သတင္း

လားရိႈးခရီးစဥ္(၁)

5.4.2018 ရက္ေန႔၊ မနက္ပုိင္းမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ဳိၿမဳိ႕နယ္၊ သံုးဆယ္ရြာ ၿမဳိ႕မေက်ာင္းသို႔ ေရာက္ရွိပါတယ္။

ၿမဳိ႕မေက်ာင္းဆရာေတာ္ ေနာင္ေတာ္ႀကီး ဦးပညာသာရႏွင့္အတူ ေနာင္ေတာ္ႀကီးဦးေကာဝိဒ(သေျပဒိုးရြာ)တုိ႔အား ႏႈတ္ဆက္ဂါရဝျပဳပါတယ္။

ေန႔ဆြမ္းစားၿပီး ညီေနာင္သံုးပါးလုံး ေရေႏြးပြဲျမီးရင္း အမ်ဳိးဘာသာ သာသနာေရး ေဆြးေႏြးၾကပါတယ္။ ေန႔ဆြမ္းစားလုိ႔ ေတာ္ေတာ္ေကာင္းပါတယ္။

ေဒသအစားအစာေတြပဲ ေရြးစားတာပါ။ မ်ားေသာအားျဖင့္ ဟင္းသီးဟင္းရြက္ေတြမ်ားပါတယ္။ ဆြမ္းပြဲႏွင့္ ဟင္းခြက္ မလုိက္ဖက္ပါဘူး။ ဟင္းခြက္က မ်ားၿပီး စားပြဲက ေသးေနပါတယ္။

ေန႔စဥ္ေန႔တုိင္း ဆြမ္းခ်ဳိင့္ပို႔သူ ေပါမ်ားတယ္လို႔ ဆိုပါတယ္။ ေတာေက်ာင္းဆရာေတာ္တစ္ပါးရဲ႕ နစၥဓုဝ ဆြမ္းခ်ဳိင့္ေတြပဲျဖစ္ပါတယ္။

ညေနပိုင္းတြင္ လားရႈိးၿမဳိ႕သို႔ ေရာက္ပါတယ္။ တုိးဂိတ္မွာ ႀကဳိဆိုေရးအဖြဲ႕က ေစာင့္ႀကဳိေနၾကပါတယ္။ တို္င္းရင္းသားရိုးရာဝတ္စံုမ်ား တူရိယာမ်ားျဖင့္ ေမတၱာပို႔သံေပါက္မ်ားရြတ္ဆိုလ်က္ ႀကဳိဆိုေနၾကတာ ၾကည္ႏူးစရာအင္မတန္ေကာင္းပါတယ္။

လားရႈိးၿမဳိ႕ထဲ လွည့္လည္ပါေသးတယ္။ လားရႈိးၿမဳိ႕ ပန္အုပ္ပရိယတၱိစာသင္တုိ္က္ ပဓာနနာယကဆရာေတာ္ႀကီးကို ဖူးေျမာ္ပူေဇာ္ၿပီး ႀကဳိဆုိေရးပရိသတ္ကို ႏႈတ္ဆက္ကာ တရားေဟာဖုိ႔ ျပင္ဆင္ရပါတယ္။

 

 

“လားရှိုးခရီးစဉ်(၁)”

5.4.2018 ရက်နေ့၊ မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာ မြို့မကျောင်းသို့ ရောက်ရှိပါတယ်။

မြို့မကျောင်းဆရာတော် နောင်တော်ကြီး ဦးပညာသာရနှင့်အတူ နောင်တော်ကြီးဦးကောဝိဒ(သပြေဒိုးရွာ)တို့အား နှုတ်ဆက်ဂါရဝပြုပါတယ်။

နေ့ဆွမ်းစားပြီး ညီနောင်သုံးပါးလုံး ရေနွေးပွဲမြီးရင်း အမျိုးဘာသာ သာသနာရေး ဆွေးနွေးကြပါတယ်။ နေ့ဆွမ်းစားလို့ တော်တော်ကောင်းပါတယ်။

ဒေသအစားအစာတွေပဲ ရွေးစားတာပါ။ များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေများပါတယ်။ ဆွမ်းပွဲနှင့် ဟင်းခွက် မလိုက်ဖက်ပါဘူး။

ဟင်းခွက်က များပြီး စားပွဲက သေးနေပါတယ်။ နေ့စဉ်နေ့တိုင်း ဆွမ်းချိုင့်ပို့သူ ပေါများတယ်လို့ ဆိုပါတယ်။ တောကျောင်းဆရာတော်တစ်ပါးရဲ့ နစ္စဓုဝ ဆွမ်းချိုင့်တွေပဲဖြစ်ပါတယ်။

ညနေပိုင်းတွင် လားရှိုးမြို့သို့ ရောက်ပါတယ်။ တိုးဂိတ်မှာ ကြိုဆိုရေးအဖွဲ့က စောင့်ကြိုနေကြပါတယ်။ တိုင်းရင်းသားရိုးရာဝတ်စုံများ တူရိယာများဖြင့် မေတ္တာပို့သံပေါက်များရွတ်ဆိုလျက် ကြိုဆိုနေကြတာ ကြည်နူးစရာအင်မတန်ကောင်းပါတယ်။
လားရှိုးမြို့ထဲ လှည့်လည်ပါသေးတယ်။

လားရှိုးမြို့ ပန်အုပ်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ကြိုဆိုရေးပရိသတ်ကို နှုတ်ဆက်ကာ တရားဟောဖို့ ပြင်ဆင်ရပါတယ်။