Daily Archives: December 27, 2022

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး

ပညာရည်ချွန် ဆုပေးပွဲ အောင်မြင်စွာပြီဆုံး မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီဆုပေးပွဲကို ယ္ခုလ ၂၄.၂၅ ရက်များ၌ ကျင်းပနိုင်ခဲ့ပါသည်။         ၂၄.၁၂.၂၀၂၂ ရက်နေ့၌ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေပြီး ၂၅.၁၂.၂၀၂၂ ရက်နေ့ နေခင်းပိုင်း၌ ဆုပေးပွဲကျင်းပကာ ၎င်းည၌ ပျော်ပွဲရွှင်ပွဲများဖြင့် ထပ်မံ ဖျော်ဖြေခဲ့ပါသည်။         ပညာရည်ချွှန်ဆုပေးပွဲသို့ မန္တလေး၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ အမှူးပြုသော သံဃာတော်များ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပါသည်။         ကန့်ဘလူမြို့နယ်၊ ကျေးပင်အပ် ကျေးရွာသူ/ ကျေးရွာသားများ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာသူ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

      သဟာယညီနောင်များ၏ ဒုတိယအကြိမ် ပညာရေးအလှူတော်

                သဟာယညီနောင်များ၏ ဒုတိယအကြိမ် ပညာရေးအလှူတော် မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ပညာရေးပဓေသာပင်အဖြစ် အလှူတော်ငွေ ၃၀၀၀၀၀ိ/ (သုံးသိန်း) ကို သဟာယညီနောင်များ အဖွဲ့က လှူဒါန်းပါသည်။ ယ္ခုလှူဒါန်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲသည့် ဇူလိုင်လတုန်းကလည်း အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခဲ့ပါသည်။         အလှူရှင်များကား ‘‘ သဟာယ ညီနောင်များအဖွဲ့ ’’ မှ သံဃာတော်များ ဖြစ်ပါသည်။ ‘‘ သဟာယ ညီနောင်များအဖွဲ့ ’’ ကို ကျောင်းထိုင် ရဟန်းပျိုများ၊ ကျောင်းထိုင်မဟုတ်သော ရဟန်းပျိုများဖြင့် ...