သတင်း

အနောက်တံခါးလုံခြုံရေးခရီးစဉ်(၁)

11.7.2017 ရက်နေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့ ရောက်ရှိကြပါတယ်။
စာရေးသူနှင့်အတူ ငပလီမြို့ ဂျိတ္တောရပ်ကွက် ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဓာစာရ၊ မြင်းခြံမဘသ ဆရာတော်ဦးဇာဂရ၊ မြန်အောင်မဘသ ဆရာတော်ဦးဝိမလ၊ ရန်ကုန်မဘသမှ ဒေါက်တာအရှင်တေဇနိယ၊ ဒေါက်တာအရှင်ဥတ္တမသီရိ၊ ဦးဇယန္တ၊ ဦးဉာဏိက မန်း မဘသ မှ အရှင်သုဇန(ဝီရရာဇာ-ရွှေဝါရောင်စစ်စစ်)နှင့် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြန်အောင်တို့မှ မျိုးချစ်ညီအစ်ကိုများ ပါဝင်ကြပါတယ်။

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများအား လာရောက်ထောက်ပံ့ လှူဒါန်းရင်း အားပေးစကား ပြောကြားမည့်ခရီးစဉ်ပါပဲ။ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းမှာ ညဥ့်နက်သန်ခေါင်ကျော်သည်အထိ လှူဖွယ်ပစ္စည်းများကို ခွဲခြမ်းဝေဖန်ဖို့ အိတ်အသီးသီးထဲ အမျိုးအမည်ခွဲကာ ထည့်ကြရပါတယ်။

ကလေးတွေအတွက် ကစားစရာအမျိုးမျိုး ပါသလို မိန်းကလေးငယ်တွေအတွက် ဆံပင်အလှဆင် ဆံညှပ်လေးတွေ ကလစ်လေးတွေလည်း ပါပါတယ်။ လူကြီးသူမတွေအတွက် FM လေဒီယို ဓာတ်မီး မီးအိမ် ကောဖီမစ် ကွေကာအုပ် မိုးကာအင်္ကျီ စတာတွေလည်း ပါပါတယ်။

နောက်တစ်နေ့ 12.7.2017 ရက်နေ့မှစပြီး န.တ.လ(နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး) ရွာများသို့ သွားရောက် လှူဒါန်းကြမှာပါ။ ဝိုင်းတော်သားအားလုံးကတော့ လှူဖွယ်ဝတ္ထုတွေကို ဝေခြမ်းရင်း ပြုံးလို့ပျော်လို့ ကြည်နူးလို့ပါပဲ။