Daily Archives: July 8, 2017

သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၉)

မေလ ၄ ရက်နေ့ ညနေပိုင်းမှာ သုခမြိုင်(ပြားသား)ကျေးရွာသို့ ရောက်ရှိကြပါတယ်။ သုခမြိုင်ရွာဆိုတာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းမှာတည်ရှိတဲ့ တိုင်းရင်းသားရွာလေးပါ။ ၂၀၀၀ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အခု အိမ်ခြေ ၇၀ ကျော်ရှိပါတယ်။ မူလရွာတည်စဉ်က စိုက်ပျိုးဖို့ လယ်မြေတွေ အစိုးရက ချထားပေးပေမယ့် အများစုက နွားစားကျက်မြေတွေပါ။ စိုက်ပျိုးလယ်မြေရသူတွေကလည်း ဘင်္ဂလီတွေကို ရောင်းစားပြီး ပြန်ပြေးကြလို့ လက်ရှိနေထိုင်ကြတဲ့ ပြည်သူ တွေ လယ်မဲ့ယာမဲ့ဘဝရောက်နေပါတယ်။ ၂၀၀၂ ခုနှစ်မှာ AA(ရခိုင်တပ်မတော်)မှ ငြိမ်းချမ်းရေးယူလာသူများနှင့် ရွာကိုတစ်ဖန် ပြန်လည်ထူထောင်ခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်မှ ပြန်ရောက်လာတဲ့ ...
သတင်း

ဝီရသူ၏ ဒေါက်တိုင်ခရိုနီကြီးများ(၂)

ဒီကနေ့ ဝါဆိုလပြည့်နေ့ 8.7.2017 ရက်နေ့ ညနေပိုင်းမှာ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာသူ ရွာသားများကို တရားဟောပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို မုန့်ဖိုးလဲပေး ဘုရားရှိခိုးလဲ သင်ပေးတာပါ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သဃံ သရဏံ ဂစ္ဆာမိ သရဏဂုံသုံးပါး ဦးထိပ်ထားဖို့ သင်ပေးရင်း ကလေးတွေကို မုန့်ဖိုးတစ်ထောင်ကျပ်စီ ပေးဝေပါတယ်။ လူကြီးတွေပါ ဝင်ရောက် တန်းစီကြလို့ လူကြီးမုန့်ဖိုးအဖြစ် တစ်ထောင်ကျပ်စီ ပေးလှူပါတယ်။ ကျာက်ချောရွာမှာ အခုလို မုန့်ဖိုးပေး တရားပေးတာ နှစ်ကြိမ်ရှိသွားပါပြီ။ ဝါဆိုလပြည့် ထူးခြားတဲ့လမြတ်ဖြစ်တဲ့အတွက် ...
သတင်း

ထူးခြားတဲ့ အလှူတော်မင်္ဂလာ

ဖခင်ကြီး (ဦးထွန်းလှိုင်)+မိခင်ကြီးဒေါ်ခင်ညိုတို့အား အမှူးထား၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တာရပ်ကွက်နေ ရဟန်း၊ ကျောင်း ဒါယိကာမကြီး ဒေါ်ခင်အေးလှိုင်၊ သား မောင်စိုးမင်းဦး+မချိုချိုဝင်း၊ မောင်နိုင်လင်းကို (မဲကြီး ဝပ်ရှော့ နှင့် ဆိုင်ကယ်ရောင်းဝယ်ရေး)၊ သမီး မပပ(ခ) မမြတ်သဉ္ဇာစိုး၊ မနှင်းယုဆွေ၊ မြေး ရွှန်းရတီဦး မိသားစုတို့ရဲ့ ရဟန်းခံ၊ အနေကဇာတင်၊ ကျောင်းရေစက်ချ အလှူတော်မင်္ဂလာ ဖြစ်ပါတယ်။ ၁၃၇၉-ခု၊ ဝါဆိုလပြည့်နေ့ 8.7.2017 ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသဆွမ်းစားကျောင်းဆောင်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ် ပထမ မဟာနာယဆရာတော်ကြီး ...
သတင်း

ရခိုင်ပြည်သူများအတွက် အလှူဒါနပြုကြသူများ(၂)

မန္တလေး အမရပူရမြို့နယ် ကွမ်းဆွဲရပ်ကွက် MK ကျောက်မျက်ရတနာကုမ္ပဏီ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ရခိုင်ပြည်သူများအတွက် ဒီကနေ့ ဝါဆိုလပြည့်နေ့ 8.7.2017 ရက်နေ့ညနေပိုင်းမှာ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စားဝတ်နေရေး ကျန်းမာရေးနှင့် ဘဝလုံခြုံရေးအခက်အခဲရှိနေသော တိုင်းရင်းသူတိုင်းရင်းသား ရခိုင်ပြည်သူများအား လှူဒါန်းသွားမှာဖြစ်ပါတယ်။ အလှူရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။ ယခုဆိုလျှင် ရခိုင်ပြည်သူများအတွက် လှူဒါန်းငွေမှာ (၁၅)သိန်းကျပ်နှင့် ကြက်ပေါင်ဖိနပ်ပေါင်း ၁၂၉၈ ရံ ရရှိပြီဖြစ်သည်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မစိုးရိမ်တိုက်သစ် ဓမ္မဘာဏကကျောင်း ဦးတေဇာနန္ဒ(ပုသိမ်)မှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မစိုးရိမ်တိုက်သစ် ဓမ္မဘာဏကကျောင်း ဦးအကုင်္ရ(မော်လမြိုင်)မှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မစိုးရိမ်တိုက်သစ် ဓမ္မဘာဏကကျောင်း ဦးပညာစာရ(ပုတီးကုန်း)မှ ၅၀၀၀၀ (ငါးသောင်း)ကျပ်၊ မစိုးရိမ်တိုက်သစ် ဓမ္မဘာဏကကျောင်း ဦးဆန္ဒဝရ(ကျိုက်မရော)မှ ၁၀၀၀၀(တစ်သောင်း)ကျပ်၊ ဓမ္မဝေဒဂူကျောင်း ရှင်ဝိသုဒ္ဓ(ဟိုပုံး)မှ ၁၀၀၀၀ (တစ်သောင်း)ကျပ် စုစုပေါင်း ၂၇၀၀၀၀(နှစ်သိန်းခုနစ်သောင်း) ကျပ် လှူဒါန်းစဉ်။(5.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ...
သတင်း

သင့်အား ဝီရမိုးကို ဟု အမည်ပေးလိုက်သည်

ယနေ့မှစ၍ ဝီရမိုးကို အမည်တွင်စေ။ ပုံ – ဝီရသူ (မစိုးရိမ်) (ဝီရမိုးကိုမည်သော ဦးမိုးကိုသည် မန္တလေး အမရပူရမြို့နယ် ကွမ်းဆွဲရပ်ကွက် MK ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါသည်။ မန်း မဟော်သဓာအတွက် အလှူငွေ သိန်း ၅၀ ကျပ်နှင့် ရခိုင်ပြည်သူများအတွက် ငါးသိန်းကျပ် လှူထားသည့် အလှူရှင်တစ်ဦးဖြစ်ပါသည်။)
သတင်း

ဝီရသူ၏ ဒေါက်တိုင်ခရိုနီကြီးများ

ဒီကနေ့ ဝါဆိုလပြည့် 8.7.2017 ရက်နေ့ မနက် ၉း၀၀ နာရီမှာ မန္တလေး၊ ရတနာပုံဈေးသီလပွဲ သွားရပါတယ်။ သီလပွဲကုသိုလ်ရှင်ကတော့ အာဖရိကငါးခူ အမှတ်(၂)မှာပါတဲ့ ရတနာပုံ ပျံကျဈေး သစ်သီးသည် သားအမိ ဒေါ်သီသီနှင့် မမိုးမိုးစန်း မိသားစုတို့ပါ။ ဥပုသ်နေ့ဖြစ်ပေမယ့် သစ်သီးတန်းနှင့် ကုန်ခြောက်တန်းကတော့ ဈေးမပိတ်ဘူးလို့ ဆိုပါတယ်။ ဈေးသူဈေးသားများ ဥပုသ်စောင့် သီလယူကြပါတယ်။ ပုံပါအတိုင်း တောသူတောင်သားတွေကများပါတယ်။ အထင်ကြီးသူတွေ ရေးသားပြောဆိုနေကြတဲ့ ဝီရသူနှင့် မဘသ ကို နောက်ကနေ ကျောထောက်နောက်ခံပြုနေတဲ့ ခရိုနီကြီးတွေပေါ့ဗျာ။ သူတို့လေးတွေ စုလှူကြတဲ့ ငွေထုတ်ကြီးကိုကြည့်လိုက်ပေါ့နော်။ အသစ်ကြပ်ချွတ် ပါကင်တွေ ဘဏ်ထုတ်ငွေတွေချည်းပါပဲ။ ဒီနေရာမှာ ...
သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ(၃)

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။) ရွှေမြန်မာနှင့် သာသနာ ကျနုပ်တို့သာသနာသည် ကျနုပ်တို့ မြန်မာလူမျိုးများနှင့်ကား လိုက်ဖက်ညီလှပေသည်။ မြန်မာအစိုးရ အစဉ်အဆက်သည် မြန်မာလူမျိုးအတွက်၊ နိုင်ငံအတွက် စီမံကိန်းကြီးမားစွာ ချခဲ့သည်ကိုလည်းကောင်း၊ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ မတွေ့မြင် ရပေ။ ပြည်သူလူထုကောင်းကျိုးအတွက် တစ်မျိုးလုံးနှင့်ချီ၍ အလုပ်လုပ်ခဲ့ သည်များ လုံးဝမရှိသလောက်ပင်။ ဥပမာ ဂျပန်နိုင်ငံ၏ နွားနို့စီမံကိန်းများ ဖြစ်သည်။ နွားနို့စီမံကိန်းကြောင့် ဂျပန်လူထု ကျန်းမာသည်၊ ဥာဏ်ရည်မြင့် သည်၊ အသက်ရှည်သည်။ ယနေ့ကမ္ဘာ၌ ပျမ်းမျှ အသက်ရှည်သူ အများဆုံးရှိသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်လေသည်။ မြန်မာအစိုးရ များအနေဖြင့် ...
သတင်း

တာဝန်ရှိသူက တာဝန်မသိတော့

တာဝန်ရှိသူက တာဝန်မသိတော့ တာဝန်သိသူတွေက တိုက်တွန်းရတဲ့အဆင့်ထိ ရောက်သွားပြီ။ ဝီရသူ ( မစိုးရိမ်) 8.7.2017 am 10:30 ================================== ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုအတွက် တာဝန်ယူဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များ၏ တရားဝင်ဆောင်ရွက်မှုအပေါ် ဥပဒေအရ အာမခံချက်ပေးနိုင်ပါရန် နိုင်ငံရေးပါတီ (၁၄)ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက် ၂၀၁၇ ခုနှစ်၊ဇူလိုင်လ ( ၆ )ရက် ၁၃၇၉ ခုနှစ်၊ ၀ါဆိုလဆန်း (၁၃)ရက် =============================================== ၁။ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် ...