သတင်း

အမွှေစိန် ကိုယ်တော်ကိုသတိထား

ဒီကိုယ်တော်အကြောင်း စတင်ကြားသိရပုံလေးက ဒီလိုပါ။ မဟာဗောဓိမြိုင်ဆရာတော်ကြီးထံ ဗန်းမော်ဆရာတော်ကြီးလက်မှတ်နဲ့ တွေ့ခွင့်တောင်းပြီး မဟာဗောဓိမြိုင် ဆရာတော်ကြီးထံမှ လက်ရေးမူ စာအုပ်တစ်အုပ်ကို အလှူခံသွားတာပါ။
တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးထံ ဆရာတော်ကြီးပြုစုပြီး စာအုပ်ထုတ်ဖို့ စီစဉ်နေတဲ့ စာမူကြမ်းကို အမှတ်တရဆိုပြီး အလှူခံသွားတာပါ။

ဆရာတော်ကြီးရဲ့ ဒကာတွေက စာရေးသူထံ လာရောက် လျှောက်ထားမှ သိရတာပါ။ အဲဒီအချိန်ထိ အမွှေစိန်ကိုယ်တော်ကို မမြင်ဖူးပါဘူး။ ဘွဲ့နဲ့ကျောင်းကိုတော့ သတိထားမိခဲ့ပါတယ်။ နောက်တော့ မန်း မဘသ ရုံးထံလာပြီး အယုံသွင်းပါတယ်။
သူ့ကိုသတိထားဖို့ ဝိုင်းတော်သားတွေကို သတိပေးထားခဲ့ရပါတယ်။

နောက်တော့ ဝါဆိုဆရာတော်ကြီး ဈာပနအပြီးမှာ စာရေးသူထံ ရောက်လာပြန်ပါတယ်။ အစိုးရနှင့် စစ်တပ် နှစ်ဖက်အကြီးအကဲတွေနဲ့ ထဲထဲဝင်ဝင် အဆက်အသွယ်ရှိကြောင်း တစ်နာရီလောက် ဆွေးနွေးလိုကြောင်း လိုင်းဝင်ပူးတာပါ။ အဲဒီနောက် ဖုန်းတဂွမ်ဂွမ်ဆက်တတ်ပါတယ်။

သူ့အကြောင်းကိုသိထားလို့ ဖုန်းမကိုင်ဖြစ်ပါဘူး။ တပည့်တွေပဲကိုင်တာများပါတယ်။ နောက်တော့ ညအချိန်မတော်ကြီး ရောက်ရှိလာပါတယ်။ စာရေးသူ လမ်းလျှောက် ပရိတ်ရွတ်နေချိန်ပါ။ ပရိတ်ရွတ်နေတာကို အားမနာဘဲ ဟန်းဆက်ကို ဖွင့်ပြပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးနဲ့ တွေ့စဉ်တုန်းက ဓာတ်ပုံတွေပါ။ သူ့အကြောင်းကို သိထားလို့ ပရိတ်ရွတ်အပျက်မခံဘဲ ကြည့်ရုံတင်ကြည့်လိုက်ပါတယ်။ ပရိတ်ရွတ်တာကြာလို့ သူလည်းပြန်သွားပါတယ်။ နောက်နေ့တွေမှာ ဖုန်းတဂွမ်ဂွမ်ဆက်သော်လည်း မကိုင်ဖြစ်တော့ပါ။

အဲ့ဒီနောက် မ.ဘ.သ အရေး ပေါ်လာတဲ့အခါ မဟာဗောဓိမြိုင်ဆရာတော်ကြီးက မဘသကို အားပေးတဲ့အနေနဲ့ ဒကာဝင်းဆွေကို အားပေးစကား တစ်ဆင့်ပြောကြားခိုင်းလိုက်ပါတယ်။ ဒကာဝင်းဆွေကလည်း သူ့အကောင့်မှ လိုင်းပေါ်တင်ပါတယ်။
ဒကာဝင်းဆွေမှတစ်ဆင့် စာရေးသူကလည်း FB တင်လိုက်ပါတယ်။

အမွှေစိန်ကိုယ်တော်က ဖုန်းဆက်ပြီး ပြန်ဖြုတ်ပေးဖို့ လျှောက်ထားပါတယ်။ မဖြုတ်တဲ့အပြင် နောက်နေ့ နောက်နေ့တွေမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အမျိုးသားရေးကဗျာတွေကို ဆက်တိုက်ဆိုသလို ထပ်မံတင်လိုက်ပါတော့တယ်။ သိပ်မကြာခင်မှာပဲ ဦးဇင်းတစ်ပါး စာအုပ်လာလှူတယ်ဆိုလို့ ထွက်တွေ့လိုက်တော့ အမွှေစိန်ကိုယ်တော်ဖြစ်နေပါတယ်။ စကားမပြောချင်လို့ သူလှူတာကိုလက်ခံပြီး အခန်းထဲ ပြန်ဝင်လိုက်ပါတယ်။

သူက စာအုပ်လှူရင်း ဟန်းစက်ဖွင့်ပြပြန်ပါတယ်။ စစ်တပ်အရာရှိဟောင်းတစ်ယောက်က FB မှာ စာရေးသူကို လျှောက်ထားတဲ့ ပို့စ်ကို ပြတာပါ။ အဲဒီပို့စ်ကိုပြပြီး စာရေးသူကို စည်းရုံးတဲ့သဘောပါပဲ။ စစ်တပ်အရာရှိတွေကတောင် အနီကိုထောက်ခံတယ် စာရေးသူလည်း အနီကိုထောက်ခံပါဆိုတဲ့သဘောပါပဲ။

ဒါနဲ့ စာရေးသူလည်း အမွှေစိန်ကိုယ်တော်မှတစ်ဆင့် စစ်တပ်အရာရှိဟောင်းဆိုသူကို ပြန်မှာလိုက်ပါတယ်။ ဘယ်သူမှ အမုန်းမခံချင်ဘူးဆိုတဲ့ စကားပါပဲ။ အဲဒီနောက်ပိုင်း အဆက်အသွယ်ပြတ်နေရာမှာ ၂၀ ရက်နေ့မှာ ဇွဲကပင်ဆရာတော်ကြီးနှင့် အမွှေစိန်ကိုယ်တော်ကို လိုင်းပေါ်မှာတွေ့လိုက်ရပါတယ်။

စိုးရိမ်တာနဲ့ လှမ်းဖုန်းဆက်ကြည့်တော့ ဇွဲကပင်ဆရာတော်ကြီးက သင်္ကန်းပရိက္ခရာတွေတောင် လှူလိုက်ပါပြီ။ သူက အယုံသွင်းပြီး လာစည်းရုံးတဲ့သဘောပါ။ ပစ္စည်းဥစ္စာလိမ်စားတာမဟုတ်ပေမဲ့ သူ့ကိုယ်သူ ဟင်နရီကစ်ဆင်းဂျားလိုလို ငြိမ်းချမ်းရေးသံတမံလိုလို ယုံကြည်အောင်ပြောပြီး မ.ဘ.သ ဆိုင်းဘုတ်တွေကို တစ်ဖက်လှည့်နဲ့ ဖြုတ်ဖြစ်သွားအောင် လိုက်စည်းရုံးနေသူပါ။

ဇွဲကပင်ဆရာတော်ကြီးမိန့်တဲ့စကားထဲမှာ အမွှေစိန်ကိုယ်တော်က မ.ဟ.န၏ ကိုယ်စားလှယ်ဖြစ်ကြောင်း မ.ဟ.န နှင့် မ.ဘ.သ ပြန်လည်စေ့စပ်ဖို့လာကြောင်း မ.ဘ.သ ဆိုင်းဘုတ်ကို ဖြုတ်ခိုင်းတာဟာ နိုင်ငံတကာ ဖိအားကြောင့်ဖြစ်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။ ဆရာတော်ကြီး မယုံပါနဲ့ဘုရားလို့ပဲလျှောက်လိုက်ရပါတယ်။ ဒီနေ့ကျမှ သိရပါတော့တယ်။
ဒီကိုယ်တော်က ဗန်းမော်ဆရာတော်ကြီးတို့ကို မဟုတ်က ဟုတ်ကလျှောက်တင်ထားတာပါ။

ကရင်ပြည်နယ်မှာ မ.ဘ.သ ဆိုင်းဘုတ်တွေ ဖြုတ်သွားပြီ တစ်ခြားအမည်နဲ့ အသစ်ပြန်တပ်ထားပြီ မန်း မဘသ လည်း ကရင်မဘသလိုပဲ လုပ်ပါလို့ ဗန်းမော်ဆရာတော်ကြီးက မိန့်မှ အမွှေစိန်လက်ချက်ဆိုတာ သိလိုက်ရတာပါ။ ဒါနဲ့ ကရင် မဘသ ထံ ဖုန်းဆက်ပြီး ဗန်းမော်ဆရာတော်ကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးလိုက်ပါတယ်။

ကရင် မ.ဘ.သ ဆိုင်းဘုတ် လုံးဝမဖြုတ်ပါ။ ကရင် မဘသရဲ့ လုပ်ဆောင်ချက်များကို ဗန်းမော်ဆရာတော်ကြီးက သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်။ ထပ်မံစုံစမ်းပြီး သိရတာက ဗန်းမော်ဆရာတော်ကြီးရဲ့ ဗီဒီယိုဖိုင်ကို အမွှေစိန်ကိုယ်တော်က သူကိုယ်တိုင်ရိုက် တင်တာပါ။

ယောဆရာတော်ကြီး၊ ဖားအောက်ဆရာတော်ကြီးတို့ စာတွေကိုလည်း ဒီကိုယ်တော်ပဲ လိုက်ယူပေးတာလို့ သိရပါတယ်။
အဲဒါအပြင် အခြား သက်တော်ရှည် ဆရာတော်ကြီးတွေရဲ့စာတွေလည်း ယူထားသေးတယ်လို့ သူ့အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။

ဆရာတော်ကြီးတွေဝိတ်နှင့် မဘသကို ဖြိုဖို့ကြံစည်နေတဲ့ကိုယ်တော်ပါ။ ရန်သူက မိတ်ဆွေယောင်ဆောင်ပြီး ဝင်ပူးတဲ့သဘောပါ။ အားလုံးသတိထားဖို့ တင်ပြတာပါ။ တကယ်တော့ မ.ဘ.သက မ.ဘ.သ ပါပဲ။ မ.ဘ.သ မရှိလို့ မဖြစ်ဘူး။ NLD မရှိလည်း ဖြစ်တယ်။

မ.ဘ.သက အမျိုးသားရေးခံတပ်ကြီး။ မ.ဘ.သ ခံတပ်ကြီးကျဆုံးသွားရင် အမျိုးစောင့်ဥပဒေ နိုင်ငံသားဖြစ်ခွင့်ဥပဒေ စတာတွေ ဖျက်ဆီးခံရမည့်အပြင် သူ့အမျိုးတွေကို ပြည်သူ့အမျိုး လုပ်ပြစ်လိုက်ကြတော့မှာပါ။ မြန်မာဟာ ထိုင်းလို ကျဆုံးသွားအောင်လို့ပါ။

NLD အစိုးရတက်လာတာ ပြည်သူ့အတွက် ဘာလုပ်ပေးနိုင်လို့လဲ? ဒါကြောင့် NLD အစိုးရမရှိလည်း ဖြစ်ပါတယ်။ မ.ဘ.သကတော့ မရှိမဖြစ်ပါ။

ဝီရသူ(မစိုးရိမ်)
22.7.2017
PM 9:50