သတင်း

ကွဲပြားတယ်ဆိုတာ နိုင်ငံရေးသမားတွေကြောင့် ကွဲပြားရတာဖြစ်တယ်

အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်)
မန်း(မဘသ) ဦးဆောင်းဆရာတော်။

Voice••• 
မဘသဆိုင်းဘုတ်တွေ ဖြုတ်သိမ်းခြင်းမရှိတဲ့ ကိစ္စရပ်အပေါ်မှာ မဟနက အစိုးရကို အာဏာစက်နဲ့ဆောင်ရွက်ဖို့ လွှဲပြောင်းပေးတယ်လို့ သိ့ရပါတယ်ဘုရား။ အခုလိုအခြေအနေက အစိုးရနဲ့ မဘသထိပ်တိုက်တိုးနိုင်လားဘုရား။

ဆရာတော် • • •
အာဏာစက်ဆိုတာ ဘယ်လိုဆိုတာမသိ့ဘူး။ တရားဥပဒေလမ်းကြောင်းလား။ ဘာလဲဆိုတာမသိ့ဘူး။ တရားဥပဒေလမ်းကြောင်းဆိုရင် ဆရာတော်တို့လည်း တရားဥပဒေလမ်းကြောင်းအတိုင်း ဆရာတော်တို့က သွားမှာဖြစ်တယ်။ သူတို့ကဘယ်လိုဖြေရှင်းမယ်ဆိုတာ ဆရာတော်တို့ မသိ့ပါဘူး။ ဆရာတော်တို့က ကြေညာပြီးသားပါ။ အကြမ်းမဖက်လို့ အခြားကိစ္စရပ်တွေဖြစ်ပေါ်ရင် ဆရာတော်တို့နှင့်မဆိုင်ဘူး။ ဘယ်သူကိုမှ မြှောက်ပေးတာလည်း မရှိဘူးလေ။ တရားဥပဒေအရ ရပ်တည်ခွင့်ရှိတယ်လို့ ဥပဒေအရပြောဆိုပြီးဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားပြောပြီး ၂၀/၉၀ ဆိုတာက စစ်အာဏာရှင် ဦးစောမောင်ထုတ်ခဲ့တဲ့အမိန့်ဖြစ်တယ်။ ဒီမိုကရေစီအစိုးရက ဒီလိုအာဏာရှင်ထုတ်ခဲ့တဲ့အမိန့်ကို ဘာကြောင့် နှစ်ခြိုက်စွာ သုံးနေရတာလဲ။ ဦးစောမောင်ဆိုတာက ပြည်သူက ရွေးကောက်ထားခဲ့သော အစိုးရမဟုတ်ဘူး။ အာဏာသိမ်းအစိုးရ ထုတ်ပြန်တဲ့အမိန့်ဖြစ်တယ်။ ဆရာတော်တို့က သံဃာ့အဖွဲ့အစည်းမဟုတ်ဘူး။ မဘသဆိုတာ ဂိုဏ်းလည်းမဟုတ်ပါဘူး။ မဘသကြောင့် သံဃာသင်းမကွဲတဲ့အပြင် သံဃာတော်တွေညီညွှတ်ပါတယ်။

Voice • • •
မဘသဆိုတာ မတရားဖွဲ့စည်းထားသော အသင်းအဖွဲ့တစ်ခု ဖြစ်တယ်လို့ မိန့်ကြားထားပါတယ်ဘုရား။ ဆရာတော်တို့သဘောထား သိ့ပါရစေဘုရား။

ဆရာတော် • • •
မတရားအသင်းဆိုတာနိုင်ငံတော် ပုန်ကန်တဲ့အဖွဲ့ပါ။ ဘုန်းဘုန်းတို့က နိုင်ငံတော်ကို ပုန်ကန်ခြင်းမရှိပါဘူး။

Voice • • •
မဘသကြောင့် သံဃာတွေ သင်းကွဲတယ်ဆိုတာကို လက်ခံပါသလားဘုရား။

ဆရာတော် • • •
မဘသကြောင့် သံဃာတွေ ညီညွတ်ပါတယ်။ မဘသမှာ ဂိုဏ်းပေါင်းစုံ သံဃာတွေ ပါဝင်ပါတယ်။ ပေးဆပ်ခြင်းနဲ့ ဆောင်ရွက်နေကြတဲ့ မဘသဆရာတော်တွေက သံဃာ့အချင်းချင်း ကွဲပြားနေတာမရှိပါဘူး။ ကွဲပြားတယ်ဆိုတာက နိုင်ငံရေးသမားတွေကြောင့် ကွဲပြားရတာ ဖြစ်ပါတယ်။

– – – ရင်းမြစ် – – –
The VOICE Daily
Vol. 5 / No. 92 ( Friday, July 28, 2017)
စားမျက်နှာ 21.( INTERVIEW) က ကူးယူပါတယ်။

____________________________________________

အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်)
သ•စ•အ ဓမ္မာစရိယဘွဲ့များရရှိတော်မူပြီး
မန္တလေးမြို့ မစိုးရိမ်တိုက်ကြီး၏ နာယကဆရာတော်တစ်ပါးဖြစ်ပါတယ် သံဃာတော်များအား တစ်နေ့လျှင်ငါးကြိမ်ခန့် စာဝါများပို့ချပါတယ်။ ပါတီနိုင်ငံရေးအသွေးအရောင်ကင်းစင်ပြီး အမျိုးသားရေးသက်သက်ကိုသာ အစဉ်တစိုက်ဆောင်ရွက်ပါတယ်။

လင်းလတ်သူရိန်ထွန်း