက်များကို ကရင်ပြည်နယ် မဘသအဖွဲ့ဝင်များအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲအခမ်းအနား သဘောထားကြေညာချက်

၁။ ကရင်ပြည်နယ် မဘသအဖွဲ့သည် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်။

၂။ သုခါ သံဃဿ သာမဂ္ဂီ ဟူသော ဒေသနာတော်နှင့်အညီ မြန်မာပြည် ထေရဝါဒ သံဃာတော်တို့၏ ရပ်တည်ချက်အတိုင်း သံဃာထုညီညွတ်ရေးကို အလေးပေး ရှေ့ရှုဆောင်ရွက်သွားမည်။

၃။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံ/စည်း၊ သံ/ လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင်ငြိစွန်းခြင်းမရှိသောကြောင့်လည်းကောင်း၊ ၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၄-ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စုဥပဒေတို့နှင့် ညီညွတ်သောကြောင့်လည်းကောင်း၊ မြန်မာတစ်မျိုးသားလုံး၏ အမျိုးဘာသာ သာသနာတော်အတွက် လက်ရှိ မဘသ အမည်ကို ကရင်ပြည်နယ် မဘသ က ဆက်လက်အသုံးပြုသွားမည်။

၎။ မြန်မာတစ်နိုင်ငံလုံးရှိ ဓမ္မဝံသာနုရက္ခိတအဖွဲ့နှင့် အခြားသော ပရဟိတအသင်းအဖွဲ့များ အမျိုးသားရေးအင်အားစုအားလုံးတို့နှင့် မိတ်ဖက်ပြု ပူပေါင်းဆောင်ရွက်သွားမည်။

၅။ ၁၃၇၉-ခုနှစ်၊ (၉.၆.၂၀၁၇) နယုန်လပြည့်၊ မဟာသမယအခါတော်နေ့၌ မိန့်ကြားတော်မူသော အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော်ကြီး ဒေါက်တာရှင်ဉာဏိဿရ၏ သြဝါဒကို လေးစားလိုက်နာသောအားဖြင့် နိုင်ငံတော်အစိုးရသည် သာသနာရေးဝန်ကြီးဌာန အဓွန့်ရှည်တည်တံ့ရေးနှင့် ၂၀၀၈-ခု၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၆၁၊ ၃၆၂ ဥပဒေများ ဆက်လက်တည်မြဲရေးအတွက် အလေးထားဆောင်ရွက်ရန် တိုက်တွန်းသည်။

ကရင်ပြည်နယ် မဘသ အဖွဲ့

ဘားအံမြို့၊ ကရင်ပြည်နယ်