Daily Archives: April 13, 2018
သတင်း
အလှူရေစက်ချတရားတော်
26.3.2018 ရက်နေ့၊ မနက်(၉း၀၀)နာရီ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ပရိယတ္တိစသင်တိုက်၊ အလှူဒါယကာ ဦးမျိုးသန့်+အလှူဒါယိကာမ ဒေါ်ချစ်ချစ်မာ မိသားစု၏ ရှင်ပြု နာသ အလှူတော်မင်္ဂလာ ရေစက်ချပွဲပါ။ မင်းကင်းမြို့နယ်၊ ကျောက်တန်းရွာ တရားပွဲအပြန် ခါတိုင်းတည်းခိုနေကြဖြစ်တဲ့ မင်္ဂလာဥယျာဉ်ရောက်ခိုက် အလှူနဲ့ကြုံ၍ တရားဟောဖြစ်တာပါ။ အလှူဒကာ ဒကာမတွေလည်း တိုက်တိုက်ဆိုင်ဆိုင် နာယူရလို့ ဝမ်းသာနေကြပါတယ်။ သုမနသုတ္တန် ဟောကြားခဲ့ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူချင်း ကွဲပြားတယ်ဆိုတဲ့သဘောပါပဲ။ နတ်ဖြစ်ရင်လည်း နတ်ထက်မြတ်သောနတ်၊ လူဖြစ်ရင်လည်း လူထက်မြတ်သော လူ၊ ရဟန်းဖြစ်ရင်လည်း ရဟန်းထက်မြတ်သော ရဟန်း စသည်ဖြင့် အထက်တန်းစားခရီးသည်အဖြစ် နိဗ္ဗာန်ပန်းတိုင်ရောက်ချင်တယ်ဆိုရင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၈၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသီတဂူကျောင်း၊ အရှင်ဝါသဝ က အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (30.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း
လားရှိုးခရီးစဉ်(၂)/ ၂၀၁၈ နဝမ ဓမ္မသဘင်
5.4.2018 ရက်နေ့၊ ည (၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက် အလှူဒါယကာ ဦးခင်မောင်+အလှူဒါယိကာမ ဒေါ်ခင်ဌေးရီ မိသားစုတို့ရဲ့ ကံထပ် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အလှူဦး ဓမ္မသဘင်။ ပေတဝတ္ထုပါဠိတော်၊ ဥဗ္ဗရိဝဂ်၊ သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု(ပေတ၊ ဋ္ဌ။ ၇၂) ဟောကြားခဲ့ပါတယ်။ တရားအမည်ကတော့ သံဃာစော်ကား မယ်တော်ဘုရား၏ ဘဝနိဂုံးပါ။ ရှင်သာရိပုတ္တရာ၏ လွန်ခဲ့သော ငါးခုမြောက် ဘဝက သားအမိတော်စပ်ခဲ့သော ပုဏ္ဏေးမကြီး ပြိတ္တာဘဝရောက်ပြီး ရှင်သာရိပုတ္တရာထံ လာရောက်အကူအညီတောင်းတဲ့ ဝတ္ထုပါ။ သံဃာတော်တွေနှင့် ဘိုးဘွားများ ဖုန်းတောင်းယာစကာများကို ...
သတင်း
မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၂)”
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။ ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။ အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။ ဒီကနေ့ ကြေညာမှာကတော့ ဆရာတော်ဘုရားကြီး၏ သြဝါဒဆိုင်ရာစာမူများပဲဖြစ်ပါတယ်။ (၁) ဘက်မလိုက်နဲ့ (၂) ...
သတင်း
တောင်ကြီးခရီးစဉ် (၄)
သတင်း
လားရှိုးခရီးစဉ်(၁)
5.4.2018 ရက်နေ့၊ မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာ မြို့မကျောင်းသို့ ရောက်ရှိပါတယ်။ မြို့မကျောင်းဆရာတော် နောင်တော်ကြီး ဦးပညာသာရနှင့်အတူ နောင်တော်ကြီးဦးကောဝိဒ(သပြေဒိုးရွာ)တို့အား နှုတ်ဆက်ဂါရဝပြုပါတယ်။ နေ့ဆွမ်းစားပြီး ညီနောင်သုံးပါးလုံး ရေနွေးပွဲမြီးရင်း အမျိုးဘာသာ သာသနာရေး ဆွေးနွေးကြပါတယ်။ နေ့ဆွမ်းစားလို့ တော်တော်ကောင်းပါတယ်။ ဒေသအစားအစာတွေပဲ ရွေးစားတာပါ။ များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေများပါတယ်။ ဆွမ်းပွဲနှင့် ဟင်းခွက် မလိုက်ဖက်ပါဘူး။ ဟင်းခွက်က များပြီး စားပွဲက သေးနေပါတယ်။ နေ့စဉ်နေ့တိုင်း ဆွမ်းချိုင့်ပို့သူ ပေါများတယ်လို့ ဆိုပါတယ်။ တောကျောင်းဆရာတော်တစ်ပါးရဲ့ နစ္စဓုဝ ဆွမ်းချိုင့်တွေပဲဖြစ်ပါတယ်။ ညနေပိုင်းတွင် လားရှိုးမြို့သို့ ရောက်ပါတယ်။ တိုးဂိတ်မှာ ကြိုဆိုရေးအဖွဲ့က စောင့်ကြိုနေကြပါတယ်။ တိုင်းရင်းသားရိုးရာဝတ်စုံများ တူရိယာများဖြင့် ...