သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၉)

မေလ ၄ ရက်နေ့ ညနေပိုင်းမှာ သုခမြိုင်(ပြားသား)ကျေးရွာသို့ ရောက်ရှိကြပါတယ်။ သုခမြိုင်ရွာဆိုတာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းမှာတည်ရှိတဲ့ တိုင်းရင်းသားရွာလေးပါ။ ၂၀၀၀ ခုနှစ်မှာတည်ထောင်ခဲ့ပြီး အခု အိမ်ခြေ ၇၀ ကျော်ရှိပါတယ်။

မူလရွာတည်စဉ်က စိုက်ပျိုးဖို့ လယ်မြေတွေ အစိုးရက ချထားပေးပေမယ့် အများစုက နွားစားကျက်မြေတွေပါ။ စိုက်ပျိုးလယ်မြေရသူတွေကလည်း ဘင်္ဂလီတွေကို ရောင်းစားပြီး ပြန်ပြေးကြလို့ လက်ရှိနေထိုင်ကြတဲ့ ပြည်သူ တွေ လယ်မဲ့ယာမဲ့ဘဝရောက်နေပါတယ်။

၂၀၀၂ ခုနှစ်မှာ AA(ရခိုင်တပ်မတော်)မှ ငြိမ်းချမ်းရေးယူလာသူများနှင့် ရွာကိုတစ်ဖန် ပြန်လည်ထူထောင်ခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်မှ ပြန်ရောက်လာတဲ့ ပြည်တော်ပြန်ဆွေမျိုး အိမ်ထောင်စု ၂၀နဲ့ ပေါင်းလိုက်မှ အိမ်ခြေ ၇၀ ကျော်ရှိတာပါ။
ရွာပတ်ပတ်လည်မှာ ဘင်္ဂလီရွာကြီးတွေရှိတာမို့ ဘင်္ဂလီရွာတွေကြား ညပ်နေတဲ့ ရခိုင်ရွာလေးဖြစ်ပါတယ်။ ရွာဘေးမှာ ချောင်းရှိတာကြောင့် ချောင်းမှာ ဖားရှာ ငါးရှာ အလုပ်လုပ်ကြပါတယ်။ 

ယနေ့အထိ အသက်အန္တရာယ်မရှိသေးပေမယ့် မြှုံးတွေကို ဖျက်ဆီးပစ်တာ၊ ဖားတွေ ငါးတွေ ခိုးယူသွားကြတာတွေကိုတော့ မကြာခဏခံရတတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စာရေးသူရောက်တုန်းက ဒီရွာမှာ ရေအခက်အခဲရှိတယ်ဆိုလို့ ရေပိုက်တွေနဲ့ အုတ်ရေကန်လုပ်ဖို့ လှူခဲ့ပါသေးတယ်။ ဒါလည်း အဆင်မပြေသေးပါဘူး။မိုးရေလှောင်ကန်ကြီးကို ရေနေအောင် ကန်ပေါင်တပ်ပေးမှ ရမှာလို့ တင်ပြလာကြပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဦးစိုးထွန်းရှိန်၏ တပည့် ဦးခင်မောင်အုန်းကိုယ်တိုင် သေချာလေ့လာပြီး ခန့်မှန်းတွက်ချနေပါတယ်။

ရွာသူ ရွာသားတွေအားလုံးအတွက် ဆန်တစ်ပိုင်းစီနှင့် ငခြောက်တစ်ပိဿာခွဲစီ လှူဒါန်းပြီး ကလေးတွေကို မုန့်ဝေပေးပါတယ်။
ရိက္ခာက အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အလှူဒါနဖြစ်ပြီး မုန့်နှင့်အအေးကတော့ တာမွေမြို့နယ်မှ မိုင်ကိတ်မိသားစုရဲ့ အလှူဒါနပါ။ ရန်ကုန်တိုင်း မဘသ ဦးကလျာဏက သရဏဂုံကျေးဇူးတရား ဟောကြားပါတယ်။