သတင္း

မန္း မဘသ ယဥ္ေက်းလိမၼာဆုႏွင္းသဘင္

နယုန္လျပည့္ေက်ာ္ (၄)ရက္၊ 2.6.2018 စေနေန႔၊ မြန္းတည့္ ၁၂း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ကားကြင္းအနီး လမ္း(၆၀)၊ (၄၁×၄၂)လမ္းၾကား၊ မဟာဝိဇယေက်ာင္းတုိက္မွာက်င္းပပါတယ္။

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔ (အထက္ျမန္မာျပည္)မႏၲေလးၿမဳိ႕ (မန္း မဘသ)အဖြဲ႔က ဦးစီးက်င္းပတဲ့ တုိင္းအဆင့္ စာေမးပြဲႀကီးပါ။

တတိယအႀကိမ္ ဆုႏွင္းသဘင္ျဖစ္ပါတယ္။ မႏၲေလးတုိင္းႏွင့္ စစ္ကိုင္းတုိင္းတုိ႔မွ ေက်ာင္းသူေက်ာင္းသားေလးမ်ား လာေရာက္ေျဖဆုိၾကပါတယ္။ ေျဖဆိုသူ (၉၀၀)ေက်ာ္မွ အထူးေအာင္မ်ားႏွင့္ ႏွစ္သိမ့္ဆုမ်ားကိုသာ ဆုေပးပါတယ္။ ရိုးရိုးေအာင္သူမ်ားကို ေအာင္လက္မွတ္ပဲ ေပးပါတယ္။

အခမ္းအနားမွာ ရမည္းသင္း၊ ေပ်ာ္ဘြယ္ စသည့္ နယ္ၿမဳိ႕မ်ားႏွင့္ မႏၲေလးမွ ဆရာေတာ္သံဃာေတာ္မ်ား ေက်ာင္းသားေက်ာင္းသူမ်ား မိဘျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

ေပ်ာ္ဘြယ္ မဘသ ဥကၠ႒ဆရာေတာ္ႀကီး ဦးဝိလာသ၊ ရမည္းသင္း မဘသ ဆရာေတာ္ အရွင္စေႏၵာဘာသ၊ နိရုတၱိဆရာေတာ္ အရွင္ဣႏၵာစကၠာဘိဝံသႏွင့္ စာေရးသူတုိ႔က အသီးအသီး ၾသဝါဒေပးၾကပါတယ္။

စာေရးသူကေတာ့ “သာသနာ ပညာ ယဥ္ေက်းမႈ ေကာင္း ေတာ္ ယဥ္ေအာင္ျပဳ” ေဆာင္ပုဒ္ႏွင့္အညီ လိမၼာဖို႔၊ ထူးခၽြန္ဖုိ႔၊ သိမ္ေမြ႔ဖုိ႔ ေဟာၾကားခဲ့ပါတယ္။

 

“မန်း မဘသ ယဉ်ကျေးလိမ္မာဆုနှင်းသဘင်”

နယုန်လပြည့်ကျော် (၄)ရက်၊ 2.6.2018 စနေနေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကားကွင်းအနီး လမ်း(၆၀)၊ (၄၁×၄၂)လမ်းကြား၊ မဟာဝိဇယကျောင်းတိုက်မှာကျင်းပပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မန္တလေးမြို့ (မန်း မဘသ)အဖွဲ့က ဦးစီးကျင်းပတဲ့ တိုင်းအဆင့် စာမေးပွဲကြီးပါ။

တတိယအကြိမ် ဆုနှင်းသဘင်ဖြစ်ပါတယ်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ကျောင်းသူကျောင်းသားလေးများ လာရောက်ဖြေဆိုကြပါတယ်။ ဖြေဆိုသူ (၉၀၀)ကျော်မှ အထူးအောင်များနှင့် နှစ်သိမ့်ဆုများကိုသာ ဆုပေးပါတယ်။ ရိုးရိုးအောင်သူများကို အောင်လက်မှတ်ပဲ ပေးပါတယ်။

အခမ်းအနားမှာ ရမည်းသင်း၊ ပျော်ဘွယ် စသည့် နယ်မြို့များနှင့် မန္တလေးမှ ဆရာတော်သံဃာတော်များ ကျောင်းသားကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။

ပျော်ဘွယ် မဘသ ဥက္ကဋ္ဌဆရာတော်ကြီး ဦးဝိလာသ၊ ရမည်းသင်း မဘသ ဆရာတော် အရှင်စန္ဒောဘာသ၊ နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနှင့် စာရေးသူတို့က အသီးအသီး သြဝါဒပေးကြပါတယ်။

စာရေးသူကတော့ “သာသနာ ပညာ ယဉ်ကျေးမှု ကောင်း တော် ယဉ်အောင်ပြု” ဆောင်ပုဒ်နှင့်အညီ လိမ္မာဖို့၊ ထူးချွန်ဖို့၊ သိမ်မွေ့ဖို့ ဟောကြားခဲ့ပါတယ်။