သတင်း

တောင်ကြီးခရီးစဉ် (၄)




 

“တောင်ကြီးခရီးစဉ် (၄)”

21.3.2018 ရက်နေ့၊ မနက်ပိုင်းမှာ တောင်ကြီးမြို့၊ အေးစေတီကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ အေးစေတီဆရာတော်ကြီးအား သွားရောက်ဖူးမြော်ပူဇော်ခြင်းပါ။

ဆရာတော်ကြီးနှင့်အတူ အမျိုးဘာသာ သာသနာအရေး ဆွေးနွေးတိုင်ပင်ကြပါတယ်။
သူငယ်ချင်း အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသနှင့် ညီတောင်မောင်လေးများဖြစ်သော ဒေါက်တာအရှင်ဝိမလဝံသ၊ မြစေတီအရှင်ဂန္ဓသာရတို့လည်း ပါပါတယ်။

ဆရာတော်ကြီးက အားပေးစကားပြောကြားပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ စွန့်ကြဲတော်မူပါတယ်။
အေးစေတီဆရာတော်ကြီး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝပါစေဘုရား…။