သတင္းအင္တာဗ်ဴး

ႏုိင္ငံေရးအရ ဖိအားေပးတဲ့အေနနဲ႔ ႏုိင္ငံေရးသမားေတြနဲ႔ေပါင္းၿပီး သမဂၢစိတ္မေမြးဘဲ ရဟန္းသံဃာအခ်င္းခ်င္း ဘုရားသားေတာ္အခ်င္းခ်င္း ရန္မူေနတာဟာ ေမတၱာတရားလားလုိ႔ ျပန္ေမးခြန္းထုတ္ခ်င္ပါတယ္(အပုိင္း-၂ နိဂုံး)

သာသနာေတာ္၏ ကဝိတစ္ဆူ၊ ဆရာေတာ္အရွင္ဝီရသူႏွင့္ေတြ႕ဆုံျခင္း

ေမး။ ။ တပည့္ေတာ္သိခ်င္တာက လက္ရွိႏုိင္ငံေရးအေျခအေနကုိ အစုိးရရဲ႕ကုိင္တြယ္မႈ၊ ဆရာေတာ္က မေမးနဲ႔လုိ႔ေျပာေပမယ့္ ရခုိင္အေရးနဲ႔ပတ္သက္ၿပီး လက္ရွိအစုိးရ ကုိင္တြယ္မႈေတြအေပၚမွာ ဘယ္လုိ သေဘာထားရွိပါသလဲဘုရား။ ႏုိင္ငံရဲ႕အခ်ဳပ္အျခာအာဏာကုိ ျပည္ပစြက္ဖက္မႈေတြမ်ားေနတဲ့အေၾကာင္း အရာေတြအေပၚမွာေရာေပါ့။

ေျဖ။ ။ အဲဒါကေတာ့ မိဘႏွစ္ပါး ဥပမာနဲ႔ေပးရဦးမွာေပါ့။ အေဖက အရက္သမားျဖစ္ေနဦးေတာ့ ဆုိးသြမ္းေနသူ တစ္ဦးတစ္ေယာက္ျဖစ္ေနဦးေတာ့ အေဖရွိေသးရင္ အိမ္အတြက္ လုံၿခဳံတာေပါ့ေနာ္။ အေဖမရွိေတာ့ဘူးဆုိရင္ေတာ့ မိခင္က ဘယ္ေလာက္ခ်မ္းသာတဲ့သူပဲျဖစ္ျဖစ္ ဘယ္ေလာက္ အေနအထုိင္ ေကာင္းတဲ့သူ၊ ဘယ္ေလာက္ ဣေျႏၵေကာင္းတဲ့သူဘဲျဖစ္ျဖစ္၊ ထိကပါး၊ ရိကပါးလုပ္တာခံရမွာပဲ။ ေနာက္ဆုံး အိမ္ေပၚတက္ၿပီး က်ဴးေက်ာ္တာခံရမွာဘဲ။ တုိ႔ႏုိင္ငံက အဲ့လုိျဖစ္ေနတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ မုဆုိးမတုိင္းျပည္ဆုိေတာ့ ဟုိလူကလည္း လာေစာ္ကားတာခံရ၊ ဒီလူကလည္း လာေစာ္ကားတာခံရ။ ကမၻာႀကီးတစ္ခုလုံးက က်ဴးေက်ာ္ခ်င္တုိင္း က်ဴးေက်ာ္လုိ႔ရသလုိျဖစ္ေနတယ္။ ေနာက္ အစုိးရကေတာ့ ဥေရာပရာဇဝင္အတုိင္းပဲ ထရုိဂ်န္ကုိ အတင္းဆြဲသြင္းေနပါတယ္။ ဦးဇင္းတုိ႔ သံဃာေတာ္ေတြအပါအဝင္၊ လူေတြအားလုံးလည္း ဂရုစုိက္ ကာကြယ္ၾကပါ။ ထရုိဂ်န္ျမင္းရုပ္ႀကီးကုိ ျပည္ထဲကုိ အဝင္ခံလုိက္တာနဲ႔ ပထမဦးဆုံး ရခုိင္ျပည္နယ္ရဲ႕ အခ်ဳပ္အျခာက်ဆုံးသြားမွာပါ။

ေမး။ ။ အရွင္ဘုရားကုိ Facebook က ပိတ္ထားတယ္ဆုိေတာ့ အမ်ဳိးသားေရးကိစၥေတြကုိ ဘယ္လုိ ေရွ႕ဆက္လုပ္သြားမွာလဲဘုရား။ အဲ့ဒါေလး သိပါရေစ။

ေျဖ။ ။ တရားေဟာခြင့္ပိတ္လုိက္ေတာ့ Facebook ကုိအားျပဳၿပီး အမ်ဳိးသားေရးလုပ္ပါတယ္။ Facebook ပိတ္ေတာ့ Youtube အားျပဳၿပီး အမ်ဳိးသားေရးလုပ္ပါတယ္။ Youtube က သိပ္မတြင္က်ယ္တဲ့အတြက္ေၾကာင့္ Twitter သုံးၿပီးေတာ့ အမ်ဳိးသားေရးလုပ္ပါတယ္။ Twitter ကုိ ျပည္သူလူထုက အထိအေတြ႕နည္းတဲ့အတြက္ ေၾကာင့္ ေနာက္ထပ္ အျခားနည္းလမ္းရွာၿပီးေတာ့ ဦးဇင္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကုိ ကမၻာႀကီးကုိ ခ်ျပဖုိ႔ ႀကဳိးစားေနပါတယ္။ အျခားနည္းလမ္းကေတာ့ တစ္လေလာက္ၾကာရင္ အားလုံးကုိ ေၾကညာေပးပါမယ္။ အခုကေတာ့ ေျပာလုိ႔မရေသးလုိ႔ပါ။ အခုကေတာ့ တရားေဟာရင္းနဲ႔လည္း အမ်ဳိးသားေရးျပန္လုပ္လုိ႔ ရပါတယ္။ အခုက Facebook အပိတ္ခံထားရတယ္ဆုိေပမယ့္ Application ရွိတယ္။ ဝက္ဘ္ဆုိက္ရွိတယ္။ ဒါေတြနဲ႔လည္း အဆက္မျပတ္လုပ္ေဆာင္ေနတယ္။

ေမး။`။ ကုလားတရားမေဟာေတာ့ဘူး။ ဗမာတရားဘဲေဟာေတာ့မယ္ဆုိတဲ့ အနက္အဓိပၸါယ္ကုိ ရွင္းျပလုိ႔ရမလားဘုရား။

ေျဖ။ ။ ဗမာတရားဆုိတာေတာ့ ဒကာႀကီးေရ။ ႏုိင္ငံေရးေပါ့။ ဦးဇင္းတုိ႔က အရင္က အမ်ဳိးသားေရးေဟာတာကုိး။ ႏုိင္ငံေရးနဲ႔ပတ္သက္တာက တစ္လုံးစ၊ ႏွစ္လုံးစပဲပါတယ္။ အမ်ဳိးသားေရးနဲ႔ ဆက္ႏြယ္ေနလုိ႔ပါတာ။ ဒီတစ္ခါေတာ့ အမ်ဳိးသားေရးၾကားမညွပ္ေတာ့ဘဲ ပိဋကတ္ေတာ္ေဟာရင္းနဲ႔ ႏုိင္ငံေရးေတြ ၾကားညွမ္သြားမွာ။

ေမး။ ။ ျမန္မာျပည္သူေတြနဲ႔ပတ္သက္ၿပီးေတာ့ အမ်ဳိးသားေရးအားျဖည့္စကားေလး ေျပာၾကားေပးပါဘုရား။ ျဖည့္စြက္ၿပီး ေျပာစရာရွိရင္လည္း မိန္႔ၾကားေပးပါဘုရား။

ေျဖ။ ။ မ်ဳိးခ်စေတြ အားမငယ္ပါနဲ႔၊ အင္အားေတြ အလကားသက္သက္ မကုန္ဆုံးပါေစနဲ႔။ မိမိအင္အားေတြကုိ စုစည္းထားပါ။ အေရးရယ္၊ အေၾကာင္းရယ္ဆုိ အမိေျမကုိ ခုခံကာကြယ္ရမယ့္အခ်ိန္ က်ေရာက္လာၿပီ။ အဲဒီအခ်ိန္မွာ အင္အားေတြ ဆုံးရႈံးသြားမယ္ဆုိရင္ ထိထိေရာက္ေရာက္ မကာကြယ္ႏုိင္မွာ စုိးလုိ႔ပါ။ ေျပာလုိက္ပါ ဦးဇင္း ၂၀၁၂ ခုႏွစ္ ေထာင္ကလြတ္လာေတာ့ သတင္းဌာနေတြ ေမးတဲ့အခါ ေနာက္ဆုံးအေနနဲ႔ ႏႈတ္ဆက္စကားေလး ေျပာလုိက္ပါတယ္။ ျပည္သူေတြကုိ ေျပာလုိက္ပါ။ ဗုိလ္ေအာင္ဒင္ ျပန္လာၿပီလုိ႔။

ေနထက္ေဝ

 

 

“နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး သမဂ္ဂစိတ်မမွေးဘဲ ရဟန်းသံဃာအချင်းချင်း ဘုရားသားတော်အချင်းချင်း ရန်မူနေတာဟာ မေတ္တာတရားလားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်(အပိုင်း-၂ နိဂုံး)”

သာသနာတော်၏ ကဝိတစ်ဆူ၊ ဆရာတော်အရှင်ဝီရသူနှင့်တွေ့ဆုံခြင်း

မေး။ ။ တပည့်တော်သိချင်တာက လက်ရှိနိုင်ငံရေးအခြေအနေကို အစိုးရရဲ့ကိုင်တွယ်မှု၊ ဆရာတော်က မမေးနဲ့လို့ပြောပေမယ့် ရခိုင်အရေးနဲ့ပတ်သက်ပြီး လက်ရှိအစိုးရ ကိုင်တွယ်မှုတွေအပေါ်မှာ ဘယ်လို သဘောထားရှိပါသလဲဘုရား။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပြည်ပစွက်ဖက်မှုတွေများနေတဲ့အကြောင်း အရာတွေအပေါ်မှာရောပေါ့။

ဖြေ။ ။ အဲဒါကတော့ မိဘနှစ်ပါး ဥပမာနဲ့ပေးရဦးမှာပေါ့။ အဖေက အရက်သမားဖြစ်နေဦးတော့ ဆိုးသွမ်းနေသူ တစ်ဦးတစ်ယောက်ဖြစ်နေဦးတော့ အဖေရှိသေးရင် အိမ်အတွက် လုံခြုံတာပေါ့နော်။ အဖေမရှိတော့ဘူးဆိုရင်တော့ မိခင်က ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ် ဘယ်လောက် အနေအထိုင် ကောင်းတဲ့သူ၊ ဘယ်လောက် ဣနြေ္ဒကောင်းတဲ့သူဘဲဖြစ်ဖြစ်၊ ထိကပါး၊ ရိကပါးလုပ်တာခံရမှာပဲ။ နောက်ဆုံး အိမ်ပေါ်တက်ပြီး ကျူးကျော်တာခံရမှာဘဲ။ တို့နိုင်ငံက အဲ့လိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုဆိုးမတိုင်းပြည်ဆိုတော့ ဟိုလူကလည်း လာစော်ကားတာခံရ၊ ဒီလူကလည်း လာစော်ကားတာခံရ။ ကမ္ဘာကြီးတစ်ခုလုံးက ကျူးကျော်ချင်တိုင်း ကျူးကျော်လို့ရသလိုဖြစ်နေတယ်။ နောက် အစိုးရကတော့ ဥရောပရာဇဝင်အတိုင်းပဲ ထရိုဂျန်ကို အတင်းဆွဲသွင်းနေပါတယ်။ ဦးဇင်းတို့ သံဃာတော်တွေအပါအဝင်၊ လူတွေအားလုံးလည်း ဂရုစိုက် ကာကွယ်ကြပါ။ ထရိုဂျန်မြင်းရုပ်ကြီးကို ပြည်ထဲကို အဝင်ခံလိုက်တာနဲ့ ပထမဦးဆုံး ရခိုင်ပြည်နယ်ရဲ့ အချုပ်အခြာကျဆုံးသွားမှာပါ။

မေး။ ။ အရှင်ဘုရားကို Facebook က ပိတ်ထားတယ်ဆိုတော့ အမျိုးသားရေးကိစ္စတွေကို ဘယ်လို ရှေ့ဆက်လုပ်သွားမှာလဲဘုရား။ အဲ့ဒါလေး သိပါရစေ။

ဖြေ။ ။ တရားဟောခွင့်ပိတ်လိုက်တော့ Facebook ကိုအားပြုပြီး အမျိုးသားရေးလုပ်ပါတယ်။ Facebook ပိတ်တော့ Youtube အားပြုပြီး အမျိုးသားရေးလုပ်ပါတယ်။ Youtube က သိပ်မတွင်ကျယ်တဲ့အတွက်ကြောင့် Twitter သုံးပြီးတော့ အမျိုးသားရေးလုပ်ပါတယ်။ Twitter ကို ပြည်သူလူထုက အထိအတွေ့နည်းတဲ့အတွက် ကြောင့် နောက်ထပ် အခြားနည်းလမ်းရှာပြီးတော့ ဦးဇင်းရဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာကြီးကို ချပြဖို့ ကြိုးစားနေပါတယ်။ အခြားနည်းလမ်းကတော့ တစ်လလောက်ကြာရင် အားလုံးကို ကြေညာပေးပါမယ်။ အခုကတော့ ပြောလို့မရသေးလို့ပါ။ အခုကတော့ တရားဟောရင်းနဲ့လည်း အမျိုးသားရေးပြန်လုပ်လို့ ရပါတယ်။ အခုက Facebook အပိတ်ခံထားရတယ်ဆိုပေမယ့် Application ရှိတယ်။ ဝက်ဘ်ဆိုက်ရှိတယ်။ ဒါတွေနဲ့လည်း အဆက်မပြတ်လုပ်ဆောင်နေတယ်။

မေး။`။ ကုလားတရားမဟောတော့ဘူး။ ဗမာတရားဘဲဟောတော့မယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြလို့ရမလားဘုရား။

ဖြေ။ ။ ဗမာတရားဆိုတာတော့ ဒကာကြီးရေ။ နိုင်ငံရေးပေါ့။ ဦးဇင်းတို့က အရင်က အမျိုးသားရေးဟောတာကိုး။ နိုင်ငံရေးနဲ့ပတ်သက်တာက တစ်လုံးစ၊ နှစ်လုံးစပဲပါတယ်။ အမျိုးသားရေးနဲ့ ဆက်နွယ်နေလို့ပါတာ။ ဒီတစ်ခါတော့ အမျိုးသားရေးကြားမညှပ်တော့ဘဲ ပိဋကတ်တော်ဟောရင်းနဲ့ နိုင်ငံရေးတွေ ကြားညှမ်သွားမှာ။

မေး။ ။ မြန်မာပြည်သူတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသားရေးအားဖြည့်စကားလေး ပြောကြားပေးပါဘုရား။ ဖြည့်စွက်ပြီး ပြောစရာရှိရင်လည်း မိန့်ကြားပေးပါဘုရား။

ဖြေ။ ။ မျိုးချစတွေ အားမငယ်ပါနဲ့၊ အင်အားတွေ အလကားသက်သက် မကုန်ဆုံးပါစေနဲ့။ မိမိအင်အားတွေကို စုစည်းထားပါ။ အရေးရယ်၊ အကြောင်းရယ်ဆို အမိမြေကို ခုခံကာကွယ်ရမယ့်အချိန် ကျရောက်လာပြီ။ အဲဒီအချိန်မှာ အင်အားတွေ ဆုံးရှုံးသွားမယ်ဆိုရင် ထိထိရောက်ရောက် မကာကွယ်နိုင်မှာ စိုးလို့ပါ။ ပြောလိုက်ပါ ဦးဇင်း ၂၀၁၂ ခုနှစ် ထောင်ကလွတ်လာတော့ သတင်းဌာနတွေ မေးတဲ့အခါ နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားလေး ပြောလိုက်ပါတယ်။ ပြည်သူတွေကို ပြောလိုက်ပါ။ ဗိုလ်အောင်ဒင် ပြန်လာပြီလို့။

နေထက်ဝေ