သတင္းအင္တာဗ်ဴး

ႏုိင္ငံေရးအရ ဖိအားေပးတဲ့အေနနဲ႔ ႏုိင္ငံေရးသမားေတြနဲ႔ေပါင္းၿပီး သမဂၢစိတ္မေမြးဘဲ ရဟန္းသံဃာအခ်င္းခ်င္း ဘုရားသားေတာ္အခ်င္းခ်င္း ရန္မူေနတာဟာ ေမတၱာတရားလားလုိ႔ ျပန္ေမးခြန္းထုတ္ခ်င္ပါတယ္(အပုိင္း-၁)

သာသနာေတာ္၏ ကဝိတစ္ဆူ၊ ဆရာေတာ္အရွင္ဝီရသူႏွင့္ေတြ႕ဆုံျခင္း

အမ်ဳိးသားေရးကုိ တက္ၾကြလႈပ္ရွားခဲ့သည့္ ဆရာေတာ္တစ္ပါးအျဖစ္လည္းေကာင္း၊ တရားပြဲမ်ား ျပန္လည္ ေဟာၾကားခြင့္ရခဲ့သည့္ ဆရာေတာ္တစ္ပါးျဖစ္ေသာ ဆရာေတာ္အရွင္ဝီရသူအား ေရွ႕ဆက္လုပ္ေဆာင္မည့္ အမ်ဳိးသားေရးလႈပ္ရွားမႈမ်ား၊ လက္ရွိ ႏုိင္ငံေရးျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ Bullet ဂ်ာနယ္အပါအဝင္ ျပည္တြင္း၊ ျပည္ပမီဒီယာမ်ား၏ ေမးျမန္းမႈမ်ားကုိ ေဖာ္ျပလုိက္ပါသည္။

ေမး။ ။ တရားပြဲေတြ ပိတ္ပင္ခံထားရာကေန ဒီကေန႔ ျပန္လည္ေဟာၾကားခြင့္ရတာနဲ႔ပတ္သက္ၿပီးေတာ့ သိခ်င္ပါတယ္။ ေရွ႕ဆက္သြားဖုိ႔ ဘယ္လုိအစီအစဥ္ေတြရွိသလဲ။ ႏုိင္ငံေတာ္အတြက္ ဘယ္လုိအစီအစဥ္ေတြ ရွိပါသလဲ။

ေျဖ။ ။ ဦးဇင္းကုိ ၂၀၁၇ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔ကေနၿပီးေတာ့ ၂၀၁၈ ခုႏွစ္ မတ္လ ၉ ရက္ေန႔အထိေပါ့ေနာ္။ အဲ့လုိပိတ္ပင္တာက မေန႔က ကုန္ဆုံးသြားတဲ့အတြက္ေၾကာင့္ ဒီေန႔ေတာ့ ျပန္လည္ပြင့္သြားၿပီလုိ႔ ေျပာရမွာေပါ့။ အဲဒီအေပၚမွာေတာ့ ႏုိင္ငံေရးအာဃာတေတြ၊ အညွဳိးအေတးေတြ မရွိပါဘူး။ ဦးဇင္းကုိ သကၤန္းခၽြတ္ၿပီး ေထာင္ခ်ခဲ့တဲ့ ေထာက္လွမ္းေရးတပ္မွဴးကုိေတာင္ ဦးဇင္းက ေထာင္ထဲမွာ ျပန္ၿပီး ကူညီခဲ့တယ္။ ကယ္ဆယ္ခဲ့တယ္။ တရားပြဲပိတ္ပင္ရုံနဲ႔ေတာ့ ဦးဇက္းက အညွဳိးအေတးနဲ႔တုန္႔ျပန္ဖုိ႔ အစီအစဥ္မရွိပါဘူး။

ေမး။ ။ ဆရာေတာ္ေျပာတာ၊ ေဟာတာေတြ အျပစ္ရွိတယ္။ အေရးယူေပးဖုိ႔ သတင္းစာရွင္းလင္းပြဲေတြ ဘာေတြလုပ္ဖုိ႔ ဆရာေတာ္တစ္ပါးက စီစဥ္မႈေတြရွိတယ္လုိ႔ သိရပါတယ္။ ဆရာေတာ္အေနနဲ႔ေရာ အဲဒီအေပၚမွာ ဘယ္လုိသေဘာထားအျမင္မ်ဳိးရွိသလဲ။

ေျဖ။ ။ လူတစ္ေယာက္ကုိ အလုိမက်တုိင္း၊ မေက်နပ္တုိင္း၊ မျမင္ခ်င္တုိင္း ပုဒ္မတပ္လုိ႔မရပါဘူး။ သူက်ဴးလြန္တဲ့အျပစ္နဲ႔ ထုိက္တန္တဲ့ ေလ်ာ္ညီတဲ့ သင့္ေတာ္တဲ့ပုဒ္မတပ္ၿပီးေတာ့မွ သူ႔ကုိ တရားစြဲဆုိရမွာပါ။ ရဟန္းအခ်င္းခ်င္း တရားတေဘာင္ျဖစ္တယ္ဆုိရင္ စြပ္စြဲမယ့္ ရဟန္းက စြပ္စြဲခံရမယ့္ ရဟန္းထံ ခြင့္ေတာင္းရပါတယ္။ အဲ့ဒါ ဝိနည္းေတာ္ရဲ႕ ထုံးစံပါ။ သာသနာေတာ္ရဲ႕ယဥ္ေက်းမႈပါ။ စာမတတ္တဲ့အတြက္ ေၾကာင့္ အဲဒီယဥ္ေက်းမႈေတြ သူတုိ႔သိပုံမရပါဘူး။ ဦးဇင္းမွာ အျပစ္ရွိတယ္ဆုိရင္ ဘယ္လုပ္ရပ္က ဘယ္သိကၡာပုဒ္နဲ႔ၿငိၿပီး ဘာအာပတ္သင့္တယ္။ ဘယ္လုိအေရးယူေပးပါလုိ႔ဘဲ သူစာတင္ႏုိင္ပါမယ္။ ႏုိင္ငံေရးအရ ဖိအားေပးတဲ့အေနနဲ႔ ႏုိင္ငံေရးသမားေတြနဲ႔ေပါင္းၿပီး သမဂၢစိတ္မေမြးဘဲ ရဟန္းသံဃာအခ်င္းခ်င္း၊ ဘုရားသားေတာ္အခ်င္းခ်င္း ရန္မူေနတာဟာ ေမတၱာတရားလားလုိ႔ ျပန္ေမးခြန္းထုတ္ခ်င္ပါတယ္။

ေမး။ ။ တရားေဟာခြင့္တစ္ႏွစ္ပိတ္လုိက္တဲ့ မဟနကုိေရာ၊ သာသနာေရးဝန္ႀကီးဌာနကုိေရာ ဘယ္လုိျမင္ပါ သလဲ။

ေျဖ။ ။ ဦးဇင္းတုိ႔မွာ သာသနာေရးဝန္ႀကီးဌာနျဖစ္ေစ၊ ႏုိင္ငံေတာ္သံဃာ့နာယက ဆရာေတာ္ႀကီးေတြ ျဖစ္ေစ၊ စိတ္ထဲကေတာင္ မျပစ္မွားပါဘူး။ သုိ႔ေသာ္ အဲဒီကာလတုန္းက ဓားမုိးကေရစီအစုိးရေခါင္းစဥ္နဲ႔ သာသနာေရးဝန္ႀကီးကုိေတာ့ ဦးဇင္းျပန္ၿပီး ေခ်ပထားတာေတြရွိပါတယ္။ ေဝဖန္ထားတာေတြရွိပါတယ္။ ေထာက္ျပထားတာေတြရွိပါတယ္။ သူတုိ႔ေတြသည္ ပိတ္ခ်င္လုိ႔ ပိတ္ရတာမဟုတ္ဘူး။ ပိတ္ရျခင္းအေၾကာင္း တစ္ရပ္ရွိတယ္။ အဲဒီအတြက္ ဦးဇင္းသူတုိ႔ကုိ နားလည္တယ္။ ဆရောတာ္ သံဃာေတာ္ႀကီးေတြဆုိရင္ စိတ္ထဲကေတာင္ မျပစ္မွားမိဘူး။ တရားပြဲအပိတ္ခံထားရတာျခင္းအတူတူ ဒီအစုိးရ သူေကာင္းျပဳထားတဲ့ ဆရာေတာ္တစ္ပါးဆုိရင္ သူ႔တရားပြဲပိတ္ထားလုိ႔ဆုိၿပီး ႏုိင္ငံေတာ္သံဃာ့နာယကဆရာေတာ္ႀကီးေတြကုိ ရုန္႔ရင္းၾကမ္းတမ္းတဲ့စကားေတြနဲ႔ တုိက္မယ္၊ ခုိက္မယ္၊ ခ်မယ္၊ ႏွက္မယ္ဆုိၿပီး ေဟာၾကားတဲ့ဗြီဒီယုိဖုိင္ လုိင္းေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ အဲဒါနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံေတာ္သံဃာ့နာယက အေရးမယူဘူးလားလုိ႔ ဦးဇင္းတစ္ခြန္းမွ မေမးဖူးပါဘူး။ သာသနာေရးဝန္ႀကီးဌာန လက္ပုိက္ၾကည့္ေနသလား ဦးဇင္းတစ္ခြန္းမွ မေမးပါအဘူး။ ျပည္ထဲေရးက မဖမ္းဘူးလားလုိ႔ ဦးဇင္းဖိအားမေပးပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဦးဇင္းဟာ ဘုရားသားေတာ္ျဖစ္တဲ့အတြက္ေၾကာင့္ ဘုရားသားေတာ္အခ်င္းခ်င္း ရုိင္းပင္းရမယ့္တာဝန္ရွိလုိ႔ပါဘဲ။

ေမး။ ။ တစ္ခ်ဳိ႕ေတြက ဦးဇင္းကုိ ေဝဖန္ေနတာေတြရွိပါတယ္။ ဦးဇင္းဟာ အမုန္းတရားေတြ ေဟာေျပာတယ္။ ေဟာၾကားတယ္ဆုိၿပီး ေဝဖန္မႈေတြ၊ မၾကားဝံ့မနာသာေျပာဆုိတာေတြအေပၚမွာေရာ ဘယ္လုိမ်ဳိး မိန္႔ၾကားခ်င္ပါ သလဲဘုရား။ ေနာက္ တပည့္ေတာ္တုိ႔ႏုိင္ငံရဲ႕ အမ်ဳိးသားေရးအေျခအေနနဲ႔ ပတ္သက္ၿပီး နည္းနည္းေလာက္ သုံးသပ္ေပးပါဦး။

ေျဖ။ ။ အမ်ဳိးသားေရးအေျခအေနကေတာ့ ကုိယ့္အမ်ဳိးသားေရးကုိ အားမေပးတဲ့အစုိးရနဲ႔ ေတြ႕ႀကဳံေနရတာေပါ့ေနာ္။ အဲဒီေတာ့ အခက္အခဲေတြမ်ားစြာရွိတယ္။ အမ်ဳိးသားေရးသမားဆုိရင္ စ.မ.က ပုဒ္မနဲ႔ အၿမဲတမ္း ႏွိပ္ကြပ္ဖုိ႔ ေစာင့္ၾကည့္တာခံေနရတယ္။ ဦးဇင္းတုိ႔ကေတာ့ တစ္ကယ့္ႀကဳိးတန္းေပၚ လမ္းေလွ်ာက္ေနရသလုိပဲ။ ဟုိဘက္ယိမ္းရင္လဲက်မွာပဲ။ ဒီဘက္ယိမ္းရင္လဲက်မွာပဲ။ အၿမဲတမ္းသတိထားၿပီး ေလွ်ာက္လွမ္းေနရတာပဲ။ ေနာက္ ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး အမုန္းတရားနဲ႔ အမွန္တရား မခြဲဲျခားတတ္သူဆုိရင္ သူမ်ားက ကင္ပြန္းတပ္ေပးလုိက္တဲ့အတုိင္း လုိက္ၿပီးေခၚေဝၚေနၾကမွာဘဲ။ အမုန္းတရား လုိ႔ သတ္မွတ္တဲ့သူေတြက အမ်ားႀကီး။ အဲဒီအမ်ားႀကီးက ကင္ပြန္းတပ္ေပးလုိက္တဲ့အတုိင္း အမုန္းတရား ေဟာၾကားတယ္ဆုိၿပီး တရားေသစြပ္စြဲလုိက္မယ္ဆုိရင္ အမွန္တရားေဟာၾကားသူျဖစ္ေနခဲ့ရင္ အျပစ္အမ်ားႀကီးႀကီးပါတယ္။ အဲဒီေတာ့ ေရးသားတဲ့သူေတြကလည္း အမုန္းတရားနဲ႔ အမွန္တရားကုိ ခြဲျခားႏုိင္စြမ္းရွိမွ တရားေသဆုံးျဖတ္ၿပီးေရးသားၾကပါ။ နားေထာင္တဲ့သူ၊ နာၾကားတဲ့သူ၊ ဖတ္ရႈတဲ့သူေတြကလည္း အမုန္းတရားနဲ႔ အမွန္တရားကုိ ခြဲျခားတတ္ေအာင္ ေလ့က်င့္ၾကပါ။ တစ္ကယ္လုိ႔ မခြဲျခားႏုိင္ဘူးဆုိရင္ ခြဲျခားႏုိင္တဲ့ လူပညာရွိ၊ ရဟန္းပညာရွိ၊ လူသူေတာ္ေကာင္း၊ ရဟန္းသူေတာ္ေကာင္းေတြကုိ ခ်ဥ္းကပ္ၿပီး ေမးျမန္းၾကပါလုိ႔ ဦးဇင္းတုိက္တြန္းခ်င္ပါတယ္။

(ဆက္လက္ေဖာ္ျပပါမည္။)

 

“နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး သမဂ္ဂစိတ်မမွေးဘဲ ရဟန်းသံဃာအချင်းချင်း ဘုရားသားတော်အချင်းချင်း ရန်မူနေတာဟာ မေတ္တာတရားလားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်(အပိုင်း-၁)”

သာသနာတော်၏ ကဝိတစ်ဆူ၊ ဆရာတော်အရှင်ဝီရသူနှင့်တွေ့ဆုံခြင်း

အမျိုးသားရေးကို တက်ကြွလှုပ်ရှားခဲ့သည့် ဆရာတော်တစ်ပါးအဖြစ်လည်းကောင်း၊ တရားပွဲများ ပြန်လည် ဟောကြားခွင့်ရခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သော ဆရာတော်အရှင်ဝီရသူအား ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေးလှုပ်ရှားမှုများ၊ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍ Bullet ဂျာနယ်အပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ တရားပွဲတွေ ပိတ်ပင်ခံထားရာကနေ ဒီကနေ့ ပြန်လည်ဟောကြားခွင့်ရတာနဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။ ရှေ့ဆက်သွားဖို့ ဘယ်လိုအစီအစဉ်တွေရှိသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ဦးဇင်းကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ကနေပြီးတော့ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိပေါ့နော်။ အဲ့လိုပိတ်ပင်တာက မနေ့က ကုန်ဆုံးသွားတဲ့အတွက်ကြောင့် ဒီနေ့တော့ ပြန်လည်ပွင့်သွားပြီလို့ ပြောရမှာပေါ့။ အဲဒီအပေါ်မှာတော့ နိုင်ငံရေးအာဃာတတွေ၊ အညှိုးအတေးတွေ မရှိပါဘူး။ ဦးဇင်းကို သင်္ကန်းချွတ်ပြီး ထောင်ချခဲ့တဲ့ ထောက်လှမ်းရေးတပ်မှူးကိုတောင် ဦးဇင်းက ထောင်ထဲမှာ ပြန်ပြီး ကူညီခဲ့တယ်။ ကယ်ဆယ်ခဲ့တယ်။ တရားပွဲပိတ်ပင်ရုံနဲ့တော့ ဦးဇက်းက အညှိုးအတေးနဲ့တုန့်ပြန်ဖို့ အစီအစဉ်မရှိပါဘူး။

မေး။ ။ ဆရာတော်ပြောတာ၊ ဟောတာတွေ အပြစ်ရှိတယ်။ အရေးယူပေးဖို့ သတင်းစာရှင်းလင်းပွဲတွေ ဘာတွေလုပ်ဖို့ ဆရာတော်တစ်ပါးက စီစဉ်မှုတွေရှိတယ်လို့ သိရပါတယ်။ ဆရာတော်အနေနဲ့ရော အဲဒီအပေါ်မှာ ဘယ်လိုသဘောထားအမြင်မျိုးရှိသလဲ။

ဖြေ။ ။ လူတစ်ယောက်ကို အလိုမကျတိုင်း၊ မကျေနပ်တိုင်း၊ မမြင်ချင်တိုင်း ပုဒ်မတပ်လို့မရပါဘူး။ သူကျူးလွန်တဲ့အပြစ်နဲ့ ထိုက်တန်တဲ့ လျော်ညီတဲ့ သင့်တော်တဲ့ပုဒ်မတပ်ပြီးတော့မှ သူ့ကို တရားစွဲဆိုရမှာပါ။ ရဟန်းအချင်းချင်း တရားတဘောင်ဖြစ်တယ်ဆိုရင် စွပ်စွဲမယ့် ရဟန်းက စွပ်စွဲခံရမယ့် ရဟန်းထံ ခွင့်တောင်းရပါတယ်။ အဲ့ဒါ ဝိနည်းတော်ရဲ့ ထုံးစံပါ။ သာသနာတော်ရဲ့ယဉ်ကျေးမှုပါ။ စာမတတ်တဲ့အတွက် ကြောင့် အဲဒီယဉ်ကျေးမှုတွေ သူတို့သိပုံမရပါဘူး။ ဦးဇင်းမှာ အပြစ်ရှိတယ်ဆိုရင် ဘယ်လုပ်ရပ်က ဘယ်သိက္ခာပုဒ်နဲ့ငြိပြီး ဘာအာပတ်သင့်တယ်။ ဘယ်လိုအရေးယူပေးပါလို့ဘဲ သူစာတင်နိုင်ပါမယ်။ နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး သမဂ္ဂစိတ်မမွေးဘဲ ရဟန်းသံဃာအချင်းချင်း၊ ဘုရားသားတော်အချင်းချင်း ရန်မူနေတာဟာ မေတ္တာတရားလားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်။

မေး။ ။ တရားဟောခွင့်တစ်နှစ်ပိတ်လိုက်တဲ့ မဟနကိုရော၊ သာသနာရေးဝန်ကြီးဌာနကိုရော ဘယ်လိုမြင်ပါ သလဲ။

ဖြေ။ ။ ဦးဇင်းတို့မှာ သာသနာရေးဝန်ကြီးဌာနဖြစ်စေ၊ နိုင်ငံတော်သံဃာ့နာယက ဆရာတော်ကြီးတွေ ဖြစ်စေ၊ စိတ်ထဲကတောင် မပြစ်မှားပါဘူး။ သို့သော် အဲဒီကာလတုန်းက ဓားမိုးကရေစီအစိုးရခေါင်းစဉ်နဲ့ သာသနာရေးဝန်ကြီးကိုတော့ ဦးဇင်းပြန်ပြီး ချေပထားတာတွေရှိပါတယ်။ ဝေဖန်ထားတာတွေရှိပါတယ်။ ထောက်ပြထားတာတွေရှိပါတယ်။ သူတို့တွေသည် ပိတ်ချင်လို့ ပိတ်ရတာမဟုတ်ဘူး။ ပိတ်ရခြင်းအကြောင်း တစ်ရပ်ရှိတယ်။ အဲဒီအတွက် ဦးဇင်းသူတို့ကို နားလည်တယ်။ ဆရောတာ် သံဃာတော်ကြီးတွေဆိုရင် စိတ်ထဲကတောင် မပြစ်မှားမိဘူး။ တရားပွဲအပိတ်ခံထားရတာခြင်းအတူတူ ဒီအစိုးရ သူကောင်းပြုထားတဲ့ ဆရာတော်တစ်ပါးဆိုရင် သူ့တရားပွဲပိတ်ထားလို့ဆိုပြီး နိုင်ငံတော်သံဃာ့နာယကဆရာတော်ကြီးတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေနဲ့ တိုက်မယ်၊ ခိုက်မယ်၊ ချမယ်၊ နှက်မယ်ဆိုပြီး ဟောကြားတဲ့ဗွီဒီယိုဖိုင် လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတော်သံဃာ့နာယက အရေးမယူဘူးလားလို့ ဦးဇင်းတစ်ခွန်းမှ မမေးဖူးပါဘူး။ သာသနာရေးဝန်ကြီးဌာန လက်ပိုက်ကြည့်နေသလား ဦးဇင်းတစ်ခွန်းမှ မမေးပါအဘူး။ ပြည်ထဲရေးက မဖမ်းဘူးလားလို့ ဦးဇင်းဖိအားမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးဇင်းဟာ ဘုရားသားတော်ဖြစ်တဲ့အတွက်ကြောင့် ဘုရားသားတော်အချင်းချင်း ရိုင်းပင်းရမယ့်တာဝန်ရှိလို့ပါဘဲ။

မေး။ ။ တစ်ချို့တွေက ဦးဇင်းကို ဝေဖန်နေတာတွေရှိပါတယ်။ ဦးဇင်းဟာ အမုန်းတရားတွေ ဟောပြောတယ်။ ဟောကြားတယ်ဆိုပြီး ဝေဖန်မှုတွေ၊ မကြားဝံ့မနာသာပြောဆိုတာတွေအပေါ်မှာရော ဘယ်လိုမျိုး မိန့်ကြားချင်ပါ သလဲဘုရား။ နောက် တပည့်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးအခြေအနေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် သုံးသပ်ပေးပါဦး။

ဖြေ။ ။ အမျိုးသားရေးအခြေအနေကတော့ ကိုယ့်အမျိုးသားရေးကို အားမပေးတဲ့အစိုးရနဲ့ တွေ့ကြုံနေရတာပေါ့နော်။ အဲဒီတော့ အခက်အခဲတွေများစွာရှိတယ်။ အမျိုးသားရေးသမားဆိုရင် စ.မ.က ပုဒ်မနဲ့ အမြဲတမ်း နှိပ်ကွပ်ဖို့ စောင့်ကြည့်တာခံနေရတယ်။ ဦးဇင်းတို့ကတော့ တစ်ကယ့်ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပဲ။ ဟိုဘက်ယိမ်းရင်လဲကျမှာပဲ။ ဒီဘက်ယိမ်းရင်လဲကျမှာပဲ။ အမြဲတမ်းသတိထားပြီး လျှောက်လှမ်းနေရတာပဲ။ နောက် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမုန်းတရားနဲ့ အမှန်တရား မခွဲခြားတတ်သူဆိုရင် သူများက ကင်ပွန်းတပ်ပေးလိုက်တဲ့အတိုင်း လိုက်ပြီးခေါ်ဝေါ်နေကြမှာဘဲ။ အမုန်းတရား လို့ သတ်မှတ်တဲ့သူတွေက အများကြီး။ အဲဒီအများကြီးက ကင်ပွန်းတပ်ပေးလိုက်တဲ့အတိုင်း အမုန်းတရား ဟောကြားတယ်ဆိုပြီး တရားသေစွပ်စွဲလိုက်မယ်ဆိုရင် အမှန်တရားဟောကြားသူဖြစ်နေခဲ့ရင် အပြစ်အများကြီးကြီးပါတယ်။ အဲဒီတော့ ရေးသားတဲ့သူတွေကလည်း အမုန်းတရားနဲ့ အမှန်တရားကို ခွဲခြားနိုင်စွမ်းရှိမှ တရားသေဆုံးဖြတ်ပြီးရေးသားကြပါ။ နားထောင်တဲ့သူ၊ နာကြားတဲ့သူ၊ ဖတ်ရှုတဲ့သူတွေကလည်း အမုန်းတရားနဲ့ အမှန်တရားကို ခွဲခြားတတ်အောင် လေ့ကျင့်ကြပါ။ တစ်ကယ်လို့ မခွဲခြားနိုင်ဘူးဆိုရင် ခွဲခြားနိုင်တဲ့ လူပညာရှိ၊ ရဟန်းပညာရှိ၊ လူသူတော်ကောင်း၊ ရဟန်းသူတော်ကောင်းတွေကို ချဉ်းကပ်ပြီး မေးမြန်းကြပါလို့ ဦးဇင်းတိုက်တွန်းချင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)