သတင္း

လားရိႈးခရီးစဥ္(၂)/ ၂၀၁၈ နဝမ ဓမၼသဘင္

5.4.2018 ရက္ေန႔၊ ည (၈း၀၀)နာရီ၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမဳိ႕၊ ပန္အုပ္ပရိယတၱိစာသင္တုိက္ အလွဴဒါယကာ ဦးခင္ေမာင္+အလွဴဒါယိကာမ ေဒၚခင္ေဌးရီ မိသားစုတုိ႔ရဲ႕ ကံထပ္ ရဟန္းခံ၊ ရွင္ျပဳ၊ နားသ အလွဴေတာ္မဂၤလာ အလွဴဦး ဓမၼသဘင္။

ေပတဝတၳဳပါဠိေတာ္၊ ဥဗၺရိဝဂ္၊ သာရိပုတၱေတၳရမာတုေပတိဝတၳဳ(ေပတ၊ ႒။ ၇၂) ေဟာၾကားခဲ့ပါတယ္။ တရားအမည္ကေတာ့ သံဃာေစာ္ကား မယ္ေတာ္ဘုရား၏ ဘဝနိဂံုးပါ။

ရွင္သာရိပုတၱရာ၏ လြန္ခဲ့ေသာ ငါးခုေျမာက္ ဘဝက သားအမိေတာ္စပ္ခဲ့ေသာ ပုေဏၰးမႀကီး ၿပိတၱာဘဝေရာက္ၿပီး ရွင္သာရိပုတၱရာထံ လာေရာက္အကူအညီေတာင္းတဲ့ ဝတၳဳပါ။

သံဃာေတာ္ေတြႏွင့္ ဘိုးဘြားမ်ား ဖုန္းေတာင္းယာစကာမ်ားကို တံေတြးေတြ စားပါေတာ့လား၊ ႏွပ္ေတြစားပါေတာ့လား၊ ကိုယ္မိခင္ဦးေႏွာက္ ျပန္ေဖာက္စားပါေတာ့လား၊ ကိုယ့္ေသြးကိုယ္ျပန္ေသာက္ပါေတာ့လား စသည္ျဖင့္ ဝစီကံအရ ေစာ္ကားေမာ္ကားျပဳခဲ့လို႔ ၿပိတၱာဘဝ ေရာက္ရွိသြားတဲ့ အတိတ္ဘဝ ငါးခုေျမာက္က မယ္ေတာ္ႀကီးကို ရွင္သာရိပုတၱရာ ကယ္တင္ပံု တရားပါ။

အလွဴခံျပစ္မွား၊ မယ္ေတာ္ဘုရား၊ ၿပိတၱာဘံုသို႔ ေရာက္ရရွာ။

တံေတြးႏွပ္စား၊ အန္ဖတ္မ်ား၊ အရိုးအယြင္းမ်ားသာ စားရရွာ။

လမ္းႀကဳိလမ္းၾကား၊ သုသာန္မ်ား၊ တံုးလံုးသြားလာ ေနရရွာ။

သူေတာ္ေကာင္းကယ္၊ သံဃာကယ္၊ ကုသုိလ္ကယ္မွ လြတ္ေျမာက္ရွာ။

မၾကည္ညဳိေနပါ၊ မျပစ္မွားရာ၊ မယ္ေတာ္ဘုရားသာ နမူနာ။

မလွဴခ်င္ေနပါ၊ မေစာ္ကားရာ၊ ေစာ္ကားသူသာ၊ နစ္နာတာ။

 

“လားရှိုးခရီးစဉ်(၂)/ ၂၀၁၈ နဝမ ဓမ္မသဘင်”
=======================

5.4.2018 ရက်နေ့၊ ည (၈း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက် အလှူဒါယကာ ဦးခင်မောင်+အလှူဒါယိကာမ ဒေါ်ခင်ဌေးရီ မိသားစုတို့ရဲ့ ကံထပ် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အလှူဦး ဓမ္မသဘင်။

ပေတဝတ္ထုပါဠိတော်၊ ဥဗ္ဗရိဝဂ်၊ သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု(ပေတ၊ ဋ္ဌ။ ၇၂) ဟောကြားခဲ့ပါတယ်။
တရားအမည်ကတော့ သံဃာစော်ကား မယ်တော်ဘုရား၏ ဘဝနိဂုံးပါ။

ရှင်သာရိပုတ္တရာ၏ လွန်ခဲ့သော ငါးခုမြောက် ဘဝက သားအမိတော်စပ်ခဲ့သော ပုဏ္ဏေးမကြီး ပြိတ္တာဘဝရောက်ပြီး ရှင်သာရိပုတ္တရာထံ လာရောက်အကူအညီတောင်းတဲ့ ဝတ္ထုပါ။

သံဃာတော်တွေနှင့် ဘိုးဘွားများ ဖုန်းတောင်းယာစကာများကို တံတွေးတွေ စားပါတော့လား၊ နှပ်တွေစားပါတော့လား၊ ကိုယ်မိခင်ဦးနှောက် ပြန်ဖောက်စားပါတော့လား၊ ကိုယ့်သွေးကိုယ်ပြန်သောက်ပါတော့လား စသည်ဖြင့် ဝစီကံအရ စော်ကားမော်ကားပြုခဲ့လို့ ပြိတ္တာဘဝ ရောက်ရှိသွားတဲ့ အတိတ်ဘဝ ငါးခုမြောက်က မယ်တော်ကြီးကို ရှင်သာရိပုတ္တရာ ကယ်တင်ပုံ တရားပါ။

အလှူခံပြစ်မှား၊ မယ်တော်ဘုရား၊ ပြိတ္တာဘုံသို့ ရောက်ရရှာ။
တံတွေးနှပ်စား၊ အန်ဖတ်များ၊ အရိုးအယွင်းများသာ စားရရှာ။
လမ်းကြိုလမ်းကြား၊ သုသာန်များ၊ တုံးလုံးသွားလာ နေရရှာ။
သူတော်ကောင်းကယ်၊ သံဃာကယ်၊ ကုသိုလ်ကယ်မှ လွတ်မြောက်ရှာ။
မကြည်ညိုနေပါ၊ မပြစ်မှားရာ၊ မယ်တော်ဘုရားသာ နမူနာ။
မလှူချင်နေပါ၊ မစော်ကားရာ၊ စော်ကားသူသာ၊ နစ်နာတာ။