သတင္း

မစုိးရိမ္တုိက္သစ္ အဂၢါဘိဓဇဆရာေတာ္ဘုရားႀကီး စာအုပ္ ထြက္ရွိပါၿပီ (၂)”

မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တုိက္သစ္၊ ေက်းဇူးရွင္ဆရာေတာ္ႀကီး ဘဒၵႏၲသိရိႏၵာဘိဝံသ (အဂၢါဘိဓဇ)အားရည္စူး၍ တပည့္ ဒကာ ဒကာမမ်ားက (၁၅)ႏွစ္ျပည့္အထိမ္းအမွတ္ ပူေဇာ္ပြဲအခမ္းအနားကို ၁၃၈၀ ျပည့္၊ ကဆုန္ဆန္း(၁၂)ရက္ေန႔၊ 26.4.2018 ရက္ေန႔မွာ က်င္းပသြားမွာပါ။

ရပ္ေဝးမွသံဃာေတာ္မ်ား ၁၁ ရက္ေန႔ည အခ်ိန္မီေရာက္ရွိဖို႔ တိုက္တြန္းထားတယ္လုိ႔ သိရပါတယ္။ (၁၅)ႏွစ္ျပည့္ ပူေဇာ္ပြဲအခမ္းအနားမွာ လွဴဒါန္းမႈအတြက္ အထူးထုတ္စာေစာင္ႀကီးလည္း ပုံႏွိပ္ထားၿပီးပါၿပီ။

အထူးထုတ္စာေစာင္ႀကီးမွာ ေရးသားၾကေသာ ကဗ်ာရွင္၊ ေဆာင္းပါးရွင္၊ စာမူရွင္အားလံုးကို ေန႔စဥ္ေၾကညာေပးသြားပါမည္။
ဒီကေန႔ ေၾကညာမွာကေတာ့ ဆရာေတာ္ဘုရားႀကီး၏ ၾသဝါဒဆိုင္ရာစာမူမ်ားပဲျဖစ္ပါတယ္။

(၁) ဘက္မလိုက္နဲ႔
(၂) သတိႀကီးစြာထား၍ ေဆာင္ရြက္ေတာ္မူၾကပါ
(၃) ဓမၼနည္းလမ္းက်ေအာင္ ေဆာင္ရြက္ေတာ္မူၾကပါ
(၄) အခ်ိိန္ယူစဥ္းစားကာ ေဆာင္ရြက္ေတာ္မူၾကပါ
(၅) ျမင့္ျမတ္ေသာ ရည္ရြယ္ခ်က္
(၆) ဘက္ေပါင္းစံုမွ ရႈျမင္ပါ
(၇) စာရိတၱမ႑ဳိင္
(၈) သူေတာ္ေကာင္းလကၡဏာ
(၉) ကိုယ္က်င့္တရား
(၁၀) အမွန္တရား
(၁၁) ေသေသသပ္သပ္ေဆာင္ရြက္
(၁၂) သူေတာ္ေကာင္းပီသပါ
(၁၃) မဲွ႔တစ္ေပါက္
(၁၄) ေမတၱာနဲ႔ယွဥ္
(၁၅) မူကိုသာၾကည့္
(၁၆) ေျပာသလိုလုပ္
(၁၇) မွတ္ေက်ာက္အတင္ခံႏိုင္တဲ့ စိတ္
(၁၈) သတိမလစ္ေစနဲ႔
(၁၉) သတိဟူသည္ ပိုသည္မရွိ
(၂၀) အထက္တန္းက်ေသာ ပရိသတ္
(၂၁) ၿပဳံးရုံမွ် ၿပဳံး
(၂၂) လူငယ္ လူမုိက္
(၂၃) ႏွစ္ျဖာအက်ဳိး ပြားတိုပါေစ
(၂၄) လမ္းစဥ္ေပ်ာက္ေနက အျပစ္တင္ခံရမည္

ဤၾသဝါဒမ်ားသည္ ႏိုင္ငံေတာ္သံဃမဟာနာယက ဆရာေတာ္မ်ားအား ဆံုးမစကားေျပာၾကားသည့္ ၾသဝါဒမ်ားျဖစ္ပါသည္။
အမွတ္(၁) တစ္ပုဒ္တည္းသာ တပည့္မ်ားကို ဆံုးမေသာ ၾသဝါဒျဖစ္ပါသည္။

ၾသဝါဒ (၂၄)ခုလံုး မစုိးရိမ္္တုိက္သစ္ အဂၢါဘိဓဇ ဆရာေတာ္ဘုရားႀကီး အထူးထုတ္ စာေစာင္ထဲမွာ အခန္းအလိုက္ သင့္သလို ေဖာ္ျပထားပါသည္။

 

“မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး စာအုပ် ထွက်ရှိပါပြီ (၂)”
==================================

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (အဂ္ဂါဘိဓဇ)အားရည်စူး၍ တပည့် ဒကာ ဒကာမများက (၁၅)နှစ်ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို ၁၃၈၀ ပြည့်၊ ကဆုန်ဆန်း(၁၂)ရက်နေ့၊ 26.4.2018 ရက်နေ့မှာ ကျင်းပသွားမှာပါ။

ရပ်ဝေးမှသံဃာတော်များ ၁၁ ရက်နေ့ည အချိန်မီရောက်ရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ (၁၅)နှစ်ပြည့် ပူဇော်ပွဲအခမ်းအနားမှာ လှူဒါန်းမှုအတွက် အထူးထုတ်စာစောင်ကြီးလည်း ပုံနှိပ်ထားပြီးပါပြီ။

အထူးထုတ်စာစောင်ကြီးမှာ ရေးသားကြသော ကဗျာရှင်၊ ဆောင်းပါးရှင်၊ စာမူရှင်အားလုံးကို နေ့စဉ်ကြေညာပေးသွားပါမည်။
ဒီကနေ့ ကြေညာမှာကတော့ ဆရာတော်ဘုရားကြီး၏ သြဝါဒဆိုင်ရာစာမူများပဲဖြစ်ပါတယ်။

(၁) ဘက်မလိုက်နဲ့
(၂) သတိကြီးစွာထား၍ ဆောင်ရွက်တော်မူကြပါ
(၃) ဓမ္မနည်းလမ်းကျအောင် ဆောင်ရွက်တော်မူကြပါ
(၄) အချိန်ယူစဉ်းစားကာ ဆောင်ရွက်တော်မူကြပါ
(၅) မြင့်မြတ်သော ရည်ရွယ်ချက်
(၆) ဘက်ပေါင်းစုံမှ ရှုမြင်ပါ
(၇) စာရိတ္တမဏ္ဍိုင်
(၈) သူတော်ကောင်းလက္ခဏာ
(၉) ကိုယ်ကျင့်တရား
(၁၀) အမှန်တရား
(၁၁) သေသေသပ်သပ်ဆောင်ရွက်
(၁၂) သူတော်ကောင်းပီသပါ
(၁၃) မဲှ့တစ်ပေါက်
(၁၄) မေတ္တာနဲ့ယှဉ်
(၁၅) မူကိုသာကြည့်
(၁၆) ပြောသလိုလုပ်
(၁၇) မှတ်ကျောက်အတင်ခံနိုင်တဲ့ စိတ်
(၁၈) သတိမလစ်စေနဲ့
(၁၉) သတိဟူသည် ပိုသည်မရှိ
(၂၀) အထက်တန်းကျသော ပရိသတ်
(၂၁) ပြုံးရုံမျှ ပြုံး
(၂၂) လူငယ် လူမိုက်
(၂၃) နှစ်ဖြာအကျိုး ပွားတိုပါစေ
(၂၄) လမ်းစဉ်ပျောက်နေက အပြစ်တင်ခံရမည်

ဤသြဝါဒများသည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များအား ဆုံးမစကားပြောကြားသည့် သြဝါဒများဖြစ်ပါသည်။
အမှတ်(၁) တစ်ပုဒ်တည်းသာ တပည့်များကို ဆုံးမသော သြဝါဒဖြစ်ပါသည်။

သြဝါဒ (၂၄)ခုလုံး မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီး အထူးထုတ် စာစောင်ထဲမှာ အခန်းအလိုက် သင့်သလို ဖော်ပြထားပါသည်။