သတင်း

တာဝန်ရှိသူက တာဝန်မသိတော့

တာဝန်ရှိသူက တာဝန်မသိတော့
တာဝန်သိသူတွေက တိုက်တွန်းရတဲ့အဆင့်ထိ
ရောက်သွားပြီ။

ဝီရသူ ( မစိုးရိမ်)
8.7.2017
am 10:30
==================================

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုအတွက်
တာဝန်ယူဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များ၏
တရားဝင်ဆောင်ရွက်မှုအပေါ် ဥပဒေအရ အာမခံချက်ပေးနိုင်ပါရန်
နိုင်ငံရေးပါတီ (၁၄)ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

၂၀၁၇ ခုနှစ်၊ဇူလိုင်လ ( ၆ )ရက်
၁၃၇၉ ခုနှစ်၊ ၀ါဆိုလဆန်း (၁၃)ရက်
===============================================

၁။ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံသားမဟုတ်သော အကြမ်းဖက်သမားများ၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာသဖြင့် ထိုအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန် ပြည်သူ့လွှတ် တော်တွင် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ် ၂၄၄ ဦး၏ ကန့်ကွက်ဆန္ဒမဲဖြင့် ပယ် ချ ခံခဲ့ရပါသည်။၎င်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုမရှိကြောင်း တရားဝင်မှတ်ချက်ပြု ပြောဆိုခဲ့ပါသည်။

၂။ ရခိုင်ပြည်နယ်အတွင်းစုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission)ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့စေလွှတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ် ခဲ့ပါသည်။အဆိုပါ ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုအစိုးရ၏သဘောထား မည်သို့ရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်းအား ၂၀၁၇ခုနှစ် ဇွန်လ (၂၉)ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၏ဖြေကြားချက်မှာ ပြည့်စုံလုံလောက်မှုမရှိသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီအချို့က သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။

၃။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေ အနေထုတ်ပြန်ချက်တွင် “ အကြမ်းဖက်အဖွဲ့အစည်းများ၊အ ကြမ်းဖက်မှုများ၊အစွန်းရောက် အကြမ်းဖက်မှုများ” ဟု သုံးစွဲ ဖော်ပြခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုများအဖြစ် တရားဝင်ပြောကြားခဲ့ခြင်းအပေါ် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် အသိအမှတ် ပြုပါသည်။

၎။ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ပြီး တည်ငြိမ်မှုပျက်ပြားစေရန် ဆောင်ရွက်လာသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်းပြည်ပမှ လူပဂ္ဂိုလ်/ အဖွဲ့အစည်းအချို့အား နိုင်ငံတော်ကထုတ်ပြန်ထားသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားရန် တိုက်တွန်းပါသည်။

၅။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက်ရှာဖွေဖော်ထုတ် ရေးအဖွဲ့(Fact Finding Mission)ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန်ဆုံးဖြတ်ခြင်းသည် တပ်မတော်/မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့အစည်းများကို ပြည်သူလူထုနှင့်နိုင်ငံတကာအဖွဲ့ အစည်းများမှ အထင်အမြင်လွဲမှားစေရန် ဖန်တီးဆောင်ရွက်လာခြင်းဖြစ်နိုင်ပြီး အစိုးရအနေဖြင့် ပြည့်စုံစွာအာမခံမှုမရှိသဖြင့် ၄င်းအဖွဲ့အား လုံးဝအသိအမှတ်မပြုရန်တိုက် တွန်းပါသည်။

၆။ ရခိုင်ပြည်နယ်အတွင်း လိုအပ်သောဒေသများတွင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်ချက်အပေါ် အစိုးရအဖွဲ့၏တာဝန်ယူမှုကို အာမခံနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)
ပုဒ်မ ၄၁၃(ခ)ပါအတိုင်း နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် တိုက်တွန်းပါသည်။

၇။ ဥပဒေအရအပ်နှင်းထားသောလုပ် ပိုင်ခွင့်ကို မကျင့်သုံးခြင်းသည်လည်းကောင်း၊ ဥပဒေက အပ်နှင်းမထားသောကိစ္စများကို ဆောင်ရွက်နေခြင်းများသည်လည်းကောင်း ဥပဒေကိုဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားရန် အလေးအနက် တိုက်တွန်းပါသည်။