သတင်း

ထောက်ခံတာလား ရပ်တည်တာလား

၂၀၁၂ စက်တင်ဘာလတုန်းက မန္တလေးမှာ စာရေးသူဦးဆောင်ပြီး သမ္မတကြီးဦးသိန်းစိန်၏ စကားကြီးသုံးခွန်းကို ထောက်ခံပွဲ ပြုလုပ်ခဲ့ဖူးသည်။ ခေါင်းစဉ်ကတော့ သမ္မတကြီးကိုထောက်ခံခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ပါ နဖူးစည်းစာတမ်းအတိုင်းပါပဲ။

သမ္မတကြီးဦးသိန်းစိန်က မောင်တောအရေးအခင်းနှင့်ပတ်သက်ပြီး UN ကို ပြောဆိုခဲ့တဲ့ စကားကြီးသုံးခွန်းကတော့ ၁။ ရိုဟင်ဂျာဆိုတာ လုံးဝမရှိ၊ ခိုးဝင်ဘင်္ဂလီတွေပဲရှိတယ်။ ၂။ သူတို့ကိုလိုချင်တဲ့သူရှိရင် ပေးမယ်။ ၃။ ယူမည့်သူမရှိရင် UN အထောက်အပံ့နှင့် ဒုက္ခသည်စခန်းမှာပဲ ထားမယ် တို့ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက တိုင်းပြည်ကို ဝါစာနှင့် ကာကွယ်ခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ခဲ့ပါတယ်။ အဲဒီထောက်ခံပွဲမှာ မန္တလေး ခုနစ်မြို့နယ် သုံးရက်ဆက်တိုက် ကျင်းပဖို့ စီစဉ်ထားပေမဲ့ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ် နှစ်ပွဲပဲ လုပ်လိုက်ရပါတယ်။ နောက်နေ့နှစ်ရက်မှာ ခွင့်ပြုမိန့်ပြန်ရုပ်သိမ်းသွားလို့ စာရေးသူမပါဝင်တော့ပေမဲ့ မန္တလေးသံဃာထုနှင့် ပြည်သူတွေကတော့ မိုးထဲရေထဲမှာ အင်အားပြဆင်နွှဲခဲ့ပါတယ်။

အဲဒီပွဲဟာ သမ္မတကြီးဦးသိန်းစိန်ဘက်မှရပ်တည်ပြီး ရိုဟင်ဂျာကို ကန့်ကွက် အကြမ်းဖက်ကို ရှုတ်ချတဲ့ပွဲပါ။ သမ္မတကြီးဦးသိန်းစိန်ကို ထောက်ခံတာမဟုတ်ပါဘူး၊ စကားကြီးသုံးခွန်းကို ထောက်ခံတာပါ။ NLD အစိုးရလက်ထက် ၂၀၁၇ စက်တင်ဘာလမှာလည်း ရိုဟင်ဂျာကိုကန့်ကွက်ပွဲ အကြမ်းဖက်တွေကို ရှုတ်ချပွဲတွေ ကျင်းပခဲ့ပါတယ်။ အစိုးရနှင့် တစ်သားတည်းရှိကြောင်း အစိုးရနှင့်အတူ ရပ်တည်နေကြောင်း ကိုယ်တိုင်ပြသခဲ့သလို သံဃာထုနှင့်လူထုအားလုံးကလည်း ရပ်တည်ကြောင်းပြသကြဖို့ တိုက်တွန်းခဲ့တာပါ။

ပြည်တွင်းပြည်ပမှာ ရိုဟင်ဂျာကန့်ကွက်ပွဲတွေ အကြမ်းဖက်ရှုတ်ချပွဲတွေ ကျင်းပနေတာဟာ အစိုးရနှင့်တစ်သားတည်းရှိကြောင်း အစိုးရနှင့်အတူရပ်တည်နေကြောင်း ဖော်ကျူးတာနှင့်အတူတူပါပဲ။ ဒါပေမဲ့ ၂၀၁၇ ရခိုင်အရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ ဘင်္ဂလီအဆုံးအဖြတ် လုံးဝမပေးနိုင်သေးပါဘူး။ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာကို ဘယ်လိုအပိုင်းကိုပယ်မည်၊ ဘယ်လိုအပိုင်းကို အမြန်ဖော်ဆောင်မယ်ဆိုတာလည်း အတိအကျ ချမပြသေးပါဘူး။

ပြည်သူတွေစိုးရိမ်နေတာက ၈၂ နိုင်ငံသားဥပဒေကို အာနန်အကြံပြုထားတဲ့အတိုင်း ပြင်တာတွေ ဖျက်တာတွေ ပြုလုပ်ပစ်မှာကို စိုးရိမ်နေကြတာပါ။ ဒီလို ပြတ်သားတဲ့မူဝါဒမရှိ ထောက်ခံစရာအကွက် လုံးဝမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတွေကျင်းပပြီး ထောက်ခံကြမယ်ဆိုတော့ ထောက်ခံသူတွေဟာ အမှန်တရားနှင့် နီးစပ်နိုင်ပါ့မလား။

အရှိတရားနှင့် နီးစပ်နိုင်ပါ့မလား။ ဒါတွေဟာ အဖြေရှာရမဲ့အချက်တွေပါ။ မွေးသမိခင်ကို စော်ကားရင်စော်ကားမယ်၊ အမေစုကိုတော့ လုံးဝမထိနဲ့ဆိုတဲ့ ထောက်ခံမှုမျိုးတွေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံနေတဲ့သူတွေလည်း အများကြီးရှိနေတယ်။ ဒါကြောင့် ထောက်ခံပွဲဆိုတဲ့ခေါင်းစဉ်ဟာ တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူး။
တစ်နိုင်ငံလုံးနှင့် မသက်ဆိုင်ဘူး။ ရခိုင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တယ်ဆိုရင်တော့ မှားတာ မှန်တာက ဒေါ်အောင်ဆန်းစုကြည်နှင့်ပဲ ဆိုင်သွားပြီ။

ပြည်သူတွေနှင့် မဆိုင်တော့ဘူး။ ပြည်သူတွေက တိုင်းပြည်အန္တရာယ်ကျရောက်လို့သာ ကိုယ့်အစိုးရဘက်မှ ရပ်တည်တယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဆုံးအဖြတ်မှားခြင်း အဆုံးအဖြတ်မှန်ခြင်းတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲ မူတည်တယ်။ ပြည်သူတွေနှင့် မသက်ဆိုင်ဘူး။ ဒါပေမဲ့ အကယ်၍ ဆုံးဖြတ်ချက်အမှားကို ထောက်ခံခဲ့သော် ထောက်ခံတဲ့သူတွေပါ သမိုင်းမှာ တရားခံဖြစ်သွားမှာ။

ဒါကို စိုးရိမ်မိတာပါပဲ။ ဒါကြောင့် နိုင်ငံရေးသမားတွေအနေနှင့် ပြည်သူတွေကို အမှုမတွဲကြဖို့ အလေးအနက် သတိပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှရပ်တည်ပါ၊ အစိုးရဘက်မှရပ်တည်ပါ၊ မြန်မာဘက်မှရပ်တည်ပါ။ ထောက်ခံပွဲဆိုတဲ့ခေါင်းစဉ်ကိုတော့ ဆင်ခြင်တုံတရားအပြည့်အဝဖြင့် အလေးအနက် စဉ်းစားကြပါလို့ပဲ သတိပေးပါရစေ။

ဝီရသူ(မစိုးရိမ်)
27.9.2017
PM 10:07