သတင္းအင္တာဗ်ဴး

သမုိင္းက အဆုံးအျဖတ္ေပးသြားမွာပါ (အပုိင္း-၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- တရားေဟာခြင့္ ျပန္ရၿပီဆိုေတာ့ တရားပြဲေတြ လက္ခံထားတာရွိလားဘုရား။ ရွိရင္ အဲဒီတရားပြဲေတြမွာ ဘယ္လိုတရား ေတြ စေဟာမလဲဘုရား။

ေျဖ- တရားပြဲေတြ လက္ခံထားတာ ရွိပါ တယ္။ အဲဒီလက္ခံထားတဲ့ တရားပြဲေတြ မွာေတာ့ ေလေျပေလေအးေလးေတြပဲ ေဟာရမွာပါ။ အရင္တုန္းကလို မေဟာ ျဖစ္တဲ့အတြက္ေၾကာင့္ ပရိသတ္ကိုေတာ့ ပဏာမ နိဒါန္းပ်ိဳးတဲ့အေနနဲ႔ ေတာင္းပန္ စကားေျပာရမွာေပါ့။

ေမး- အရွင္ဘုရား တရားေဟာခြင့္ျပန္ ရတာနဲ႔ပတ္သက္ၿပီး အ့န ဠသငခန က မဟနဥကၠ႒ဆရာေတာ္ႀကီးကို ေမးထား တဲ့ထဲမွာ အဖြင့္၊ အ႒ကထာ၊ ပါဠိေတာ္ မ်ားလာတဲ့အတုိင္းေဟာရင္ အႏၲရာယ္ မရွိ ဘူး၊ ဒါေပမယ့္ အစိုးရကိုဆန္႔က်င္ၿပီး မေဟာနဲ႔လို႔ ေျပာထားတာရွိပါတယ္ဘုရား။ ေနာက္ၿပီးေတာ့ အစိုးရနဲ႔ ဆန္႔က်င္တာ မေကာင္းဘူးလို႔လည္း ေျပာထားတာရွိပါ တယ္ဘုရား။ အဲဒီအေပၚမွာ အရွင္ဘုရား အေနနဲ႔ ဘာေျပာစရာရွိမလဲဘုရား။

ေျဖ- အဲဒီအခ်က္ႏွစ္ခ်က္ကို ေျပာရ ရင္ေတာ့ ပထမအဆင့္ ဦးဇင္း တရားပြဲ အပိတ္ခံရတာက ဓမၼဝိနယနဲ႔မညီလို႔ အ ပိတ္ခံရတာမဟုတ္ဘူးေလ။ သူတို႔ေခါင္း စဥ္တပ္ခ်င္တုိင္းတပ္ၿပီးေတာ့ စမကပုဒ္မ နဲ႔လုပ္လို႔သာ အပိတ္ခံရတာကိုး။
တစ္အခ်က္ကေတာ့ အစိုးရကိုဆန္႔ က်င္တာမေကာင္းဘူး၊ အစိုးရကို ဆန္႔ က်င္တာမေဟာနဲ႔လို႔ အစိုးရက ဘုရား တရားေတာ္နဲ႔ ညီေနမယ္၊ ျပည္သူလူထု ကို ျဗဟၼာစိုရ္တရားနဲ႔အုပ္ခ်ဳပ္မယ္ဆိုရင္ ဦးဇင္းတို႔က အမုန္းခံၿပီး ဆန္႔က်င္ေနစရာ အေၾကာင္းမရွိဘူးေလ။ ဒါေပမယ့္ အစိုးရ ကကိုယ္တုိင္ကိုက ျပည္သူ႔အသံလည္း နားမေထာင္၊ ျပည္သူလူထုအက်ိဳးစီးပြား လည္း မေဆာင္ရြက္၊ ျပည္သူလူထု အ ထြဋ္အျမတ္ထားတဲ့ ဘာသာ သာသနာ ကိုလည္း ႏွိပ္ကြပ္တယ္၊ ဘာသာ သာသ နာ ေရရွည္မတည္တံ့ႏိုင္ေအာင္ ေရေသာက္ ျမစ္ေတြကို လိုက္ၿဖိဳခြဲေနတယ္၊ ဒါမ်ိဳးဆို ရင္ေတာ့ ဘုရားစကားကိုပဲ နားေထာင္ ရမွာေပါ့ေနာ္။ အစိုးရ အလိုက်လုပ္ေနတဲ့ သူေတြရဲ႕စကားကိုေတာ့ နားေထာင္လို႔ မရဘူးေပါ့။
ေနာက္တစ္ခ်က္ကေတာ့ ဆရာ ေတာ္ႀကီးက ဒီႏွစ္ခ်က္ပဲေျပာလိုက္တာ ကို ေထာက္ေသာအားျဖင့္ ဦးဇင္းကို တရားပြဲပိတ္တာဟာ သူတို႔ေခါင္းစဥ္တပ္ ထားတဲ့ အမုန္းစကားတို႔၊ အမုန္းတရား ျဖန္႔ျဖဴးတယ္တို႔ ဘာတို႔ညာတို႔ အဲဒါ ေတြေၾကာင့္မဟုတ္ဘူးဆိုတာ သိသာ သြားၿပီေလ။ အဓိကကေတာ့ အစိုးရကို ထိခိုက္လို႔ပိတ္တယ္။ ဒါပါပဲ။ ဆရာေတာ္ ႀကီးရဲ႕ စကားထဲက အေျဖရသြားတာေပါ့။

ေမး- တရားပြဲပိတ္တာ ရက္ျပည့္တဲ့ အ ခ်ိန္မွာ သတင္းမီဒီယာေတြက အရွင္ ဘုရားဆီကို အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေမး ၾကတာေတြရွိပါတယ္ဘုရား။ အဲဒီထဲကမွ ဧရာဝတီသတင္းဌာနက အရွင္ဘုရား မေျပာတဲ့ စကားတစ္ခြန္းကို သတင္း ေခါင္းစဥ္လုပ္ၿပီး သတင္းေရးထားတာ လည္း ေတြ႕ရပါတယ္ဘုရား။ အဲဒါနဲ႔ပတ္ သက္ၿပီး အရွင္ဘုရား ဘာေျပာစရာရွိမ လဲဘုရား။

ေျဖ- ဟုတ္တယ္၊ အဲဒီသတင္းေထာက္ ေလးကိုလည္း ဒီေန႔ပဲေခၚၿပီး ေျပာလိုက္ ပါၿပီ။ ဦးဇင္းမေျပာဘဲ ေရးလိုက္တဲ့အ တြက္ေၾကာင့္ ျပန္ျပင္ဆင္ေပးပါလို႔။ သူ႔ အေနနဲ႔ေတာ့ ျပင္ဆင္ဖို႔က ဝန္မေလးပါ ဘူး။ ပုဂိၢဳလ္ေရးအရလည္း ခင္မင္ရင္းႏွီး တဲ့သူျဖစ္ေနတာကိုး။ ဒါေပမယ့္ သူ႕ဌာန ရဲ႕ သေဘာထားက မသိရဘူးေပါ့။ အဲဒီ တစ္ခ်က္ေပါ့။

ေမး- အဲဒီလို မေျပာတာကိုေျပာတယ္ လို႔ သတင္းေရးတဲ့ကိစၥေလး မျဖစ္ခင္ေလး မွာပဲ အရွင္ဘုရား သေဘာထားေၾကညာ ခ်က္ေလးတစ္ေစာင္ ထုတ္ျပန္ထားတာ ေတြ႕ပါတယ္ဘုရား။ ေဖ့ဘုတ္စ္မွာ အ ေကာင့္မရွိေတာ့တာေၾကာင့္ မဟုတ္တာ ေတြကို အဟုတ္ထင္ သတင္းလုပ္ေရး တာေတြ ႀကံဳရႏုိင္တာေၾကာင့္ သတင္း မီဒီယာေတြအေနနဲ႔ အရွင္ဘုရားနဲ႔ ပတ္ သက္တဲ့ သတင္းေရးရင္ အရွင္ဘုရားဆီ ကို အတည္ျပဳဖို႔၊ မဟုတ္ရင္ တရားစြဲဆို ႏုိင္တာေတြရွိလာႏုိင္တယ္လို႔ ထုတ္ျပန္ ထားတာေတြ႕ရပါတယ္။ အခုေရာ ဧရာ ဝတီသတင္းဌာနနဲ႔ပတ္သက္ၿပီး ဘယ္လို အစီအစဥ္ရွိပါသလဲဘုရား။

ေျဖ- ဦးဇင္းကေတာ့ တကယ္တမ္းဆို ရင္ ဘယ္သူ႔ဘယ္သူကိုမွ တရားစြဲတာ ေတြ မလုပ္ခ်င္ပါဘူး။ အဲဒီလို မလုပ္ခ်င္ လို႔လည္း ဦးဇင္းကို ဘယ္လိုေဝဖန္ေဝ ဖန္ ဘာမွမတံု႔ျပန္ဘဲနဲ႔ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ေနခဲ့တာေလ။ ဒါေပမယ့္ ပါရာ ဇိကက်ၿပီလို႔ စြပ္စြဲတာက်ေတာ့ ရဟန္း သိကၡာကို ေစာ္ကားလြန္းရာက်တာေပါ့ ေလ။ ေတာ္႐ံုတန္႐ံုလူတစ္ေယာက္က စြပ္စြဲတယ္ဆိုရင္ေတာ့ မေျပာပေလာက္ ဘူးေပါ့ေလ။ ဒါေပမယ့္ သမၼတကိုယ္ တုိင္ဆုေပးထားတဲ့ သတင္းေထာက္တစ္ ေယာက္က ဒီလိုႀကီးစြပ္စြဲတယ္ဆိုေတာ့ ဒါဟာ ေတာ္ေတာ္ေလးကို ထင္ေယာင္ ထင္မွားျဖစ္ႏုိင္စရာကိစၥတစ္ခု ျဖစ္ကုန္ တာေပါ့။ ဒီလိုလူက ဒီလိုစြပ္စြဲတယ္ဆို ေတာ့ ဟုတ္ေလာက္တယ္၊ သံသယေတြ ပြားၿပီး အၾကည္ညိဳပ်က္သြားႏုိင္တယ္ ေလ။
ဦးဇင္းတို႔မွာလည္းပဲ ရဟန္းဘဝမွာ ရပ္တည္ေနႏုိင္ဆိုတာ ဒီသိကၡာပုဒ္ကို ေစာင့္ထိန္းႏုိင္မွ ရပ္တည္ေနႏုိင္တာကိုး။ ဒီသိကၡာပုဒ္ႀကီးနဲ႔ စြပ္စြဲလိုက္တဲ့အခါက် ေတာ့ ရဟန္းသိကၡာကိုပါ ထိပါးလာတာ ေပါ့ေနာ့။ အဲဒါေတာင္မွ ဦးဇင္းတို႔က မလုပ္ခ်င္ပါဘူး၊ မလုပ္ခ်င္တဲ့အတြက္ ေၾကာင့္ ေတာင္းပန္ဖုိ႔ ကမ္းလွမ္းတာပါ၊ သူကိုယ္တုိင္ကိုက မေတာင္းပန္ႏုိင္ဘူး ဆိုလို႔ ခုလို ရာဇဝင္က ရွည္သြားတာေပါ့၊
အခုလည္း အဲဒီအတုိင္းပါပဲ၊ ဒီ သတင္းဌာနက ဦးဇင္းကပဲ လူသတ္သ မားၾကည္လင္းကို အားေပးေထာက္ခံလို႔ တရားပြဲအပိတ္ခံရတယ္ဆိုတဲ့ ပံုစံမ်ိဳး ေရးသားလာတယ္ေလ။ အဲဒါကို အႏူး အၫြတ္ေတာင္းပန္ပါတယ္ ဆိုတာကို ျပန္ထည့္ေပးပါ။ အဲဒါေတြက မွားယြင္း တဲ့အတြက္ေၾကာင့္ အႏူးအၫြတ္ေတာင္း ပန္ပါတယ္လို႔ ျပန္ေရးသားေပးပါလို႔ ေျပာ ေတာ့ သူတို႔သတင္းဌာနက ခြင့္ျပဳ မျပဳ မသိဘူး၊ သတင္းသမားကေတာ့ ရတယ္ ေပါ့ေနာ္။ တကယ္လို႔ သတင္းသမားက ေတာင္းပန္ခ်င္ပါလ်က္နဲ႔ သတင္းဌာနက ေတာင္းပန္ခြင့္မျပဳဘူးဆိုရင္ သတင္းဌာန ကိုယ္တုိင္ကိုယ္က မီဒီယာက်င့္ဝတ္ကို တန္ဖိုးမထားတာပဲေလ။
မီဒီယာတစ္ခု၊ သတင္းဌာနတစ္ခုရဲ႕ အသက္ဟာ က်င့္ဝတ္လို႔ ဦးဇင္းတို႔ နား လည္တာပဲေလ။ အႏူးအၫြတ္ေတာင္း ပန္ပါတယ္ဆိုတဲ့ စကားလံုးမပါခဲ့ေသာ္ သို႔မဟုတ္ အႏူးအၫြတ္ေတာင္းပါတယ္ ဆိုတဲ့စကားလံုးကို ဌာနက ခြင့္မျပဳဘူး ဆိုရင္ ျပင္ဆင္တာေတြလည္း ျပန္မတင္ ပါနဲ႔ေတာ့၊ ဦးဇင္းလုပ္စရာရွိတာ လုပ္ပါ မယ္လို႔ သတိေပးထားပါတယ္။

ေမး- အရွင္ဘုရား တရားျပန္ေဟာခြင့္ ရတဲ့အေပၚမွာ ရက္မျပည့္ခင္ကေရာ၊ ရက္ ျပည့္အၿပီးမွာေရာ သတင္းမီဒီယာ ေတာ္ ေတာ္မ်ားမ်ားက အရွင္ဘုရားကို ေဟာ ေျပာခြင့္ျပဳလိုက္ၿပီ၊ တရားပြဲပိတ္ထားတာ ရက္ျပည့္ေတာ့မယ္ … အဲဒီလိုေတြ ေရးၾကျပဳၾကတာနဲ႔ပတ္သက္ၿပီးေရာ ဘာ ေျပာစရာရွိမလဲ။

ေျဖ- သူတို႔ကေတာ့ ဦးဇင္းတရားေဟာ ေျပာခြင့္ရမွာကို ေတာ္ေတာ္ေၾကာက္ေန ပံုရတယ္။ အဲဒါကို ဦးဇင္းေျပာခ်င္တာက ဗုိလ္ေအာင္ဒင္အက်ႌခြၽတ္တာ မေၾကာက္ ပါနဲ႔ မျမဝင္း၊ ေရခ်ိဳးမလို႔ပါလို႔ပဲ ေျပာခ်င္ တာေပါ့ေနာ္။

ေမး- သဟာယေက်ာင္းေရွ႕က ဗီႏုိင္း ဆုိင္းဘုတ္ေလး ေျပာင္းကပ္တာေတြ႕ပါ တယ္ဘုရား။ အဲဒီမွာ ဝါစာနဲ႔လည္း ကာ ကြယ္ရမယ္၊ အသျပာနဲ႔လည္းကာကြယ္ ပါ၊ ပညာနဲ႔လည္းကာကြယ္ပါ၊ အာဏာနဲ႔ လည္း ကာကြယ္ပါ၊ ခႏၶာနဲ႔လည္း ကာ ကြယ္ပါဆိုၿပီး ကာကြယ္ေရးဗ်ဴဟာ ငါးခု ကို ေျပာင္းၿပီးခ်ိတ္တာ ေတြ႕ရပါတယ္ ဘုရား။ ဒီ ကာကြယ္ေရးဗ်ဴဟာ ၅ ခုနဲ႔ ပတ္သက္ၿပီး အက်ဥ္းေလာက္ျဖစ္ျဖစ္ မိန္႔ေပးပါဦးဘုရား။

ေျဖ- ျမန္မာတစ္မ်ိဳးသားလံုးကသာ တညီတၫြတ္တည္းနဲ႔ ၿဥ ြၽဥံႈၿ-ြ႔ဗ ဆိုတဲ့စကားတစ္ခြန္းကို ၿပိဳင္တူ ေျပာလိုက္မယ္ဆိုလို႔ရွိရင္ ဦးဇင္းတို႔ႏုိင္ငံ ရဲ႕ အခ်ဳပ္အျခာအာဏာဟာ လံုၿခံဳသြား မွာပါ။ အဲဒီလို မိမိပါးစပ္ေတြကို အလကား မထားဘဲ အမ်ိဳးသားေရးအတြက္ အသံုး ခ်ဖို႔ ရည္ရြယ္တာေပါ့ေနာ္။
ေနာက္ အသျပာနဲ႔ကာကြယ္တယ္ ဆုိတာကေတာ့ ဦးဇင္းတို႔ စာအုပ္တစ္ရာ တန္ေလးေတြ ထုတ္တယ္၊ ႏွစ္ရာတန္ ေလးေတြထုတ္တယ္၊ မိမိတတ္ႏုိင္တဲ့ဘက္ ကေန ျဖန္႔ေဝေပးၾကဖို႔ ဒါကို ရည္ရြယ္ တာေပါ့ေနာ္။ တရားပြဲက်င္းပတာတို႔၊ အ ခမ္းအနားေတြက်င္းပတာတို႔၊ ေငြေၾကး ေထာက္ပံ့တာတို႔ ဒါေတြလည္း အကုန္ လံုးပါဝင္တာေပါ့ေနာ့။
အာဏာနဲ႔ ကာကြယ္ပါဆိုတာက ေတာ့ ရပ္ကြက္လူႀကီးကေန သမၼတအထိ အုပ္ခ်ဳပ္ေရးအာဏာေပါ့ေနာ္၊ တရားစီ ရင္ေရးဆိုရင္လည္း တရားစီရင္ေရးအာ ဏာေပါ့၊ ဥပေဒျပဳေရးဆို ဥပေဒျပဳေရး အာဏာေပါ့။ အဲဒီအာဏာပိုင္ပုဂိၢဳလ္ေတြ က မိမိလုပ္ပိုင္ခြင့္ မူေဘာင္ထဲကေနၿပီး မိမိ အမ်ိဳး ဘာသာ သာသနာကို ကာ ကြယ္ေပးၾကဖို႔ ေစာင့္ေရွာက္ေပးၾကဖို႔ ဒါ ရည္ရြယ္တာေပါ့။
ေနာက္ ပညာနဲ႔ကာကြယ္ပါဆိုတာ၊ ပညာကေတာ့ မ်ိဳးစံုရွိတာေပါ့။ စာေပ ပညာတတ္တဲ့သူက စာေပပညာနဲ႔ ကာ ကြယ္ဖို႔၊ သတင္းပညာတတ္တဲ့သူက သတင္းပညာနဲ႔ ကာကြယ္ဖို႔၊ မီဒီယာ ပညာတတ္တဲ့သူက မီဒီယာပညာနဲ႔ကာ ကြယ္ဖို႔၊ အဲဒီလို ပညာမ်ိဳးစံုရွိတာကို လူ တိုင္းကိုယ္စီ ကိုယ္ကြၽမ္းက်င္တဲ႔ပညာ ေတြ ရွိၾကတာေပါ့၊
ေနာက္ဆံုး ေဖ့ဘုတ္စ္သံုးစြဲတတ္ တဲ့သူက ေဖ့ဘုတ္စ္နည္းပညာနဲ႔ ကာ ကြယ္မယ္ဆိုလို႔ရွိရင္ အမ်ိဳး ဘာသာ သာသနာဟာ လံုၿခံဳၿပီ စိတ္ခ်ရၿပီလို႔ ဆို ႏုိင္တယ္ေလ။ အဲဒီေလးမ်ိဳးမွ လံုးဝ မတတ္ႏုိင္ပါဘူးဆိုတဲ့သူေတြက တရား ပြဲမွာ ေဝယ်ာဝစၥကုသုိလ္ျပဳတာတို႔၊ အ ခမ္းအနားေတြမွာ ေဝယ်ာဝစၥကုသိုလ္ ယူတာတို႔၊ ေနာက္- အမ်ိဳးေစာင့္ဥပေဒ ေတာင္းဆိုတဲ့အခါမ်ိဳးမွာ ဆႏၵဝင္ျပေပး တာတို႔ဒါမ်ိဳးေလးေတြ လုပ္ၾကဖို႔ ရည္ ရြယ္တာေပါ့ေလ။

ေမး- ၉၆၉ လမ္းစဥ္ကို လိုက္နာဖို႔ဆို ၿပီး အရွင္ဘုရား သေဘာထားေၾကညာ ခ်က္ထုတ္ျပန္တာ ေတြ႕ရပါတယ္။ တရားျပန္ေဟာရမယ္ဆိုတဲ့အခ်ိန္မွာ မဘသမေပၚခင္က အားေကာင္းခဲ့တဲ့ ၉၆၉ လႈပ္ရွားမႈေတြ ျပန္စမယ့္သေဘာ လားဘုရား။ ဘယ္လိုသေဘာမ်ိဳးပါလဲ ဘုရား။

ေျဖ- အဓိကကေတာ့ သီရိလကၤာမွာ ျဖစ္ေနတယ္ေလ။ သီရိလကၤာမွာလို ဒီ မွာ မျဖစ္ေစခ်င္ဘူးေပါ့။ ဘာေၾကာင့္လဲ ဆိုရင္ သီရိလကၤာမွာဆိုရင္ အသတ္ခံရ တာကေတာ့ ကိုယ့္ဘက္က အရင္ဆံုး အသတ္ခံရတယ္၊ တံု႔ျပန္တာက်ေတာ့ ဥပေဒမဲ့တုံ႔ျပန္သလိုျဖစ္သြားတယ္ေလ။ ဒါေၾကာင့္ ဦးဇင္းတို႔က ဥပေဒမဲ့တု႔ံျပန္ တာကို ဘုရားမႀကိဳက္တဲ့အေၾကာင္း၊ အစိုးရလက္မခံတဲ့အေၾကာင္း၊ ဦးဇင္းတို႔ ဆရာေတာ္သံဃာေတာ္ေတြက အားမ ေပးတဲ့အေၾကာင္းကို ဦးဇင္းတို႔က တရားပြဲတုိင္းနီးပါး အၿမဲတမ္းထည့္ေဟာ ခဲ့တာေပါ့ေနာ့။ အခု တရားပြဲပိတ္ထား တဲ့အခ်ိန္မွာေတာ့ သီရိလကၤာအေရး အခင္းနဲ႔တိုက္ဆိုင္ေနတာနဲ႔ အဲဒါေလး ကို ေၾကညာခ်က္ထုတ္ၿပီးေတာ့ အသိ ေပးလိုက္တာပါ။

(ဆက္လက္ေဖာ္ျပပါမည္။)

 

“သမိုင်းက အဆုံးအဖြတ်ပေးသွားမှာပါ (အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- တရားဟောခွင့် ပြန်ရပြီဆိုတော့ တရားပွဲတွေ လက်ခံထားတာရှိလားဘုရား။ ရှိရင် အဲဒီတရားပွဲတွေမှာ ဘယ်လိုတရား တွေ စဟောမလဲဘုရား။

ဖြေ- တရားပွဲတွေ လက်ခံထားတာ ရှိပါ တယ်။ အဲဒီလက်ခံထားတဲ့ တရားပွဲတွေ မှာတော့ လေပြေလေအေးလေးတွေပဲ ဟောရမှာပါ။ အရင်တုန်းကလို မဟော ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကိုတော့ ပဏာမ နိဒါန်းပျိုးတဲ့အနေနဲ့ တောင်းပန် စကားပြောရမှာပေါ့။

မေး- အရှင်ဘုရား တရားဟောခွင့်ပြန် ရတာနဲ့ပတ်သက်ပြီး အ့န ဠသငခန က မဟနဥက္ကဋ္ဌဆရာတော်ကြီးကို မေးထား တဲ့ထဲမှာ အဖွင့်၊ အဋ္ဌကထာ၊ ပါဠိတော် များလာတဲ့အတိုင်းဟောရင် အန္တရာယ် မရှိ ဘူး၊ ဒါပေမယ့် အစိုးရကိုဆန့်ကျင်ပြီး မဟောနဲ့လို့ ပြောထားတာရှိပါတယ်ဘုရား။ နောက်ပြီးတော့ အစိုးရနဲ့ ဆန့်ကျင်တာ မကောင်းဘူးလို့လည်း ပြောထားတာရှိပါ တယ်ဘုရား။ အဲဒီအပေါ်မှာ အရှင်ဘုရား အနေနဲ့ ဘာပြောစရာရှိမလဲဘုရား။

ဖြေ- အဲဒီအချက်နှစ်ချက်ကို ပြောရ ရင်တော့ ပထမအဆင့် ဦးဇင်း တရားပွဲ အပိတ်ခံရတာက ဓမ္မဝိနယနဲ့မညီလို့ အ ပိတ်ခံရတာမဟုတ်ဘူးလေ။ သူတို့ခေါင်း စဉ်တပ်ချင်တိုင်းတပ်ပြီးတော့ စမကပုဒ်မ နဲ့လုပ်လို့သာ အပိတ်ခံရတာကိုး။
တစ်အချက်ကတော့ အစိုးရကိုဆန့် ကျင်တာမကောင်းဘူး၊ အစိုးရကို ဆန့် ကျင်တာမဟောနဲ့လို့ အစိုးရက ဘုရား တရားတော်နဲ့ ညီနေမယ်၊ ပြည်သူလူထု ကို ဗြဟ္မာစိုရ်တရားနဲ့အုပ်ချုပ်မယ်ဆိုရင် ဦးဇင်းတို့က အမုန်းခံပြီး ဆန့်ကျင်နေစရာ အကြောင်းမရှိဘူးလေ။ ဒါပေမယ့် အစိုးရ ကကိုယ်တိုင်ကိုက ပြည်သူ့အသံလည်း နားမထောင်၊ ပြည်သူလူထုအကျိုးစီးပွား လည်း မဆောင်ရွက်၊ ပြည်သူလူထု အ ထွဋ်အမြတ်ထားတဲ့ ဘာသာ သာသနာ ကိုလည်း နှိပ်ကွပ်တယ်၊ ဘာသာ သာသ နာ ရေရှည်မတည်တံ့နိုင်အောင် ရေသောက် မြစ်တွေကို လိုက်ဖြိုခွဲနေတယ်၊ ဒါမျိုးဆို ရင်တော့ ဘုရားစကားကိုပဲ နားထောင် ရမှာပေါ့နော်။ အစိုးရ အလိုကျလုပ်နေတဲ့ သူတွေရဲ့စကားကိုတော့ နားထောင်လို့ မရဘူးပေါ့။
နောက်တစ်ချက်ကတော့ ဆရာ တော်ကြီးက ဒီနှစ်ချက်ပဲပြောလိုက်တာ ကို ထောက်သောအားဖြင့် ဦးဇင်းကို တရားပွဲပိတ်တာဟာ သူတို့ခေါင်းစဉ်တပ် ထားတဲ့ အမုန်းစကားတို့၊ အမုန်းတရား ဖြန့်ဖြူးတယ်တို့ ဘာတို့ညာတို့ အဲဒါ တွေကြောင့်မဟုတ်ဘူးဆိုတာ သိသာ သွားပြီလေ။ အဓိကကတော့ အစိုးရကို ထိခိုက်လို့ပိတ်တယ်။ ဒါပါပဲ။ ဆရာတော် ကြီးရဲ့ စကားထဲက အဖြေရသွားတာပေါ့။

မေး- တရားပွဲပိတ်တာ ရက်ပြည့်တဲ့ အ ချိန်မှာ သတင်းမီဒီယာတွေက အရှင် ဘုရားဆီကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေး ကြတာတွေရှိပါတယ်ဘုရား။ အဲဒီထဲကမှ ဧရာဝတီသတင်းဌာနက အရှင်ဘုရား မပြောတဲ့ စကားတစ်ခွန်းကို သတင်း ခေါင်းစဉ်လုပ်ပြီး သတင်းရေးထားတာ လည်း တွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ် သက်ပြီး အရှင်ဘုရား ဘာပြောစရာရှိမ လဲဘုရား။

ဖြေ- ဟုတ်တယ်၊ အဲဒီသတင်းထောက် လေးကိုလည်း ဒီနေ့ပဲခေါ်ပြီး ပြောလိုက် ပါပြီ။ ဦးဇင်းမပြောဘဲ ရေးလိုက်တဲ့အ တွက်ကြောင့် ပြန်ပြင်ဆင်ပေးပါလို့။ သူ့ အနေနဲ့တော့ ပြင်ဆင်ဖို့က ဝန်မလေးပါ ဘူး။ ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်ရင်းနှီး တဲ့သူဖြစ်နေတာကိုး။ ဒါပေမယ့် သူ့ဌာန ရဲ့ သဘောထားက မသိရဘူးပေါ့။ အဲဒီ တစ်ချက်ပေါ့။

မေး- အဲဒီလို မပြောတာကိုပြောတယ် လို့ သတင်းရေးတဲ့ကိစ္စလေး မဖြစ်ခင်လေး မှာပဲ အရှင်ဘုရား သဘောထားကြေညာ ချက်လေးတစ်စောင် ထုတ်ပြန်ထားတာ တွေ့ပါတယ်ဘုရား။ ဖေ့ဘုတ်စ်မှာ အ ကောင့်မရှိတော့တာကြောင့် မဟုတ်တာ တွေကို အဟုတ်ထင် သတင်းလုပ်ရေး တာတွေ ကြုံရနိုင်တာကြောင့် သတင်း မီဒီယာတွေအနေနဲ့ အရှင်ဘုရားနဲ့ ပတ် သက်တဲ့ သတင်းရေးရင် အရှင်ဘုရားဆီ ကို အတည်ပြုဖို့၊ မဟုတ်ရင် တရားစွဲဆို နိုင်တာတွေရှိလာနိုင်တယ်လို့ ထုတ်ပြန် ထားတာတွေ့ရပါတယ်။ အခုရော ဧရာ ဝတီသတင်းဌာနနဲ့ပတ်သက်ပြီး ဘယ်လို အစီအစဉ်ရှိပါသလဲဘုရား။

ဖြေ- ဦးဇင်းကတော့ တကယ်တမ်းဆို ရင် ဘယ်သူ့ဘယ်သူကိုမှ တရားစွဲတာ တွေ မလုပ်ချင်ပါဘူး။ အဲဒီလို မလုပ်ချင် လို့လည်း ဦးဇင်းကို ဘယ်လိုဝေဖန်ဝေ ဖန် ဘာမှမတုံ့ပြန်ဘဲနဲ့ ကိုယ့်လမ်းကိုယ် လျှောက်နေခဲ့တာလေ။ ဒါပေမယ့် ပါရာ ဇိကကျပြီလို့ စွပ်စွဲတာကျတော့ ရဟန်း သိက္ခာကို စော်ကားလွန်းရာကျတာပေါ့ လေ။ တော်ရုံတန်ရုံလူတစ်ယောက်က စွပ်စွဲတယ်ဆိုရင်တော့ မပြောပလောက် ဘူးပေါ့လေ။ ဒါပေမယ့် သမ္မတကိုယ် တိုင်ဆုပေးထားတဲ့ သတင်းထောက်တစ် ယောက်က ဒီလိုကြီးစွပ်စွဲတယ်ဆိုတော့ ဒါဟာ တော်တော်လေးကို ထင်ယောင် ထင်မှားဖြစ်နိုင်စရာကိစ္စတစ်ခု ဖြစ်ကုန် တာပေါ့။ ဒီလိုလူက ဒီလိုစွပ်စွဲတယ်ဆို တော့ ဟုတ်လောက်တယ်၊ သံသယတွေ ပွားပြီး အကြည်ညိုပျက်သွားနိုင်တယ် လေ။
ဦးဇင်းတို့မှာလည်းပဲ ရဟန်းဘဝမှာ ရပ်တည်နေနိုင်ဆိုတာ ဒီသိက္ခာပုဒ်ကို စောင့်ထိန်းနိုင်မှ ရပ်တည်နေနိုင်တာကိုး။ ဒီသိက္ခာပုဒ်ကြီးနဲ့ စွပ်စွဲလိုက်တဲ့အခါကျ တော့ ရဟန်းသိက္ခာကိုပါ ထိပါးလာတာ ပေါ့နော့။ အဲဒါတောင်မှ ဦးဇင်းတို့က မလုပ်ချင်ပါဘူး၊ မလုပ်ချင်တဲ့အတွက် ကြောင့် တောင်းပန်ဖို့ ကမ်းလှမ်းတာပါ၊ သူကိုယ်တိုင်ကိုက မတောင်းပန်နိုင်ဘူး ဆိုလို့ ခုလို ရာဇဝင်က ရှည်သွားတာပေါ့၊
အခုလည်း အဲဒီအတိုင်းပါပဲ၊ ဒီ သတင်းဌာနက ဦးဇင်းကပဲ လူသတ်သ မားကြည်လင်းကို အားပေးထောက်ခံလို့ တရားပွဲအပိတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားလာတယ်လေ။ အဲဒါကို အနူး အညွတ်တောင်းပန်ပါတယ် ဆိုတာကို ပြန်ထည့်ပေးပါ။ အဲဒါတွေက မှားယွင်း တဲ့အတွက်ကြောင့် အနူးအညွတ်တောင်း ပန်ပါတယ်လို့ ပြန်ရေးသားပေးပါလို့ ပြော တော့ သူတို့သတင်းဌာနက ခွင့်ပြု မပြု မသိဘူး၊ သတင်းသမားကတော့ ရတယ် ပေါ့နော်။ တကယ်လို့ သတင်းသမားက တောင်းပန်ချင်ပါလျက်နဲ့ သတင်းဌာနက တောင်းပန်ခွင့်မပြုဘူးဆိုရင် သတင်းဌာန ကိုယ်တိုင်ကိုယ်က မီဒီယာကျင့်ဝတ်ကို တန်ဖိုးမထားတာပဲလေ။
မီဒီယာတစ်ခု၊ သတင်းဌာနတစ်ခုရဲ့ အသက်ဟာ ကျင့်ဝတ်လို့ ဦးဇင်းတို့ နား လည်တာပဲလေ။ အနူးအညွတ်တောင်း ပန်ပါတယ်ဆိုတဲ့ စကားလုံးမပါခဲ့သော် သို့မဟုတ် အနူးအညွတ်တောင်းပါတယ် ဆိုတဲ့စကားလုံးကို ဌာနက ခွင့်မပြုဘူး ဆိုရင် ပြင်ဆင်တာတွေလည်း ပြန်မတင် ပါနဲ့တော့၊ ဦးဇင်းလုပ်စရာရှိတာ လုပ်ပါ မယ်လို့ သတိပေးထားပါတယ်။

မေး- အရှင်ဘုရား တရားပြန်ဟောခွင့် ရတဲ့အပေါ်မှာ ရက်မပြည့်ခင်ကရော၊ ရက် ပြည့်အပြီးမှာရော သတင်းမီဒီယာ တော် တော်များများက အရှင်ဘုရားကို ဟော ပြောခွင့်ပြုလိုက်ပြီ၊ တရားပွဲပိတ်ထားတာ ရက်ပြည့်တော့မယ် … အဲဒီလိုတွေ ရေးကြပြုကြတာနဲ့ပတ်သက်ပြီးရော ဘာ ပြောစရာရှိမလဲ။

ဖြေ- သူတို့ကတော့ ဦးဇင်းတရားဟော ပြောခွင့်ရမှာကို တော်တော်ကြောက်နေ ပုံရတယ်။ အဲဒါကို ဦးဇင်းပြောချင်တာက ဗိုလ်အောင်ဒင်အကျႌချွတ်တာ မကြောက် ပါနဲ့ မမြဝင်း၊ ရေချိုးမလို့ပါလို့ပဲ ပြောချင် တာပေါ့နော်။

မေး- သဟာယကျောင်းရှေ့က ဗီနိုင်း ဆိုင်းဘုတ်လေး ပြောင်းကပ်တာတွေ့ပါ တယ်ဘုရား။ အဲဒီမှာ ဝါစာနဲ့လည်း ကာ ကွယ်ရမယ်၊ အသပြာနဲ့လည်းကာကွယ် ပါ၊ ပညာနဲ့လည်းကာကွယ်ပါ၊ အာဏာနဲ့ လည်း ကာကွယ်ပါ၊ ခန္ဓာနဲ့လည်း ကာ ကွယ်ပါဆိုပြီး ကာကွယ်ရေးဗျူဟာ ငါးခု ကို ပြောင်းပြီးချိတ်တာ တွေ့ရပါတယ် ဘုရား။ ဒီ ကာကွယ်ရေးဗျူဟာ ၅ ခုနဲ့ ပတ်သက်ပြီး အကျဉ်းလောက်ဖြစ်ဖြစ် မိန့်ပေးပါဦးဘုရား။

ဖြေ- မြန်မာတစ်မျိုးသားလုံးကသာ တညီတညွတ်တည်းနဲ့ ြဥ ျွဥှုံြ-ွ့ဗ ဆိုတဲ့စကားတစ်ခွန်းကို ပြိုင်တူ ပြောလိုက်မယ်ဆိုလို့ရှိရင် ဦးဇင်းတို့နိုင်ငံ ရဲ့ အချုပ်အခြာအာဏာဟာ လုံခြုံသွား မှာပါ။ အဲဒီလို မိမိပါးစပ်တွေကို အလကား မထားဘဲ အမျိုးသားရေးအတွက် အသုံး ချဖို့ ရည်ရွယ်တာပေါ့နော်။
နောက် အသပြာနဲ့ကာကွယ်တယ် ဆိုတာကတော့ ဦးဇင်းတို့ စာအုပ်တစ်ရာ တန်လေးတွေ ထုတ်တယ်၊ နှစ်ရာတန် လေးတွေထုတ်တယ်၊ မိမိတတ်နိုင်တဲ့ဘက် ကနေ ဖြန့်ဝေပေးကြဖို့ ဒါကို ရည်ရွယ် တာပေါ့နော်။ တရားပွဲကျင်းပတာတို့၊ အ ခမ်းအနားတွေကျင်းပတာတို့၊ ငွေကြေး ထောက်ပံ့တာတို့ ဒါတွေလည်း အကုန် လုံးပါဝင်တာပေါ့နော့။
အာဏာနဲ့ ကာကွယ်ပါဆိုတာက တော့ ရပ်ကွက်လူကြီးကနေ သမ္မတအထိ အုပ်ချုပ်ရေးအာဏာပေါ့နော်၊ တရားစီ ရင်ရေးဆိုရင်လည်း တရားစီရင်ရေးအာ ဏာပေါ့၊ ဥပဒေပြုရေးဆို ဥပဒေပြုရေး အာဏာပေါ့။ အဲဒီအာဏာပိုင်ပုဂ္ဂိုလ်တွေ က မိမိလုပ်ပိုင်ခွင့် မူဘောင်ထဲကနေပြီး မိမိ အမျိုး ဘာသာ သာသနာကို ကာ ကွယ်ပေးကြဖို့ စောင့်ရှောက်ပေးကြဖို့ ဒါ ရည်ရွယ်တာပေါ့။
နောက် ပညာနဲ့ကာကွယ်ပါဆိုတာ၊ ပညာကတော့ မျိုးစုံရှိတာပေါ့။ စာပေ ပညာတတ်တဲ့သူက စာပေပညာနဲ့ ကာ ကွယ်ဖို့၊ သတင်းပညာတတ်တဲ့သူက သတင်းပညာနဲ့ ကာကွယ်ဖို့၊ မီဒီယာ ပညာတတ်တဲ့သူက မီဒီယာပညာနဲ့ကာ ကွယ်ဖို့၊ အဲဒီလို ပညာမျိုးစုံရှိတာကို လူ တိုင်းကိုယ်စီ ကိုယ်ကျွမ်းကျင်တဲ့ပညာ တွေ ရှိကြတာပေါ့၊
နောက်ဆုံး ဖေ့ဘုတ်စ်သုံးစွဲတတ် တဲ့သူက ဖေ့ဘုတ်စ်နည်းပညာနဲ့ ကာ ကွယ်မယ်ဆိုလို့ရှိရင် အမျိုး ဘာသာ သာသနာဟာ လုံခြုံပြီ စိတ်ချရပြီလို့ ဆို နိုင်တယ်လေ။ အဲဒီလေးမျိုးမှ လုံးဝ မတတ်နိုင်ပါဘူးဆိုတဲ့သူတွေက တရား ပွဲမှာ ဝေယျာဝစ္စကုသိုလ်ပြုတာတို့၊ အ ခမ်းအနားတွေမှာ ဝေယျာဝစ္စကုသိုလ် ယူတာတို့၊ နောက်- အမျိုးစောင့်ဥပဒေ တောင်းဆိုတဲ့အခါမျိုးမှာ ဆန္ဒဝင်ပြပေး တာတို့ဒါမျိုးလေးတွေ လုပ်ကြဖို့ ရည် ရွယ်တာပေါ့လေ။

မေး- ၉၆၉ လမ်းစဉ်ကို လိုက်နာဖို့ဆို ပြီး အရှင်ဘုရား သဘောထားကြေညာ ချက်ထုတ်ပြန်တာ တွေ့ရပါတယ်။ တရားပြန်ဟောရမယ်ဆိုတဲ့အချိန်မှာ မဘသမပေါ်ခင်က အားကောင်းခဲ့တဲ့ ၉၆၉ လှုပ်ရှားမှုတွေ ပြန်စမယ့်သဘော လားဘုရား။ ဘယ်လိုသဘောမျိုးပါလဲ ဘုရား။

ဖြေ- အဓိကကတော့ သီရိလင်္ကာမှာ ဖြစ်နေတယ်လေ။ သီရိလင်္ကာမှာလို ဒီ မှာ မဖြစ်စေချင်ဘူးပေါ့။ ဘာကြောင့်လဲ ဆိုရင် သီရိလင်္ကာမှာဆိုရင် အသတ်ခံရ တာကတော့ ကိုယ့်ဘက်က အရင်ဆုံး အသတ်ခံရတယ်၊ တုံ့ပြန်တာကျတော့ ဥပဒေမဲ့တုံ့ပြန်သလိုဖြစ်သွားတယ်လေ။ ဒါကြောင့် ဦးဇင်းတို့က ဥပဒေမဲ့တုံ့ပြန် တာကို ဘုရားမကြိုက်တဲ့အကြောင်း၊ အစိုးရလက်မခံတဲ့အကြောင်း၊ ဦးဇင်းတို့ ဆရာတော်သံဃာတော်တွေက အားမ ပေးတဲ့အကြောင်းကို ဦးဇင်းတို့က တရားပွဲတိုင်းနီးပါး အမြဲတမ်းထည့်ဟော ခဲ့တာပေါ့နော့။ အခု တရားပွဲပိတ်ထား တဲ့အချိန်မှာတော့ သီရိလင်္ကာအရေး အခင်းနဲ့တိုက်ဆိုင်နေတာနဲ့ အဲဒါလေး ကို ကြေညာချက်ထုတ်ပြီးတော့ အသိ ပေးလိုက်တာပါ။

(ဆက်လက်ဖော်ပြပါမည်။)