သတင်း

ဝီရသူ၏ ဒေါက်တိုင်ခရိုနီကြီးများ

ဒီကနေ့ ဝါဆိုလပြည့် 8.7.2017 ရက်နေ့ မနက် ၉း၀၀ နာရီမှာ မန္တလေး၊ ရတနာပုံဈေးသီလပွဲ သွားရပါတယ်။ သီလပွဲကုသိုလ်ရှင်ကတော့ အာဖရိကငါးခူ အမှတ်(၂)မှာပါတဲ့ ရတနာပုံ ပျံကျဈေး သစ်သီးသည် သားအမိ ဒေါ်သီသီနှင့် မမိုးမိုးစန်း မိသားစုတို့ပါ။

ဥပုသ်နေ့ဖြစ်ပေမယ့် သစ်သီးတန်းနှင့် ကုန်ခြောက်တန်းကတော့ ဈေးမပိတ်ဘူးလို့ ဆိုပါတယ်။ ဈေးသူဈေးသားများ ဥပုသ်စောင့် သီလယူကြပါတယ်။ ပုံပါအတိုင်း တောသူတောင်သားတွေကများပါတယ်။

အထင်ကြီးသူတွေ ရေးသားပြောဆိုနေကြတဲ့ ဝီရသူနှင့် မဘသ ကို နောက်ကနေ ကျောထောက်နောက်ခံပြုနေတဲ့ ခရိုနီကြီးတွေပေါ့ဗျာ။ သူတို့လေးတွေ စုလှူကြတဲ့ ငွေထုတ်ကြီးကိုကြည့်လိုက်ပေါ့နော်။ အသစ်ကြပ်ချွတ် ပါကင်တွေ ဘဏ်ထုတ်ငွေတွေချည်းပါပဲ။

ဒီနေရာမှာ ဝါဆိုလပြည့်နေ့တိုင်း သီလပေးတာ သုံးကြိမ်တောင်ရှိပါပြီ။ နမောတဿ ဂုဏ်တော်ပွားနည်း လက်တွေ ငါးမိနစ် သင်ပြပေးခဲ့ပါတယ်။ ဝီရသူရဲ့ ခရိုနီကြီးတွေရဲ့ ချွေးနည်းစာလေးတွေကို ဒီကနေ့ မဟော်သဓာရပ်ကွက် ကလေးငယ်တွေကို မုန့်ဖိုးပေးပြီး ပြန်လည်ဒါနပြုပါဦးမယ်။

ဝီရသူနှင့် ခရိုနီကြီးများ၏ ကုသိုလ်ကောင်းမှုကို အွန်လိုင်းပရိသတ်ကြီးအား အမျှအတန်း ပေးဝေလိုက်ပါတယ်။ အမျှ….. အမျှ……. အမျှ  အွန်လိုင်းပရိသတ်ကြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ဝေစုကို အရယူနိုင်ကြပါစေ…။