မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီဆုပေးပွဲကို ယ္ခုလ ၂၄.၂၅ ရက်များ၌ ကျင်းပနိုင်ခဲ့ပါသည်။

        ၂၄.၁၂.၂၀၂၂ ရက်နေ့၌ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေပြီး ၂၅.၁၂.၂၀၂၂ ရက်နေ့ နေခင်းပိုင်း၌ ဆုပေးပွဲကျင်းပကာ ၎င်းည၌ ပျော်ပွဲရွှင်ပွဲများဖြင့် ထပ်မံ ဖျော်ဖြေခဲ့ပါသည်။

        ပညာရည်ချွှန်ဆုပေးပွဲသို့ မန္တလေး၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်များ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပါသည်။

        ကန့်ဘလူမြို့နယ်၊ ကျေးပင်အပ် ကျေးရွာသူ/ ကျေးရွာသားများ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာသူ ကျေးရွာသားများက မနက်စာ၊ နေ့စာ(အရုဏ်ဆွမ်း၊နေ့ဆွမ်း) များကပ်လှူပြီး ဦးသုစိတ္တ အမှူးပြုသော မျိုးချစ်သမဂ္ဂ(ရန်ကုန်) နှင် အရှင်ပဏ္ဍိတ(တက်ခေတ်ဗန်းမော်) တို့ အဖွဲက ရေခဲမုန့်ဖြင့် ကျွေးမွေးလှူဒါန်းကြပါသည်။

        သရုပ်ဆောင် စုလှိုင်နှင်း၊ တေးသံရှင် မခိုင်(လုံးဝဥဿုံဘုတ်ဆုံအထင်မကြီးဘူး) တေးသံရှင် မိုးဝေယံ ချစ်စွမ်းသာ (ချမ်းသာမျိုးဆက်) မင်းသား မိုးစက်အောင်၊ မင်းသမီး ဆူးငယ် ၊ လူရွှင်တော် တောက်တဲ့နှင့်အဖွဲ့ ၊  ခြင်းလုံးမယ် ရွှေတံဆိပ်ဆုရှင် စုစုဝင်းလှိုင် (အမရပုရ)

 မော်ဒယ်လ် ရွှေယူပါဦး တို့က စွမ်းရာအခန်းကဏ္ဍမှ ဖျော်ဖြေတင်ဆက်သလို အကယ်ဒမီကျောင်းသူ/ကျောင်းသားများကလည်း ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။

        ယင်းဆုပေးပွဲ၌ ဂုဏ်ထူးဆု၊ စာအောင်ဆု၊ ဆရာထူးချွန်ဆု များကို ပေးအပ်ခဲ့သလို ၂၀၂၂ခုနှစ်၏ ကျောင်းသားထူးချွန်ဆုများကိုလည်း အတန်းအလိုက် ရွေးချယ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။