သတင်း

“ စုပေါင်းသွေးလှူဒါန်းပွဲ”

“ စုပေါင်းသွေးလှူဒါန်းပွဲ”
=============
“ ဖြစ်မြောက်ရေး၊ အလှူရှင်များ”
=================

ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်း သွေးလှူအသင်းမှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ သွေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက်——

၁။ မယ်တော်ကြီး ဒေါ်ပေါရွှေ- ၂၀၀၀၀၀ိ/
၂။ ဒေါ်မြင့်မြင့်စိုး (ရန်ကုန်) -၁၀၀၀၀၀ိ/
၃။ ဦးသန်းဇော်မြင့်+ ဒေါ်ဝင်းမာခင် မိသားစု – ၅၀၀၀၀၀ိ/
၎။ ဦးတင်မောင်ဝင်း+ ဒေါ်ဌေး (ရွှေအိမ် မိသားစု) -၂၀၀၀၀၀၀ိ/
၅။ ဒေါ်အေးအေးသိန်း (ယွန်းဝတီ ရွှေဆိုင် မိသားစု)-၅၀၀၀၀၀၀ိ/
၆။ ဦးစိုးသိန်း မိသားစု (မန္တလေး) ဒန်ပေါက်ပွဲ ၄၅၀စာလှူ
၇။ ဦးတိုးကြီး မိသားစုက အအေးဘူး ၄၅၀ စာလှူဒါန်းထားပါသည်။

သွေးလှူရှင် အားလုံးအား စာအုပ်၊ အအေးဘူး၊ ရေသန့််ဘူး၊ အားဆေး၊ မျက်စဉ်း လက်ဆောင်အဖြစ် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပြီး၊ နယ်ဝေးမှ သွေးလာလှူသူများအား လိုင်းကားခ၊ စက်ဆီဖိုးများ ပြန်လည် လှူဒါန်းသွားမည် ဖြစ်ပါသည်။

သွေးလှူဒါန်း ဌာနမှာ-—
၁။ ပြင်ဦးလွင် တပ်မတော်ဆေးရုံ (၅၀)အိတ်
၂။ မန္တလေးပြည်သူ့ဆေးရုံကြီး (၁၀၀)အိတ်
၃။ မန္တလေးခုတင်သုံးရာဆေးရုံ (၈၀)အိတ် လှူဒါန်းမည်ဖြစ်ရာ တစ်ဦးချင်းစီ လှူဒါန်းလိုသူများသည် နီးစပ်ရာ ဆေးရုံသို့ လာရောက် လှူဒါန်းနိုင်ပါသည်။

နေ့ရက်။ ။26.6.2022
အချိန်။ ။မနက် 9:00 မှ 12:00
နေရာ။ ။ပြင်ဦးလွင်တပ်မတော်ဆေးရုံ
မန္တလေးဆေးရုံကြီး
မန္တလေးခုတင်သုံးရာဆေးရုံ
သွေးလှူဒါန်းပြီးလျှင် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းသို့ လက်ဆောင်ပစ္စည်းများ လာယူကြရမှာ ဖြစ်သလို သွေးလှူဒါန်းမှု အစုစုအတွက် မွေးနေ့ရှင် ဆရာတော်က ရေစက်သွန်းချ အမျှဝေပေးမည် ဖြစ်ပါသည်။


ဆက်သွယ်ရန်။ ။ 09-256119917
09-250911221
09-2003656