သတင်း

ရခိုင်ပြည်သူများအတွက် အလှူဒါနပြုကြသူများ(၂)

မန္တလေး အမရပူရမြို့နယ် ကွမ်းဆွဲရပ်ကွက် MK ကျောက်မျက်ရတနာကုမ္ပဏီ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ရခိုင်ပြည်သူများအတွက် ဒီကနေ့ ဝါဆိုလပြည့်နေ့ 8.7.2017 ရက်နေ့ညနေပိုင်းမှာ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စားဝတ်နေရေး ကျန်းမာရေးနှင့် ဘဝလုံခြုံရေးအခက်အခဲရှိနေသော တိုင်းရင်းသူတိုင်းရင်းသား ရခိုင်ပြည်သူများအား လှူဒါန်းသွားမှာဖြစ်ပါတယ်။

အလှူရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။ ယခုဆိုလျှင် ရခိုင်ပြည်သူများအတွက် လှူဒါန်းငွေမှာ (၁၅)သိန်းကျပ်နှင့် ကြက်ပေါင်ဖိနပ်ပေါင်း ၁၂၉၈ ရံ ရရှိပြီဖြစ်သည်။