သတင်း

ကျောင်းရေစက်ချ အလှူပွဲ

နယုန်လပြည့်ကျော် ၈ ရက် 17.6.2017 မနက် 10:00 နာရီ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာမှာကျင်းပပါတယ်။ ရွှေမြိုင်ကျောင်းဆောင်ရေစက်ချပွဲပါ။

ကျောင်းဒါယကာ ဦးသန်းဇော်မြင့်+ကျောင်းဒါယိကာမဒေါ်ဝင်းမာ (သမီး)မေမြတ်နိုး မိသားစုရဲ့ အလှူဒါန ဖြစ်ပါတယ်။
ဓမ္မစကူးလ်ကျောင်းသူ ကျောင်းသားလေးများ သင်တန်းတက်ဖို့ ရည်ရွယ်တာပါ။ လက်ရှိမှာ ကျားတက်ရွာအပြင် ရွာနီးစပ်မှ ကျောင်းသူကျောင်းသားများလည်း သင်တန်းတက်ကြလို့ သင်တန်းသူ သင်တန်းသား လေးရာကျော်ရှိပါတယ်။

ရွာသူရွာသားများကလည်း ကလေးများပျော်အောင် အာဟာရဒါနအမြဲပြုကြပါတယ်။ ဒီကျောင်းဆောင်လေးပြီးသွားပြီဆိုတော့ ကျားတက်ရွာရဲ့ ဓမ္မစကူးလ်သာသနာ ပိုပြီးထွန်းတောက်လာတော့မှာ ပါ။ အခမ်းအနားမှာ ရန်ကုန်မိုးကုတ်ဝိပဿနာဆရာတော်ကြီးက တရားချီးမြှင့်ပါတယ်။