သတင္း

၂၀၁၈ သတၱရသမဓမၼသဘင္/ ရန္ကုန္-ထန္းတပင္

၂၇.၄.၂၀၁၈ ည ၈း၃၀ နာရီ၊ ရန္ကုန္တုိင္း၊ ထန္းတပင္ျမိဳ့နယ္၊ အစုႀကီးေက်းရြာအုပ္စု၊ သီတာေအးေက်းရြာ၊ ဓမၼပါလမိုးကုတ္ဝိပႆနာေက်ာင္းတိုက္၊ ဦးစီးပဓာနနာယကဆရာေတာ္ဘဒၵႏၲဣႏၵာဝုဓ၏ အႏၲိမအဂၢိစ်ာပနသာဓုကီဠနဓမၼပူဇာသဘင္။

ညီေတာ္ေမာင္ အရွင္ဣႏၵာဝုဓရဲ႕ ေနာက္ဆံုးခရီးပါ။ စာေရးသူအေပၚ ညီေတာ္ေမာင္ျပဳခဲ့ဖူးတဲ့ ေက်းဇူးေတြကို စ်ာပနတရားေဟာၾကားျခင္းႏွင့္ ေပးဆပ္ခဲ့ပါတယ္။ စ်ာပနဓမၼသဘင္မုိ႔ သံေ၀ဂတရား ေဟာၾကားခဲ့ပါတယ္း။ သံယုတ္ပါဠိေတာ္ ဒုတိယ အနာထ ပိ႑ိကသုတၱန္ ေဟာၾကားခဲ့တာပါ။ တရားေတာ္ရဲ႕အမည္ကေတာ့ “သိကၡာနဲ ့လိပ္ျပာတရားေတာ္”ပါ။

ဗုဒၶဂုဏ္ကို အာရုံစြဲလုိ႔၊ အၿမဲယုံၾကည္ဆည္းကပ္လွ်င္၊ ေသမင္းကိုပင္ ရင္ဆုိင္ရဲလုိ႔၊ လားရာဂတိေကာင္းမည္ပင္။ ခုေရာေနာင္ပါ ခ်မ္းသာရဖုိ္႔၊ ဗုဒၶါႏုႆတိပြားစုိ႔အစဥ္။

ဓမၼဂုဏ္ကို အာရုံစြဲလုိ႔၊ အၿမဲယုံၾကည္ဆည္းကပ္လွ်င္၊ ေသမင္းကိုပင္ ရင္ဆုိင္ရဲလုိ႔၊ လားရာဂတိေကာင္းမည္ပင္။ ခုေရာေနာင္ပါ ခ်မ္းသာရဖုိ္႔၊ ဓမၼာႏုႆတိပြားစုိ႔အစဥ္။

သံဃာ့ဂုဏ္ကို အာရုံစြဲလုိ႔၊ အၿမဲယုံၾကည္ဆည္းကပ္လွ်င္၊ ေသမင္းကိုပင္ ရင္ဆုိင္ရဲလုိ႔၊ လားရာဂတိေကာင္းမည္ပင္။ ခုေရာေနာင္ပါ ခ်မ္းသာရဖုိ္႔၊ သံဃာႏုႆတိပြားစုိ႔အစဥ္။

ငါးပါးသီလ ျမတ္ဓမၼကို အၿမဲယုံၾကည္ေစာင့္ထိန္းလွ်င္၊ ေသမင္းကိုပင္ ရင္ဆုိင္ရဲလုိ႔၊ လားရာဂတိေကာင္းမည္ပင္။ ခုေရာေနာင္ပါ လိပ္ျပာလုံဖုိ႔ သိကၡာၿခဳံစုိ႔ ထာဝစဥ္။

 

“၂၀၁၈ သတ္တရသမဓမ္မသဘင်/ ရန်ကုန်-ထန်းတပင်”

၂၇.၄.၂၀၁၈ ည ၈း၃၀ နာရီ၊ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာအုပ်စု၊ သီတာအေးကျေးရွာ၊ ဓမ္မပါလမိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနဓမ္မပူဇာသဘင်။

ညီတော်မောင် အရှင်ဣန္ဒာဝုဓရဲ့ နောက်ဆုံးခရီးပါ။ စာရေးသူအပေါ် ညီတော်မောင်ပြုခဲ့ဖူးတဲ့ ကျေးဇူးတွေကို ဈာပနတရားဟောကြားခြင်းနှင့် ပေးဆပ်ခဲ့ပါတယ်။ ဈာပနဓမ္မသဘင်မို့ သံဝေဂတရား ဟောကြားခဲ့ပါတယ်း။ သံယုတ်ပါဠိတော် ဒုတိယ အနာထ ပိဏ္ဍိကသုတ္တန် ဟောကြားခဲ့တာပါ။ တရားတော်ရဲ့အမည်ကတော့ “သိက္ခာနဲ့လိပ်ပြာတရားတော်”ပါ။

ဗုဒ္ဓဂုဏ်ကို အာရုံစွဲလို့၊ အမြဲယုံကြည်ဆည်းကပ်လျှင်၊ သေမင်းကိုပင် ရင်ဆိုင်ရဲလို့၊ လားရာဂတိကောင်းမည်ပင်။ ခုရောနောင်ပါ ချမ်းသာရဖို့်၊ ဗုဒ္ဓါနုဿတိပွားစို့အစဉ်။

ဓမ္မဂုဏ်ကို အာရုံစွဲလို့၊ အမြဲယုံကြည်ဆည်းကပ်လျှင်၊ သေမင်းကိုပင် ရင်ဆိုင်ရဲလို့၊ လားရာဂတိကောင်းမည်ပင်။ ခုရောနောင်ပါ ချမ်းသာရဖို့်၊ ဓမ္မာနုဿတိပွားစို့အစဉ်။

သံဃာ့ဂုဏ်ကို အာရုံစွဲလို့၊ အမြဲယုံကြည်ဆည်းကပ်လျှင်၊ သေမင်းကိုပင် ရင်ဆိုင်ရဲလို့၊ လားရာဂတိကောင်းမည်ပင်။ ခုရောနောင်ပါ ချမ်းသာရဖို့်၊ သံဃာနုဿတိပွားစို့အစဉ်။

ငါးပါးသီလ မြတ်ဓမ္မကို အမြဲယုံကြည်စောင့်ထိန်းလျှင်၊ သေမင်းကိုပင် ရင်ဆိုင်ရဲလို့၊ လားရာဂတိကောင်းမည်ပင်။ ခုရောနောင်ပါ လိပ်ပြာလုံဖို့ သိက္ခာခြုံစို့ ထာဝစဉ်။