နဂါးနီစုဘူးသတင်း

လက်လုပ်လက်စား အများပြည်သူများအတွက် မျှော်လင့်ချက် စုဘူးလေးများအကြောင်း(၂)

(၃)
နဂါးနီစုဘူးအသင်း လည်ပတ်နေ တဲ့ ငွေစုငွေချေးပုံစံက သိပ်အခက်အ ခဲကြီးတော့ မဟုတ်ပါဘူး။
ဆရာတော်ဦးဝီရသူက တည် ထောင်ပေးပြီး ဆရာတော်ရဲ့တာဝန် ပေးချက်အရ ဆရာတော် ဦးဇဝန(ဦး ဇကြီး)က နာယကအဖြစ်ဆောင်ရွက် တယ်။ ဆရာတော်ဦးဇဝနရဲ့အောက် မှာ ဥက္ကဋ္ဌ၊ နာယက၊ စာရင်းစစ်အစ ရှိတဲ့ ဗဟိုဦးဆောင်အီးစီအဖွဲ့နဲ့ သက် ဆိုင်ရာရပ်ကွက်အလိုက် ရပ်ကွက်အီး စီအဖွဲ့ထားရှိတယ်။

ဆင်းရဲသားများတဲ့ ရပ်ကွက်တွေ မှာ နေ့ပြန်တိုးတွေ၊ ဆီတိုးတွေကို ကြောက်ပြီး နဂါးနီစုဘူးအသင်းကနေ ငွေချေးချင်တယ်ဆိုရင် တစ်အုပ်စုကို လူငါးယောက်နဲ့ အယောက် ၅ဝ ပြည့် အောင် လုပ်ရတယ်။ အဲဒီ မိသားစု အယောက် ၅ဝ ကို သက်ဆိုင်ရာရပ် ကွက်အီးစီအဖွဲ့က အာမခံပေးတာနဲ့ တစ်ယောက်ကို ငွေ ငါးသောင်းစီ စ တင်ထုတ်ပေးတယ်။ သူတို့ဘက်က နေ တစ်ရက်ကို တစ်ထောင်နှုန်းနဲ့ ၅၅ ရက်၊ စုစုပေါင်း ၅၅ဝဝဝ ဆပ်ရ တယ်။ ငွေပြန်ဆပ်တာတစ်ကြိမ်(၅၅ ရက်) ပြည့်တာနဲ့ အိမ်ထောင်ရှင်တစ် ယောက်ဆီက အမြတ်ငွေ ၅ဝဝဝ၊ အ ယောက် ၅ဝ ဆီက ၂၅,ဝဝဝဝ အသင်း အနေနဲ့ ပြန်ဝင်တယ်။ အဲဒီ ၅ဝဝဝ ကိုမှ ငါးပုံပုံပြီး နှစ်ပုံ(နှစ်ထောင်)ကို စု ဘူးအသင်းဝင် မိသားစုတွေရဲ့ ကျန်းမာ ရေး၊ နာရေးစရိတ်တွေမှာ သုံးပြီး၊ ကျန်တဲ့ သုံးပုံ(သုံးထောင်)ကိုတော့ နောက်ထပ် စုဘူးအသစ်ထပ်ဖွင့်နိုင်ဖို့အ တွက် ရံပုံငွေထူထောင်ထားတာပဲဖြစ် ပါတယ်။

ဒီနေရာမှာ ဆရာတော်ဦးဝီရသူ တည်ထောင်ပေးထားတဲ့ နဂါးနီစုဘူးအ သင်းအနေနဲ့ ထူးခြားမှုရှိတာကတော့ အပြင်မှာ စီးပွားဖြစ်လုပ်နေတဲ့ ငွေချေး လုပ်ငန်းတွေက သူတို့အတွက် သေ ချာမှုရှိမှ ငွေထုတ်ချေးတာဖြစ်ပေမဲ့ န ဂါးနီစုဘူးကတော့ အမှန်တကယ် ငွေ ကြေးကျပ်တည်းတဲ့ မိသားစုနဲ့ ကျူး ကျော်တွေကို ဦးစားပေးပြီး ငွေထုတ် ချေးတာပဲဖြစ်ပါတယ်။

‘ဦးဇင်းက စလုပ်ကတည်းက ကျူးကျော်တွေကို ဦးစားပေးပြီး ချေးတာ။ မရှိတဲ့သူတွေကို ဦးစားပေးကူ ညီတယ်။

တချို့ဆို အိမ်ဆိုတာက ကွမ်း ယာဆိုင်လောက် ရှိတာ။ အကာက ဗီနိုင်း၊ အမိုးက တာလပတ်။ တိုင်ကျ တော့ ဝါးလုံး။ တော်တော့်ကိုဆင်းရဲ ကြတာ။ ဦးဇင်းတို့က သူတို့အိမ်တွေ ထိ လိုက်ပြီး ကွင်းဆင်းလေ့လာပါ တယ်။ ရပ်ကွက်ထဲမှာ ငါးသောင်းချေး လို့ရတယ်ဆိုရင် ပွဲစားက ငါးထောင် နုတ်သေးတာ။ အတိုးကျတော့ ငါး သောင်းဖိုးလုံး ဆပ်ရတာလေ။ ပြောရ ရင် နဂါးနီဟာ ဘဏ်မဟုတ်ပါဘူး။ ဆင်းရဲသားတွေအတွက် စုဘူးသာလျှင် ဖြစ်ပါတယ်’ဆိုတဲ့ မိန့်ကြားချက်တွေ က ဆင်းရဲနွမ်းပါးသူတွေကို စွမ်းနိုင်သ မျှ ကူညီထောက်ပံ့ချင်တဲ့ ဆရာတော်ရဲ့ ပရဟိတစိတ်ဓာတ်ကို အတိုင်းသားမြင် စေပါတယ်။

ပထမဆုံးအနေနဲ့ နဂါးနီစုဘူး အ မှတ်(၁)ကို ၂ဝ၁၃ ခု၊ စက်တင်ဘာ လ ၁ ရက်နေ့က ပြည်ကြီးတံခွန်မြို့ နယ်၊ ဆ/ရပ်ကွက်မှာ ၂၅ သိန်းနဲ့ စ တည်မတည်ပေးခဲ့ရာကနေ နောက် ပိုင်း စုဘူးလေးဘူး(ငွေကျပ်သိန်း ၁ဝဝ) ထိ ထပ်မံမတည် ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မဟာအောင်မြေ မြို့နယ်၊ မာလကာခြံရပ်ကွက်၊ ချမ်းမြ သာစည်မြို့နယ်၊ ဘုရားကြီးမြောက်ရွာ သစ်၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာ ယာ(ဇဇ ၃+၄)ရပ်ကွက်၊ ပြည်ကြီးတံ ခွန်မြို့နယ်၊ သင်ပန်းကန်းရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာ ယာရပ်ကွက်တွေမှာ စုဘူးအသင်း ၈ သင်းအထိ တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိအ ချိန်မှာ လည်ပတ်ငွေစုစုပေါင်း သိန်း ၇၅ဝ ကျော်ခဲ့ပြီလို့လည်း သိရပါတယ်။

(၄)
ဆရာတော်ဦးဝီရသူရဲ့ နဂါးနီအ သင်းအကြောင်းကို တစ်စတစ်စကြား သိခဲ့ရပြီး သူတို့ရပ်ကွက်ထဲက နွမ်းပါး သူတွေအတွက် ငွေချေးပေးဖို့ လုံးပမ်း ရင်း အာမခံပေးခဲ့တဲ့ အောင်သာယာရပ် ကွက် တာဝန်ခံအီးစီတစ်ဦးဖြစ်သူ စေ တနာ့ဝန်ထမ်း ကိုထိန်လင်းက-
‘သူက ဆင်းရဲသူဆင်းရဲသားလေး တွေရဲ့ အခက်အခဲလေးတွေကိုမှ တစ် ထောင့်တစ်နေရာကနေ လွယ်ကူစေ ဆိုပြီးတော့ ကူညီတယ်။ အသင်းသူ အသင်းသားလေးတွေ ဖြစ်ပေါ်လာတဲ့ ဒုက္ခလေးတွေကို ငွေကြေးပမာဏ လေးတွေနဲ့ ထောက်ပံ့တယ်ပေါ့လေ။ ဒီ နဂါးနီစုဘူးအသင်းအကြောင်းကို စာ အုပ်လေးတွေထဲကနေ ဖတ်ရ၊ ကြား ရတဲ့အချိန်မှာ ဒီဆရာတော်ကြီး(ဦးဝီရ သူကို ရည်ညွှန်း)ကတော့ ဒီလို ကူညီ နေတယ် ကိုထိန်လင်းရေ။ ကျွန်တော် တို့ ရပ်ကွက်ကိုလည်း ငွေချေးလို့ရ အောင် ကူညီပါဦးလို့ လာပြောကြတာ နဲ့ ကျွန်တော်တို့လည်း ရပ်ကွက်အီးစီ ဖွဲ့ပြီး နဂါးနီစူဘူးအသင်းကနေ ငွေချေး ယူဖြစ်ခဲ့တာပေါ့လေ။ ဆရာတော်ကြီး ဆီ သွားလျှောက်တဲ့အခါကျတော့ လည်း မင်းကလည်း အမျိုး ဘာသာ သာသနာအတွက်ကိုလုပ်နေတဲ့ကောင် ဆိုတဲ့အခါကျတော့ စိတ်ချတယ်။ အဲ ဒီလိုနဲ့ ကျွန်တော်တို့ အောင်သာယာ မှာ ၂-၁-၂ဝ၁၆ မှာ ဆရာတော်ကြီး ကိုယ်တိုင် သြဝါဒပေးပြီးတော့ စုဘူး တည်ထောင်ပေးခဲ့တာပါ။ ကျွန်တော် ကတော့ စုဘူးတာဝန်ခံပေါ့’လို့ ပြောပါ တယ်။

နောက်ပြီး နဂါးနီစုဘူးအသင်းဝင် ဖြစ်တာနဲ့ အသင်းအနေနဲ့ ဘာအကျိုး ရလဒ်မှ မမျှော်လင့်ဘဲ ဒုက္ခရောက်သူ ကို ကူညီထောက်ပံ့ဖြစ်ခဲ့ပုံကိုလည်း-
‘ကနဦး ငါးသောင်းစထုတ်ပေးတဲ့ အပတ်တင်ပဲ အသင်းသားတစ်ဦးပေါ့ လေ။
လင်မယားနှစ်ယောက်စလုံးက ဆေးရုံတက်နေရတော့ ငွေကြေးကို ပြန်(ဆပ်)နိုင်တဲ့အနေအထားက မရှိ ဘူး။ စုဘူး စစယူချင်း ကနဦးစဖြစ် တယ်ဆိုတော့ သူတို့မှာ ခေါင်းတွေ ကိုက်တာပေါ့။ အဲဒီအခါမှာ ဆရာ တော်ကြီးကို လျှောက်တော့ သူတို့မှာ တကယ်ဒုက္ခဖြစ်နေတာပဲ။ ဘာမှမဖြစ် ပါဘူး၊ ရပါတယ်ဆိုပြီး လျှော့ချလိုက် တာပေါ့လေ။ သူတို့လင်မယားအ တွက် ထောက်ပံ့ငွေကြေးလည်း ဆေး ရုံကိုလိုက်သွားပြီး ကိုယ်ကိုယ်တိုင် သွားပေးတာပါပဲ။ အဲလိုလေးတွေ ဆိုတော့ ကျွန်တော်တို့ လုပ်အားဒါန အနေနဲ့ ပါရမီဖြည့်ခွင့်ရတာလည်း တကယ်ပဲ ဝမ်းမြောက်စရာ ဖြစ်တာ ပေါ့ဗျာ။

ကိုယ်က တာဝန်ခံပြီး ထုတ်ပေး လိုက်တဲ့ ရပ်ကွက်ထဲက လူတွေက လည်း ကျွန်တော်တို့ကို တကယ် ကျေးဇူးတင်ကြပါတယ်။ လမ်းတွေ့ ရင်လည်း တလေးတစား နှုတ်ဆက် ကြတာ။ အဲဒါမျိုးလေးတွေ တွေ့လိုက် လို့ရှိရင်တော့ ကိုယ့်ရင်ထဲမှာ ပီတီတွေ အမြဲတမ်းဖြစ်တာပေါ့ဗျာ’လို့ ကိုထိန် လင်းက ကြည်ကြည်နူးနူးနဲ့ ဖွင့်ဟ သွားပါတယ်။

နဂါးနီစုဘူးအသင်းရဲ့ အစစအရာ ရာမှာ နာယကဆရာတော်အဖြစ်နဲ့ တာ ဝန်ယူပြီး အကျအပေါက်၊ အပျောက် အရှမဖြစ်အောင် အကောင်းဆုံးစောင့် ရှောက်စီမံပေးနေတဲ့ ဆရာတော်ဦးဇဝ န(ဦးဇကြီး)ကလည်း ဒီအသင်း၊ ဒီရပ် ကွက်သား၊ ဒီနွမ်းပါးသူလေးတွေနဲ့ ရေ စက်ပါလာခဲ့ပုံကို အခုလို မိန့်ကြားပြန် ပါတယ်။

‘နဂါးနီစုဘူးအသင်းမှာ ဘုန်းကြီးက နာယကပေါ့။ အောက်က ဗဟိုအီးစီနဲ့ ရပ်ကွက်အီးစီအဖွဲ့တွေ တင်ပြလာသ မျှကို လေ့လာပြီး ကိုယ်တိုင်ဆုံးဖြတ် လို့ရတာတွေဆို ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်တိုင်စီမံပေါ့။ တချို့ အရာတွေဆို ရင် ဆရာတော်(ဦးဝီရသူ)ကို ပြန်ပြီး တင်ပြပေါ့။ ဒီအသင်း စလုပ်မယ်ဆို တုန်းကတော့ ဆရာတော်ကနေ မင်း ဒီအသင်းကို နာယကလုပ်ပြီး ဦးစီးရ မယ်ဆိုတော့ ဦးဇင်းက သိပ်ပြီး စိတ် ဝင်စားမှုမရှိခဲ့ဘူး။ ဘာဖြစ်လို့တုန်းဆို တော့ ငွေကိုင်ရတာ သိပ်ကြောက်တာ လေ။ တစ်ခုခု လွဲချော်မှုဖြစ်သွားပြီဆို ရင် နာမည်က ပျက်မှာလေ။ ဒါပေမဲ့ တကယ်လည်း လုပ်လာ ရော၊ လုပ်ငန်းအပေါ်မှာလည်း စိတ် နှစ်ပြီးတော့ လုပ်လာတော့ နဂါးနီစု ဘူးရဲ့ငွေပေးပွဲတစ်ခါရောက်လေ ဦး ဇင်းမှာ စိတ်ချမ်းသာမှု ရလေပဲဗျာ။ ရပ်ကွက်ထဲက ဆင်းရဲနွမ်းပါးသူတွေ၊ သူတို့လေးတွေရဲ့ မျက်နှာတွေ ပြုံးရွှင် နေတာ၊ ငွေရပြီဖြစ်လို့ သူတို့အခက် အခဲတွေ ပြေလည်သွားတာ၊ ဘာအ ရင်းအနှီးတွေ လုပ်ကြမလဲ၊ အဝတ် လျှော်စက်ဝယ်မယ်၊ ဟိုဟာဝယ်မယ်၊ ဒီဟာဝယ်မယ် စသဖြင့်ပေါ့။ အဲလို အသံတွေ ကြားရတဲ့အခါ ဦးဇင်းအ နေနဲ့ တအားကို ပီတိဖြစ်တယ်။

နောက်ပိုင်းကျတော့ ကျန်တာ တွေထက် ဒီနဂါးနီစုဘူးအသင်းအ တွက်ပဲ အားစိုက်ပြီး အချိန်တွေ ပေးခဲ့ တာပါ။ ဦးဇင်းမှာ အလုပ်တစ်ခုရှိလို့ နယ်ကိုပြန်သွားတယ်။ အဲဒီအချိန်မှာ စုဘူးပြည့်လို့ ထပ်ထုတ်ပေးရမယ့်ရက် ပေါ်လာပြီဆိုရင် ချက်ချင်းပြန်လာပြီး သူတို့အတွက်ပဲ လုပ်ပေးခဲ့တယ်။ တ လောတုန်းကဆိုရင် ဦးဇင်းအမေက နေမကောင်းလို့ ဆေးခန်းရောက်နေ တယ်။ ဒါပေမဲ့ စုဘူးဖွင့်တဲ့ရက်နဲ့တိုက် နေတယ် ကိုယ့်အမေကို ဆေးခန်းမှာ ထားပြီး ငွေပေးပွဲကို ပြေးလာရတာက လည်း ဒီနဂါးနီနဲ့ပတ်သက်ပြီး အမှတ် ရစရာတွေထဲက တစ်ခုပါပဲလေ’။

(၅)
နဂါးနီစုဘူးအသင်းဝင်တွေဟာ သက်ဆိုင်ရာ ရပ်ကွက်အီးစီအဖွဲ့ဝင် တွေရဲ့ စီမံဆောင်ရွက်မှု၊ ထောက်ခံ ပေးမှုတွေနဲ့ အသင်းထံကနေ တစ်ကြိမ် ကို ငါးသောင်းကျပ် ချေးယူရပါတယ်။ ငါးသောင်း၊ ငါးသောင်း သုံးခါချေးပြီး အတိုးရောအရင်းရော ငွေမကျန် အောင် ဆပ်တယ်ဆိုရင်တော့ ငါး သောင်းတန်းကနေ တစ်သိန်းတန်း၊ တစ်သိန်းခွဲတန်း၊ နှစ်သိန်းတန်းဆိုပြီး ထပ်ဆင့်တိုးမြှင့်ချေးပေးကြောင်း သိရ ပါတယ်။

စုဘူးဝင်တွေအနေနဲ့ ငွေတစ်ကြိမ် ချေးပြီးတဲ့အခါ ၅၅ ရက်အတွင်း အ ချိန်မီ ပြန်ဆပ်ရတယ်လို့သတ်မှတ် ထားပေမဲ့ တစ်ခါတစ်ရံ နွမ်းပါးတဲ့မိသား စုဝင်တွေ အဆင်မပြေလို့ ၅၅ ရက်က နေ ရက် ၆ဝ၊ ၇ဝ နီးပါးထိ လျှော့ပေး ရတာမျိုးရှိသလို တချို့ ငွေပြန်မဆပ် နိုင်တဲ့ စုဘူးဝင်တွေရှိနေသေးတယ်လို့ လည်း ဆိုပါတယ်။ ရပ်ကွက်သူရပ် ကွက်သားတွေနဲ့ ငွေထုတ်၊ ငွေချေးစ နစ်ကို အဆင်ပြေပြေ၊ ချောချောမွေ့ မွေ့ဖြစ်ဖို့အတွက် နဂါးနီစုဘူးအသင်းမှာ အဓိကအခန်းကဏ္ဍက အရေးပါနေ တာကတော့ ငွေချေးယူသူတွေနဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေတဲ့ စေတနာ့ဝန်ထမ်း ရပ်ကွက်အီးစီတွေ ပါပဲ။ ရပ်ကွက်အီးစီတွေဟာ အသင်း ထံကနေ ငွေကြေးတစ်စုံတစ်ရာ ရယူ ထားခြင်းမရှိဘဲ အားလုံးအဆင်ပြေစေ ဖို့အတွက် ကြားထဲကနေ အာမခံပေး ရ၊ အသင်းသားတွေဆီက ပြန်ဆပ်ငွေ ကောက်ခံပေးရ၊ ရတဲ့ငွေကိုလည်း ဗ ဟိုအီးစီအဖွဲ့ထံ သွားပေးရ အစရှိတဲ့ လူမှုကူညီရေးအလုပ်တွေကို စေတနာ သန့်သန့်နဲ့ လုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

‘နဂါးနီအီးစီတွေသည် လူတိုင်း လုပ်လို့မရဘူး။ ဘာကြောင့်လဲ။ ကိုယ် ကျိုးမပါဘူးလေ။ အိတ်စိုက်ပဲ။ အပြင် လုပ်ငန်းတွေဆို ပိုက်ဆံလိုက်ကောက် တဲ့စာရေးမတွေကို လစာပေးရမယ် လေ။ ဒီမှာကျတော့ မဟုတ်ဘူး။ အီး စီတွေဟာ ကိုယ့်ရဲ့အသိစိတ်နဲ့ကိုယ်ပဲ။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်အ မျိုး ဘာသာ သာသနာစောင့်ရှောက် ရေး၊ ကိုယ့်လူမျိုးတွေ တိုးတက်ချမ်း သာရေး၊ စိတ်နေသဘောထားတွေ မြင့်မားရေး၊ ဘဝအခြေတွေမြင့်မား ရေးအတွက် ငါသည် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ငါတတ်တဲ့ စွမ်းတဲ့ နေရာကနေ ငါ ဆောင်ရွက်မယ်ဆိုပြီး တော့ အဲလိုလုပ်ကြတာ’လို့ ဗဟိုအီးစီ အဖွဲ့ဝင်ဆရာမတစ်ဦးက ရှင်းပြပါ တယ်။

ချမ်းမြသာစည်မြို့နယ်၊ ကံသာ ယာရပ်ကွက်၊ ဇဇ(၃+၄)မှာ နဂါးနီစုဘူး ရဲ့ နာယကအဖြစ် ဘကြီးမောင်၊ တာ ဝန်ခံ ဦးဇော်ဝင်း၊ ဦးရဲမောင်၊ ဦးစံလှ စတဲ့ ရပ်ကွက်အီးစီတွေက တာဝန်ယူ ဆောင်ရွက်နေပြီး အသင်းသူ/သား လည်း ၁၂ဝ ကျော်လာခဲ့ပြီဖြစ်ပါ တယ်။

ကံသာယာရပ်ကွက် စုဘူးနဲ့ပတ် သက်ပြီး ဘကြီးမောင်က ”ဒီအီးစီအဖွဲ့ အနေနဲ့ကတော့ ၁ဝ ယောက်လောက် ရှိတယ်။ ဒါပေသိ တကယ့်အမာခံက တော့ ၄ ယောက်နဲ့ လှည့်ပတ်ပြီး တော့ ဒီအသင်းသူ အသင်းသား ၁၂၅ ဦးကို လည်ပတ်အောင် ဆက် လက်ပြီးတော့ ဆောင်ရွက်နေရတာ ပေါ့။ အဲဒီလို ဆောင်ရွက်တဲ့နေရာ မှာ နဂါးနီစုဘူးအသင်း အမှတ်(၄)က ၂၆-၇-၂ဝ၁၄ ခုနှစ်မှာ ဆရာတော်ဘု ရားကြီးရဲ့သြဝါဒနဲ့အညီ စတင်တည် ထောင်ခဲ့တာပေါ့။ အဲဒီကနေ ခုချိန်ထိ လည်ပတ်နေတာဟာဆိုရင် ကန်သာ ယာရပ်ကွက်၊ စုဘူးအမှတ်(၄)အနေနဲ့ ၃ နှစ်နဲ့ တစ်လရှိသွားပါပြီ။

အစတုန်းကတော့ အသင်းဝင် လူ ၅ဝ လောက်နဲ့ စတည်ခဲ့တာ။ စတည် ခဲ့ရာမှာ ၅ဝဝဝဝ ပေးတဲ့သူကို ၃ ကြိမ် ဆပ်ပြီးကျလို့ရှိရင် တစ်သိန်းပေးတယ်။ တစ်သိန်းရတဲ့သူက ၃ ကြိမ်ပြည့်လို့ရှိ ရင် တစ်သိန်းခွဲရတယ်။ တစ်သိန်းခွဲရ တဲ့သူ သုံးကြိမ်ပြည့်လို့ရှိရင် အသင်း ကနေ ၂ သိန်းထပ်ထုတ်ပေးတာပေါ့။ အဲလိုနဲ့ လည်ပတ်နေတဲ့အခါကျတော့ အဆင်ပြေကြပါတယ်။

အပြင်မှာ အတိုးကြီးစား စားနေ ကြတယ်။ ဆင်းရဲသားတွေခမျာ ၂ဝ တိုး၊ ၂၅ ကျပ်တိုးတွေ ပေးကြရတယ်။ အဲဒီပေါ်မှာ ဆရာတော်ဘုရားကြီးက ခံယူချက်တစ်ခုနဲ့ ဆင်းရဲသူဆင်းရဲသား တွေကို ကူညီထောက်ပံ့ဖို့ ဒီနဂါးနီစု ဘူးအသင်းကြီးကို လည်ပတ်နေတာပဲ ဖြစ်ပါတယ်’လို့ ရှင်းပြပြီး မန္တလေးမြို့၊ လေးပြင်လေးရပ်မှာ နဂါးနီစုဘူးအသင်း ၈ သင်းထိ ရှိသွားပြီလို့လည်း ဆိုပါ တယ်။

(၆)
ဆရာတော်ဦးဝီရသူရဲ့ စိတ်ကူး စိတ်သန်း၊ ကြိုးပမ်းအားထုတ်မှုနဲ့ နဂါး နီစုဘူးအသင်းရယ်လို့ ပေါ်ပေါက်လာပြီး တဲ့နောက် သူတို့အနေနဲ့ ဖြစ်ပေါ်လာ တဲ့ အကျိုးရလဒ်တွေကိုလည်း စုဘူးအ သင်း အိမ်ရှင်မတချို့ကို မေးမြန်းဖြစ် ခဲ့ပါသေးတယ်။

မဟာအောင်မြေ၊ မာလကာခြံရပ် ကွက်မှာနေတဲ့ ဒေါ်အမာရီက နဂါးနီစု ဘူးအသင်းဆီကနေ ငွေချေးယူပြီးတဲ့ နောက် အရင်းအနှီးတစ်ခု ရလာတဲ့ အတွက် သူတို့မိသားစု အရင်ကထက် လည်လည်ပတ်ပတ်နဲ့ အဆင်ပြေလာ ပြီလို့ ရင်ဖွင့်ပါတယ်။

‘အစ်မနာမည်က အမာရီတဲ့။ ဒီ ၄/၂ဝ မာလကာခြံမှာနေတာ။ ဒီအ သင်းကို မမသန်းဝင်းတို့က ပြောလို့ စသိခဲ့တာ။ ဒီအသင်းဝင်လိုက်ရင် ပိုက် ဆံချေးပေးတယ်ဆိုလို့ အသင်းဝင် လိုက်တာပဲ။
အရင်တုန်းက ယောက်ျားက လက်ဖက်ရည်ဆိုင်မှာ မုန့်လုပ်တာ။ ကျွန်တော်က ထမင်းဟင်းချက်ပေးရ တာ။ အရင်းအနှီးရပြီးမှ ဈေးထွက် ရောင်းတာပါ။ အခုတော့ လည်ပါပြီ။ အမေလည်း ခေါ်ထားတယ်၊ ညီမ လေးလည်း ခေါ်ထားပါတယ်။ နှစ် သိန်းထိ ရနေပါပြီ’လို့ ပြောကြားသွား တာပါ။

တကယ့် ရိုးရိုးအေးအေးပုံစံဖြစ်နေ တဲ့ ဒေါ်အမာရီက စကားတွေစီကာပတ် ကုံး သိပ်မပြောပြတတ်ပေမဲ့ နောက် ထပ်အသင်းဝင် အိမ်ရှင်မတစ်ယောက် ဖြစ်တဲ့ ဒေါ်ခင်စောမူကတော့ လည် လည်ပတ်ပတ် ရှင်းပြ၊ ရင်ဖွင့်တတ် တာ တွေ့ရပါတယ်။

‘အစ်မနာမည်က ခင်စောမူ။ နဂါးနီ စုဘူးကတော့ ကျွန်တော်တို့ အရင်တုန်း က အိမ်မှာ ပိုက်ဆံပြဿနာတက်ကြ တာပေါ့။ အတိုးကြီးတွေ ပေးရတယ် လေ။ ပေးရတဲ့အခါကျတော့ ကျွန် တော်တို့ ပြဿနာတက်တဲ့အခါကျ တော့ ဆရာတော်ကနေပြီးတော့ ဒီ လို ရပ်ကွက်သူရပ်ကွက်သားတွေ ဒုက္ခရောက်နေလို့ နဂါးနီစုဘူးအသင်း ဆိုပြီး ထောင်ပေးတာပါ။ အဲဒီလို စု ဘူးအသင်းထောင်ပေးပြီးမှ ဆရာတော် (ဦးဝီရသူ)က ကျွန်တော်တို့ကို ကူညီ ပေးတာပါ။ အရင်တုန်းကတော့ အ တိုးတွေနဲ့ပဲ နစ်မြုပ်နေတာပေါ့။ အခု တော့ ဆရာတော်ကူညီလို့ အရင်လို ကြီး ဒုက္ခမရောက်တော့ပါဘူး။ ပြေ ပြေလည်နဲ့ ချောင်ချောင်လည်လည်ပါပဲ။

အရင်ကဆို ကျွန်တော်တို့ ယူရ တာကိုက ဆီတိုးတွေ ယူရတာကိုး နော။ ဆီတိုးဆိုတာက သူ့ဆီက တစ် သိန်းယူတယ်ဆိုပါစို့။ တစ်သိန်းမပေး နိုင်မချင်း နေ့တိုင်းတစ်သောင်းပေးရ တယ်။ နေ့တိုင်းတစ်နေ့ တစ်သောင်း ပဲ။ လေးငါးရက်လောက် မပေးနိုင်ဘူး ဆိုရင် အဲဒီ ပိုက်ဆံတွေပါ အရင်းထဲ ပေါင်းပြီး တစ်သောင်းခွဲ၊ နှစ်သောင်း ထပ်ပေးရပြန်ရော။ မပေးနိုင်တဲ့အခါ ကျတော့ ရုံးရောက် ဂါတ်ရောက်အထိ ဖြစ်ခဲ့ရတာပေါ့’လို့ ရှင်းပြပါတယ်။

ရပ်ကွက်ထဲမှာ မရှိဆင်းရဲသားဆို တဲ့ နွမ်းနွမ်းပါးပါး မိသားစုဝင်တွေက ဒီလောက် အတိုးကြီးစားသူတွေဆီက နေ မတန်မရာ ငွေကြေးတွေကို ဘာ လို့ အနစ်မွန်းခံပြီး ယူခဲ့ကြတာလဲ၊ နောက်ပြီး နေ့တိုင်းကိစ္စပေးနေရတဲ့ အတိုးငွေတွေကိုရော ဘယ်လိုနည်းနဲ့ ပြန်ဆပ်နေကြသလဲ ဆက်မေးရာမှာ တော့ ဒေါ်ခင်စောမူက ခုလို ဖြေကြား ပါတယ်။

ကျွန်တော်တို့က လောလော လတ်လတ် အဆင်မပြေရင် ပြေသလို လုပ်ရတာလေ။ မဖြစ်ရင် ဖြစ်သလို လုပ်ရတာလေ။ အဲတော့ အတိုးဘယ် လောက်ကြီးကြီး ယူရတာပေါ့။ ဒီလို ဆင်းရဲတဲ့သူတွေ များနေလို့ ဆရာ တော်က ဒီလိုလုပ်ပေးခဲ့တာပါ။ မာလ ကာခြံမှာ စုဘူးအသင်းစစချင်းကတည်း က ဝင်ခဲ့တာပဲ။ အရင်တုန်းကတော့ ဆီတိုးကို ခြောက်သောင်း၊ ခုနစ်သောင်း လောက်ထိယူပြီး နေ့တိုင်းနေ့တိုင်း ဒါကြီးပေးဖို့ပဲ ပူနေရတာ။ ခုကျ ဘာမှ လည်းပူစရာမလိုဘူး။ အြေ<ွကးလည်း ဘာမှ မရှိတော့ဘူး။ ဆရာတော်ကို ပေး ဖို့ပဲရှိတော့တယ်။ ဒီအသင်းကလည်း အတိုးကြီး ယူမထားဘူးလေ။ ဆရာ တော်က ငါးကျပ်တိုးဆိုပေမယ့် ဒီ ဆင်းရဲတဲ့အခါတို့၊ ဆေးရုံတက်ရတဲ့ အခါတို့ဆို ဒီငွေထဲကနေပဲ ထောက်ပံ့ ပေးတာလေ။ သုံးသောင်းမျိုး၊ ငါး သောင်းမျိုး ထုတ်ပေးခဲ့တာပေါ့။ ရောဂါ ဖြစ်ခဲ့ရင်တောင်မှ ဆရာတော်ကနေ ထောက်ပံ့ပေးတာဆိုတော့ ကျွန်တော် တို့ အဆင်ပြေတာပေါ့။

အိုး .. ကျပ်တည်းတုန်းကတော့ ဘယ်လောက် ကျပ်တည်းလဲ မမေးပါ နဲ့။ မပေးနိုင်လို့ တောင်ပြေးရ၊ မြောက် ပြေးရ၊ ဟိုထွက်ပြေးရ၊ ဒီထွက်ပြေးရ နဲ့ပဲ။ မေးမနေပါနဲ့တော့’။

နောက်ထပ် အိမ်ရှင်မတစ်ဦးဖြစ် သူ မနွဲ့နွဲ့ဝင်းကတော့-
‘ပိုက်ဆံ(နဂါးနီစုဘူးအသင်းထံ က) မယူခင်တုန်းကတော့ သူများဆီ ကနေ ဒန်ကန်တွေ၊ ဘာတွေငှားပြီး အဝတ်လျှော်ရပါတယ်။ ဒီပိုက်ဆံလေး ရတဲ့အခါကျတော့ ကိုယ်ဘာသာကိုယ် ဒန်ကန်၊ အဝတ်လျှော်တဲ့ပစ္စည်းတွေ ဝယ်ပြီး လျှော်ပါတယ်။ ဒီက ပိုက်ဆံ လေးဘာလေး ထပ်ရတဲ့အခါကျတော့ လည်း အိမ်ကအမျိုးသားက ကျောက် လေးဘာလေးဝယ်မယ်ဆိုတော့ အရင်း အနှီးလေးဘာလေး ထည့်ပေးပါတယ်။ အဆင်ပြေပါတယ်။ အခုဆိုရင် ပိုက် ဆံကတော့ နှစ်သိန်းထိရပါပြီ’လို့ ဖွင့်ဟသွားတာ တွေ့ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)
မိုးအောင်လင်းနိုင်